• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေထဲတိုက်အိမ်ဆောက်မယ့်ကိစ္စမပြောဟု ကြံ့ဖွံ့ပါတီ ပြော

by မြတ်ပြည့်ဖြိုး
14 July 2018
in သတင်း
A A
အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်း ယနေ့ပြုလုပ်ခဲ့သော ရပ်ကွက်၊ကျေးရွာအဆင့် ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲအခမ်းအနား  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးရုံးဝင်းအတွင်း ယနေ့ပြုလုပ်ခဲ့သော ရပ်ကွက်၊ကျေးရွာအဆင့် ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲအခမ်းအနား / မြတ်ပြည့်ဖြိုး / ဧရာဝတီ

15.8k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံဦးဆောင်မှုအခန်းကဏ္ဍကို နောက်တကြိမ် ပြန်လည် ရရှိပါက မိုးပေါ်ကကျလာမည့် အကူအညီများကို မျှော်မနေဘဲ အမျိုးသားအကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဍမောင်လွင်က ဆိုသည်။

“မိုးပေါ်က ကျလာတဲ့အကူအညီတွေကို စောင့်မျှော်ရင်း နက်ဖန်သဘက်ခါပဲ ဟိုနိုင်ငံကို ကျော်မယ်၊ ဒီနိုင်ငံ ကို ကျော်ရမယ်ဆိုပြီး လေထဲ တိုက်အိမ်ဆောက်မဲ့ကိစ္စတွေ ကျနော်တို့မပြောဘူး။ ” ဟု အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယနေ့ပြုလုပ်သည့် ရပ်ကွက်၊ ကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲတွင် ဦးဝဏ္ဍမောင်လွင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
110
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
186
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
2.5k

အကယ်၍ ပြည်ခိုင်ဖြိုးပါတီသာ နိုင်ငံဦးဆောင်မှု အခန်းကဏ္ဍကို ပြန်လည်ရရှိလာတဲ့အချိန်ကျ အမျိုးသား အကျိုး စီးပွား တိုးတက်ရေး၊ ပြည်သူများ၏ နေ့စဉ်လူမှုဘဝတိုးတက်ရေးနှင့် နိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ရေး မူဝါဒ တို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဟု ဆိုသည်။

လာမည့်နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက မန္တလေးတိုင်းရှိ မဲဆန္ဒနယ် ၃ ခုအပါအဝင် လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၀ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ကထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုကို လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရင်းနဲ့ စောင့်ကြည့်အကဲခတ်သွားမှာဖြစ်ပါတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အ မှတ် ၂ မဲဆန္ဒနယ်အတွက် ဦးဆီဟူးဒွေ့၊ ချင်းပြည်နယ် ကန်ပက်လက် ပြည်သူ့လွှတ်တော် နေရာအတွက် ဦးမနားနိုင်း၊ စစ်ကိုင်းတိုင်း တမူးမြို့နယ် တိုင်းလွှတ်တော် ၂ အတွက် ဦးရိုထန်းပွီးယား၊ ပဲခူးတိုင်း(အရှေ့) တိုင်းလွှတ်တော် အုတ်တွင်း ၁ အတွက် ဦးဝင်းမြင့်၊ မကွေးတိုင်းလွှတ်တော် မင်းဘူး ၂ နေရာအတွက် ဦးစိန်ရွှေမင်း၊ မန္တလေးတိုင်း မြင်းခြံပြည်သူ့လွှတ်တော် အတွက် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်း သပိတ်ကျင်း(၁) တိုင်းလွှတ်တော် အတွက် ဦးမြင့်စိုး၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်အတွက် ဦးစိုင်းအောင်ကြည်၊ ရန်ကုန်တိုင်း တာမွေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဦးမျိုးဝင်းကျော်၊ ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကမ်း(၂) နေရာအတွက် ဦးနေမျိုးအောင်တို့ ဖြစ်သည်။

ထို့အတွက် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် မဲဆွယ်စည်းရုံးမှုများလည်း စတင်ဆောင်ရွက်နေရာ လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီလှုပ်ရှားမှု ပိုမိုကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့်ရွေးကောက်ပွဲက ထားရှိခဲ့သော ရပ်ကွက်ကျေးရွာအဆင့် ပါတီစည်းရုံးရေးမှူး များအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လမှ စ၍ ပါတီအတွင်း ခေါင်းဆောင်မှုအပါအဝင် လိုအပ်သည့်ပြန်လည် တည်ဆောက်မှုများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပါတီဥက္ကဋ္ဌများသည် ပါတီ၏ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံကျသည့် အုတ်မြစ်များဖြစ်သည့်အတွက် ယခုလို တာဝန်ပေးအပ်ခြင်း ဖြစ်သည်ဟု ဦးဝဏ္ဍမောင်လွင်က ဆိုသည်။

ယနေ့အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ အပါအဝင် လူပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၅၀၀ ကျော်ခန့် လက်ခံရရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဧရာဝတီကို ပြောသည်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အား အရေအတွက်မှာ စာရင်းတည်ငြိမ်မှုမရှိသေးသည့်အတွက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးလက်ထက်တွင် ပါတီဝင်အသစ်များ သောင်း ဂဏန်းအထိ တိုးလာသည်ဟု ၎င်းက ဆိုသည်။

Your Thoughts …
Tags: လေထဲတိုက်အိမ်ဆောက်မယ့်ကိစ္စမပြောဟု ကြံ့ဖွံ့ပါတီ ပြောကြား
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အာဇာနည် ကျောက်တိုင် ပန်းခြံရှိ စက်သုံးဆီဆိုင်  / ဉာဏ်စိုးဝင်း / ဧရာဝတီ

ကျိုက်မရော အာဇာနည် ပန်းခြံရှိ စက်သုံးဆီဆိုင်၂၀၁၉ ၌ ပြောင်းရွှေ့ပေးမည်ဟု ဆို

ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ကျူးကျော်ပြီး စည်းကမ်းမဲ့ နေထိုင်သူများကြောင့် ဆရာဝန်၊ ဆရာမနှင့် သူနာပြုများ အပါအဝင် လူနာများပါ စိတ်အနှောင့်အယှက်ဖြစ်နေကြသည် / ထက်ဝေ

ဆေးရုံကြီးလော၊ ဈေးရုံကြီးလော

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.8k
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

2 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate