• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘားအံနှင့် မဒေါက်တွင် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်နိုင်

by သဇင်လှိုင်
17 July 2018
in သတင်း
A A
ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် / Thet Lwin facebook

ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် / Thet Lwin facebook

8.2k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် ဘားအံမြို့နှင့် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တို့တွင် မြစ်ရေ တိုးမှုများကြောင့် လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) မှ သိရသည်။

သံလွင်မြစ်ရေ တိုးမှုကြောင့် ဘာအံမြို့နယ် နှင့် စစ်တောင်းမြစ်ရေကြောင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေအမှတ်ထက် ကျော်လာမည် ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
513
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.7k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
370

“ဘားအံနဲ့ မဒေါက်ရယ် စိုးရိမ်ရေအမှတ် ကျော်ရင်ကျော်သွားမယ်။ ရေဝင်ရောက်မှုပေါ်မှာ မူတည်တာပေါ့နော် ကျနော်တို့ ဆီမှာ များသောအားဖြင့် စိုးရိမ်ရေအမှတ် ကျော်သွားရင် မြို့တွေ ရပ်ကွက်တွေထဲ ရေဝင်ရောက်လာတယ်။ တခြားနိုင်ငံ တွေ မှာ လိုတော့ ဗြုန်းစားကြီး ရေတအားကြီးတာမျိုးတော့ မဟုတ်ဘူး”ဟု မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ဧရာဝတီသို့ ပြောသည်။

ရေကြီးရေလျှံမှုကြောင့် မြို့တွင်းရေများ ဝင်ရောက်ပြီး လျှပ်စစ်ဘေး အန္တရာယ်၊ မြွှေ၊ ကင်း စသည့် ပိုးမွှား အန္တရာယ်၊ ဝမ်းပျက် ဝမ်းလျှော ရောဂါများကို သတိပြုရန် လိုအပ်ကြောင်းလည်း မိုး/ဇလ က သတိပေးထားသည်။

မြန်မာနိုင်ငံအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ပဲခူး၊ သံလွင်၊ ငဝန်၊ တိုးမြစ် စသည့် မြစ်ကြီးများတွင် မြစ်ရေများ အသီးသီးမြင့်တက်လျက် ရှိပြီး တချို့မြို့များတွင် စိုးရိမ်ရေမှတ်နား ကပ်နေကြောင်း မိုး/ဇလ က သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၂ ပေနီးပါးသာ လိုတော့ပြီး၊ ချင်းတွင်းမြစ်ရေ သည် ဖောင်းပြင်နှင့် မော်လိုက်မြို့တို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃ ပေနီးပါးခန့်သာ လိုတော့ကြောင်း သိရသည်။

နောက် ၂ ရက်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိမည့် ပဲခူးတိုင်း ဒေသကြီး၊ ညောင်လေးပင် မြို့နယ် မဒေါက်မြို့သည် နှစ်စဉ်နှစ်တိုင်း ရေကြီးနေကြ ဖြစ်သော်လည်း စိုးရိမ်ရသည့် အနေအထား မရှိ ကြောင်း ညောင်လေးပင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က ဧရာဝတီသို့ ပြောသည်။

ဦးညီညီထွေး က“ကျနော်တို့ဘက်က စစ်တောင်းရေကြီးတာတော့ ပုံမှန် နှစ်စဉ်နှစ်တိုင်းဖြစ်နေကြဆိုတော့ တော်ရုံစိုးရိမ်ရေ အမှတ် ကျော်တယ်ဆိုရင်တောင်မှ ကျနော်တို့ဘက်က စိုးရိမ်စရာ မရှိပါဘူး။ လမ်းတွေ ဘာတွေတော့ မြုပ်တာပေါ့ လူတွေ စိုးရိမ်ရတဲ့ အနေအထားတော့ မရှိဘူး။ စိုးရိမ်ရေအမှတ် တအားကျော်လွန်လာတယ် ဆိုရင်တော့ လူတွေ ပြောင်းရွှေ့ပြီး တော့ ကယ်ဆယ်ရေး စခန်းဖွင့်တာတွေတော့ ရှိပါတယ်။ အဲဒါကလည်း နှစ်တိုင်းတော့ မဖြစ်ပါဘူး”ဟု ဆိုသည်။

ဆက်လက်ပြီး ဦးညီညီထွေးက “သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့ဆိုပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးတော့ ဖွဲ့ထားတာတွေ ရှိပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ကလည်း ရေဘေးအန္တရာယ် ကာဆယ်ရေး အတွက်ကို စက်လှေ ၂စီး ဒီနှစ်မှာပဲ ကြိုပြီးတော့ ထောက်ပံ့ထားပါတယ်”ဟုလည်း ပြောပြသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီ တိုင်းတို့တွင် မိုးရွာသွန်းမှု ဆက်လက်ပိုနေမည် ဖြစ်ကြောင်း မိုး/ဇလ မှ သိရ သည်။

စိုးရိမ်ရေအမှတ် ရောက်နိုင်သည့် မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် လည်း မိုး/ဇလ က သတိပေးထားသည်။

Your Thoughts …
Tags: မြစ်ရေတိုး၍ စိုးရေမှတ်ကျော်နိုင်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ရခိုင်မြောက်ပိုင်းအရေး ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်ကို အကူအညီ တောင်းခဲ့သည်

ရခိုင်ပြဿနာ ဖြေရှင်းရေး ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အခရာကျ

ဖားကန့်

ဖားကန့်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate