• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်နက်ကိုင် ပဋိပက္ခအား အချိန်မဆိုင်းဘဲ ဖယ်ရှားရန် တပ်မတော် ပြော

by ချစ်မင်းထွန်း
16 July 2018
in သတင်း
A A
တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး သဘာပတိ အဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း  / ထက်ဝေ / ဧရာဝတီ

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေး သဘာပတိ အဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း / ထက်ဝေ / ဧရာဝတီ

32k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ၏ တိုးတက်မှု လမ်းကြောင်း၌ အဟန့်အတား ဖြစ်စေမည့် လက်နက်ကိုင် ပဋိပက္ခများအား အချိန်မဆိုင်းဘဲ ဖယ်ရှားရန် ၂၁ ရာစု ပင်လုံ အစည်းအဝေး သဘာပတိ အဖွဲ့ဝင် တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်ချုပ် ကြီး တင်မောင်ဝင်းက ပြောသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်း အဝေး ပိတ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
70
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
103
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
350

တပ်မတော် အနေနှင့် ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်၏ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်း များတွင် ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စု မပြိုကွဲရေး အတွက်သာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဆိုပါ မိန့်ခွန်း၌ ၎င်းက ပြောဆိုသည်။

ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက “တိုင်းပြည်ရဲ့ အင်အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့် လူမျိုး တကယ်ချစ်ရင် နိုင်ငံရဲ့တိုးတက်မှု လမ်းကြောင်းမှာ အဟန့်အတား ဖြစ်စေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို အချိန်မဆိုင်းဘဲ ဖယ်ရှားပစ်ဖို့ စိတ်ရင်း စေတနာမှန်နဲ့ ဆက်လက် ဆောင်ရွက် သွားကြဖို့ တိုက် တွန်းလိုပါတယ်” ဟု ပြော သည်။

ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များကိုလည်း အမြန်ဆုံး ပါဝင် လက်မှတ်ရေး ထိုးနိုင်ရေး တိုက်တွန်းလိုပါ သည် ဟု ၎င်းက ဆို သည်။

ဒု ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက “ဆက်လက် ကျင်းပ ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများမှာ လည်း ဒီမို ကရေစီနှင့် ဖက်ဒရယ် စနစ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် NCA မထိုးရသေးသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရက္ခိုင့် တပ်မတော်(AA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) တို့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့ပြင် ရှမ်းပြည်နယ် တောင်ပိုင်း၌လည်း NCA ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တိုက်ပွဲရှောင် ဒုက္ခသည်များ ပေါ်ပေါက် လာရကြောင်း သိရသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များက ပြည်တွင်းစစ် ရပ်တန့်ရန် အတွက် တပ်မတော်ဘက်မှ ထိုးစစ် ဆင်မှုများ လျှော့ချရန် အပါအဝင် တပ်အင်အား တိုးချဲ့မှုများကို ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း တောင်းဆို လျက် ရှိသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဦးလှစောက “ ငြိမ်းချမ်းရေး ရမယ်ဆိုတာကတော့ ကျနော် ထင်တာက တော့ ဒီအဖွဲ့ထဲမှာ အားလုံး NCA လက်မှတ်ထိုးဖို့ မျှော်လင့်မယ်။ ထိုးလာကြမယ်။ အဲဒီ ထိုးလာ ကြ မယ် ပင်လုံ ညီလာခံ လုပ်မယ်။ JMC လုပ်မယ်။ သေနတ်သံတွေ ဘာတွေ မကြားရဘူးဆို ဒါ ငြိမ်းချမ်းရေး ရပြီ နော်” ဟု ပြောသည်။

လက်ရှိ၌ NCA ကို ကရင် အမျိုးသား အစည်း အရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒီမို ကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP) တို့ လက်မှတ် ထိုးထားသည်။

သို့သော် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ပလောင် (တအန်း) အမျိုး သား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့် တပ်မတော်(AA)၊ မြန်မာ ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ NCA မထိုးနိုင်သေးကြောင်း သိရသည်။

ထိုအဖွဲ့များတွင် UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့သည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်း ရေး ကော်မတီ(FPNCC) အဖွဲ့ဝင်များ ဖြစ်ပြီး NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့စလုံး သာ ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။

အစိုးရနှင့် တပ်မတော်ဘက်က FPNCC ကို အသိအမှတ် မပြုကြောင်း၊ NCA လမ်းကြောင်းအတိုင်းသာ တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း သဘောထား ချမှတ်ထားသည်။

တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို နေပြည်တော်၌ ဇူလိုင် လ ၁၁ ရက်မှ စတင်ကာ ၁၆ ရက်အထိ ကျင်းပကာ ယင်းညီလာခံမှာ အချက် ၁၄ ချက်ပါ ပြည်ထောင်စု သဘော တူညီမှု စာချုပ် အစိတ်အပိုင်း ၂ ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: လက်နက်ကိုင် ပဋိပက္ခ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်

by မောင်ကဝိ
17 October 2024
4.4k

သပိတ်မှောက်နေတဲ့ အစိုးရဝန်ထမ်းမိသားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း မေးခွန်းတွေကို ဖြေရမှာ စိုးရိမ်ပူပန်နေကြတယ်။

၂၀၁၂ ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်သည် ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ လာရောက်ခဲ့စဉ် / Reuters

ရခိုင်စစ်ပွဲမှာ တပ်မတော်ဘက် ဒေါ်အောင်ဆန်းစုကြည်ယိမ်းဟု တိုင်းရင်းသားအချို့ ဝေဖန်

by နန်းလွင်နှင်းပွင့်
14 May 2020
38.8k

ရခိုင်ပြည်နယ် ပဋိပက္ခတွင် အရပ်သားများဘက်မှ ရပ်တည်မှု မရှိဘဲ တပ်မတော်ဘက်သို့ ဘက်လိုက်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို အချို့က စွပ်စွဲလာနေသည်။

၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသောကြောင့် ပြာကျသွားသော စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက ဘင်ရွာ  / AFP

စစ်ကောင်စီရဲ့ နယ်ရုပ် ရဲနဲ့ ပျူစောထီးတွေ

by ဇုန်းရိန်
6 April 2022
12.6k

အရေးကြီး မေးခွန်းတခုမှာ စစ်ကောင်စီသည် မည်သူများကို ထိုးကြွေးလာနိုင်သလဲ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲတော် ကျင်းပနေသူများ / AFP

ကမ္ဘာ့အညွှန်းကိန်းများတွင် မြန်မာပြည် စိုးရိမ်ဖွယ် အဆင့်ချိတ်

by ဧရာဝတီ
20 May 2023
6.7k

မြန်မာသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးနိုင်ငံဖြစ်သည်ကို အငြင်းပွားစရာမရှိဘဲ “အန္တရာယ်များ”သည့်အဆင့်တွင် ရောက်နေသည့် တခုတည်းသော ဒေသတွင်းနိုင်ငံဖြစ်သည်။

ကရင်ပြည်နယ်အတွင်းနေ ကလေးငယ်များ ဘဝက မကြာခဏ ဗုံးခိုကျင်းထဲ ပုန်းခိုနေကြရသည် / FWBF

ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ

by ဧရာဝတီ
4 October 2021
10k

ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ကလေးငယ်ပေါင်း ၇၆၀၀၀ ကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း Save the Children အဖွဲ့က ထုတ်ပြန်သည်။

ကိုလမ်ဘီယာ သူပုန်တပ်ဖွဲ့ဝင် လက်နက်ကိုင် အမျိုးသမီးငယ်များနှင့် ကလေးငယ် / Reuters

လက်နက်ကိုင် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း

by ခင်မမမျိုး (MIGS)
14 March 2018
6.5k

လက်နက်ကိုင်ပဋိပက္ခကြောင့် အမျိုးသမီးတွေရဲ့ ဘဝပေါင်းများစွာ ခက်ခဲ နစ်နာမှုတွေကို သတိမထားမိကြပါဘူး။

Next Post
ဘရာစီယာ တင်းကျပ်စွာ ဝတ်ဆင်ခြင်းဟာ အရွယ်မတိုင်မီ အမျိုးသမီးများ ရင်သားကို လျော့တွဲစေပါတယ်

ဘရာစီယာ မဝတ်ဆင်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်ရှိလဲ

မင်းသား Irrfan Khan ပါဝင် သရုပ်ဆောင်ထားတဲ့ "Blackmail" ရုပ်ရှင်

မိုးအေးအေးနဲ့ ရင်တထိတ်ထိတ် ကြည့်ရမယ့် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင် "Blackmail”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.7k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate