• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွတ်ဆလင် ရွာပျက်တွင် တည်ဆောက်ထားသောကြောင့် ရခိုင် နေအိမ်များကို ရဲတပ်ဖွဲ့ ဖျက်သိမ်း

by မိုးမြင့်
13 July 2018
in သတင်း
A A
အင်းဒင်ရွာအနီး အခြေချနေထိုင်သူ အသစ်များကို တွေ့ရစဉ် / CRR Facebook

အင်းဒင်ရွာအနီး အခြေချနေထိုင်သူ အသစ်များကို တွေ့ရစဉ် / CRR Facebook

7.8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောတောင်ပိုင်းမှ မီးလောင်သွားသော ရိုဟင်ဂျာခေါ် ဘင်္ဂလီ ကျေးရွာပေါ်တွင် တည်ဆောက်ထားသည့် ရခိုင်ကျေးရွာတခုကို ရဲတပ်ဖွဲ့ ဇူလိုင်လ ၉ ရက်နေ့ ညနေတွင် အပြီးပိုင် ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားလွတ်တော် ကိုယ်စားလှယ်တဦးက အတည်ပြုပြောကြားသည်။

ရခိုင်အမျိုးသားပါတီ – ANP မှ ဦးကျော်ကျော်ဝင်းက ရဲကား ၁၀ စီး ခန့်သည် သင်္ဘောကွေ့ ကျေးရွာနှင့် ကပ်လျက် တည်ဆောက်ထားသော အိမ်ခြေ ၄၈ အိမ်ခန့်ရှိ ထိုရွာသစ်သို့ နေ့လည်ဖက်တွင် စတင်ရောက်ရှိလာပြီး ညနေခင်းအစောပိုင်းတွင် အဆောက်အအုံများကို စတင် ဖျက်သိမ်းကြောင်းပြောသည်။ ရွာသားအချို့သည် အနီးရှိ အင်းဒင်ကျေးရွာသို့ ၎င်းတို့ဘာသာ ပြောင်းရွှေ့သွားပြီး အချို့က အနီးရှိ ကျောက်ပန်းဒူ ကျေးရွာသို့ ပြောင်းရွှေ့သွားသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
19
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
51
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
275

ထိုရခိုင်ကျေးရွာကို ဦးဆောင်တည်ဆောက်သူ ခေါင်းဆောင် ၂ ဦး ထိန်းသိမ်းခဲ့ပြီး ဒေသတရားရုံးတရုံးက အများပြည်သူ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅(ခ) ဖြင့်ဖမ်းဆီးရန် သမ္မာန်စာထုတ်ပေးပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ထိုပုဒ်မသည် ထောင်ဒဏ် နှစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

လွန်ခဲ့သောအပတ် သောကြာနေ့နေ့စွဲဖြင့် လက်မှတ်ရေးထိုး တံဆိပ်တုံးနှိပ်ထားသည့် တရားရုံးသမ္မာန်စာ ဓါတ်ပုံတခုလည်း ဖေ့ဘွတ်စာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့သည်။ စွပ်စွဲခံရသူများဖြစ်သည့် ဦးထွန်းမြင့်ဦးနှင့် သူ၏ဇနီး ဒေါ်ဥမ္မာကျော်နှင့် ၎င်း၏ မိတ်ဆွေ ဦးအောင်နိုင်တို့ကို တရားရုံးသို့ တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မပျက်မကွက် လာရောက်ရန် သမ္မာန်စာတွင် ဖေါ်ပြထားသည်။

ထိုသမ္မာန်စာတွင် တရားလို သို့မဟုတ် ဆင့်ခေါ်ရသော အကြောင်းရင်းတို့ကို ဖေါ်ပြထားခြင်း မရှိပေ။ မောင်တောဒေသခံအချို့၏ အဆိုအရ ဦးထွန်းမြင့်ဦးသည် မဘသ အဖွဲ့ဝင်တဦးဖြစ်ပြီး စစ်သားဟောင်းတဦးဖြစ်ကြောင်းလည်း ဆိုကြပြီး လွန်ခဲ့သောနှစ်က သဘောထားတင်းမာသော ဘုန်းကြီးအဖြစ် ကျော်ကြားသည့် ဦးဝီရသူ မောင်တောသို့ လာရောက်လည်ပတ်သောအခါ တက်ကြွစွာ ကူညီခဲ့သူဖြစ်သည်ဟုလည်း ဆိုကြသည်။

သမ္မာန်စာပါ စွပ်စွဲချက်များသည် အငြင်းပွားစရာ အခြေချနေထိုင်သူ လူသစ်များ၏ ကျေးရွာနှင့် ပတ်သက်ပြီး ဒေသအာဏာပိုင်များက စွဲဆိုခြင်းဖြစ်ကြောင်း လွှတ်တေ်အမတ် ဦးကျော်ကျော်ဝင်းက ဧရာဝတီ သတင်းဌာနသို့ ဖုန်းဖြင့် အတည်ပြုပြောကြားသည်။

Reuters သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်အစိုးရလှို့ဝှက်ချက် ဥပဒေ ချိုးဖေါက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ရက်ပိုင်းအကြာ လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ဧရာဝတီသတင်းထောက်သည် ၎င်းတို့စုံစမ်းနေသော သတင်းနှင့်ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မောင်တောသို့ သွား ရောက်ခဲ့သည်။ ထို သတင်းထောက် နှစ်ဦး စုံစမ်းနေသော သတင်းမှာ သင်္ဘောကွေ့ကျေးရွာနှင့် ၅ မိနစ်သာမောင်းရသော အကွာအဝေးတွင် တည်ရှိသည့် အင်းဒင်ကျေးရွာ အနီးတွင် လုံခြုံရေးတပ်များနှင့် ရခိုင်ရွာသားများက မွတ်ဆလင် ၁၀ ဦးကို အစုလိုက်သတ်ဖြတ်ခဲ့သည့်နေရာပင် ဖြစ်သည်။

ထိုအစုလိုက်သတ်ဖြတ်မှုမှာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းက မောင်တောခရိုင်တွင် ARSA အဖွဲ့ကို ပစ်မှတ်ထားပြီး တပ်မတော်က အကြမ်းဖက်မှုစစ်ဆင်ရေးများ ဆောင်ရွက်နေသည့်အချိန်တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၇၀၀,၀၀၀ ခန့်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရပြီး ကမ္ဘာ့အကြီးုဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်လာခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ်အစောပိုင်းက ထိုနေရာသို့ သွားရောက်လေ့လာပြီးနောက် မောင်တောမှ ထိုသို့အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်းနှင့် အပျက်အစီးများသည် လူမျိုးစုသုတ်သင်မှုဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက စွပ်စွဲသည်။

စစ်ဆင်ရေးများကို မှားယွင်းစွာ ကိုင်တွယ်သောကြောင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် အဆင့်မြင့် ဗိုလ်ချုပ်နှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း မြန်မာ့တပ်မတော်က နိုင်ငံတကာပြစ်တင်ဝေဖန်မှုကို တုံ့ပြန်သည့်အနေဖြင့် ကြေညာခဲ့သည်။ သို့သော် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့် လွတ်လပ်သော လေ့လာစောင့်ကြည့်ရေး အဖွဲ့များက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး – ICC သို့လွှဲပြောင်းပေးရန် ဆက်လက်တောင်းဆိုနေသည်။

ထိုအခြေချနေထိုင်သူသစ်များ၏ ကျေးရွာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အိမ်ခြေတရာခန့်၊ ယာယီ ဘုန်းကြီးကျောင်းတကျောင်းတို့ဖြင့် သင်္ဘောကွေ့ကျေးရွာအဝင် အနီးတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုကျေးရွာသစ်သည် မီးလောင်ကျွမ်းထားသော မွတ်ဆလင်ရပ်ကွက် အနီးတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာ ဘာသာရေးအလံလွှင့်ထူထားသည့် အဆောက်အအုံတလုံးနှင် ညောင်ပင်တပင်ကို ပေ ၃၀၀ ခန့်ဝေးသော အငူမော်-မောင်တော လမ်းမကြိးပေါ်မှ အထင်အရှားမြင်တွေ့နိုင်သည်။

ထိုရွာသစ်ကို တည်ဆောက်ပြီး ရက်သတ္တပတ် အကြာတွင် အသစ်ဝင်ရောက်အခြေချသော ရွာသားများကို ရခိုင်ကျေးရွာဖြစ်သည့် အင်းဒင်ရွာသို့ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။ မိသားစု ၅၀ ခန့် ယင်းရွာသို့ပြောင်းရွှေ့သွားခဲ့ကြသည်။ ထိုသူအများစုမှာ ရခိုင်ပြည်နယ် အနှံ့အပြားမှ လာရောက်သူများဖြစ်သည်။ မကြာသေးမီကမူ တပတ်အတွင်းပြောင်းရွှေ့ခြင်းမပြုပါက ဖမ်းဆီးမည်ဟု အာဏာပိုင်များက အမိန့်ထုတ်ထားသည်ဟု ရွာသစ်တွင် ဆက်လက်နေထိုင်သူများက ပြည်တွင်း မီဒီယာများသို့ ပြောဆိုထားသည်။

ထိုအငြင်းပွားရွာသစ် တည်ဆောက်ခြင်းနှင့် စပ်လျဉ်းပြီး အာဏာပိုင်များသည် ဇူလိုင်လ ၃ ရက်နေ့က မောင်တောရှိ ဒေသအစိုးရ ရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများတို့နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ဆွေးနွေးမှုများအတွင်း အာဏာပိုင်များက ထိုမြေကို ဘင်္ဂလီ အသိုင်းအဝန်းက ပိုင်ဆိုင်ကြောင်း ပြောခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောသည်။

“အခြေချရွာသစ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တန်းတာတွေရှိတယ်လို့ အာဏာပိုင်တွေက ကျနော်တို့ကို အစည်းအဝေးမှာ ပြောခဲ့တယ်။ ဒါကြောင့်မို့လို့သူတို့က လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ဒီရွာသစ်ကို ဖျက်သိမ်းပေးဖို့ ပြည်နယ်အစိုးရကို ညွှန်ကြားခဲ့တယ်လို့ အာဏာပိုင်တွေကပြောတယ်” ဟု ဦးကျော်ကျော်ဝင်းက ဆိုသည်။

ထိုသို့ ဝင်ရောက်အခြေချသူများ၏ လှုပ်ရှားမှုများ ရပ်တန့်ရန် အာဏာပိုင်များက ထိုလှုပ်ရှားမှုခေါင်းဆောင်များအား အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်သည်။ အင်းဒင်ကျေးရွာအနီးမှ နေအိမ်သစ်များမှ မိသားစုများ ထွက်ခွာသွားရန်လည်း အာဏာပိုင်များက ညွှန်ကြားခဲ့သည်ဟု ရခိုင်ပြည်နယ် အခြေစိုက်စာစောင်ဖြစ်သော ဖွံ့ဖြိုးတိုးတက်ရေးမီဒီယာအုပ်စု – Development Media Group (DMG) က သတင်းဖေါ်ပြသည်။

ထိုစာစောင်၏ အင်တာနက်စာမျက်နှာတွင် တင်ထားသော ဗီဒီယိုတွင်မူ ဒေါ်ဥမ္မာကျော်နှင့် ဦးအောင်နိုင်တို့က အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ – Ancillary Committee for Reconstruction of Rakhine National Territory in the Western Frontier (ACRRNT), or CRR ၏ အတွေးအခေါ်များ အတိုင်း အဆိုပါမြေသည် ရခိုင်လူမျိုးများ ပိုင်ဆိုင်သည့် မြေများဖြစ်ပြီး ဗြိတိသျှတို့ ဖန်တီးခဲ့သော ပြောက်ကျားတပ်ဖွဲ့ဖြစ် သည့် V Force က ၁၉၄၃ ခုနှစ်ကာလတွင် သိမ်းဆည်းယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လူဦးရေ အချိုအစား ချိန်ခွင်လျှာ ညီမျှမှုသည် CRR ၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်ဖြစ်ပြီး အထူးသဖြင့် မောင်တောတောင်ပိုင်း ရခိုင်ကျေးရွာများတွင် အခြေချနေထိုင်ရေးဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ သို့သော် သင်္ဘေကွေ့ကျေးရွာသည် ထိုစာရင်းတွင် ပါဝင်ခြင်းမရှိပေ။ CRR အဖွဲ့ဝင်များကို သတင်းရေးသားချိန်အထိ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ အရာရှိ ဦးရဲထွဋ်ကိုလည်း ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

(အင်္ဂလိပ်ဘာသာဖြင့် Police Dismantle Settlement Built on Razed Rohingya Village တွင် ဖတ်ပါ)

Your Thoughts …
Tags: မောင်တောတောင်ပိုင်းမွတ်ဆလင် ရွာပျက်သင်္ဘောကွေ့ ကျေးရွာ
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သုညစိတ္တဇ ဇာတ်ကား / Psycho Zero's Facebook

မသိစိတ်အတွင်းက စိတ်ဒဏ်ရာတွေကို လှစ်ဟပြထားတဲ့ သုညစိတ္တဇ (Psycho Zero)

ဗဟိုဘဏ်ဥက္ကဌရာထူး ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူ ဖြစ်စေချင် (ရုပ်/သံ)

ဗဟိုဘဏ်ဥက္ကဌရာထူး ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူ ဖြစ်စေချင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate