• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နာမည်ပျက်ထံမှ အလှူငွေလက်ခံသော ဦးဖြိုးမင်းသိန်း ဝေဖန်ခံရ

by ဧရာဝတီ
17 July 2018
in သတင်း
A A
အွန်းကီးစွမ်းထံမှ ရန်ကုန်မြို့တော်အတွက် အလှူငွေ ကျပ်သန်း ၂၀ ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ခံခဲ့သည် / ရန်ကုန်တိုင်းအစိုးရရုံး

အွန်းကီးစွမ်းထံမှ ရန်ကုန်မြို့တော်အတွက် အလှူငွေ ကျပ်သန်း ၂၀ ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ခံခဲ့သည် / ရန်ကုန်တိုင်းအစိုးရရုံး

73k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံမှ လိမ်လည်သူဟု စွပ်စွဲခံရသူ အွန်းကီးစွမ်းထံမှ ရန်ကုန်မြို့တော်အတွက် အလှူငွေ ကျပ်သန်း ၂၀ ကို လက်ခံသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ လူမှုကွန်ရက်တွင် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

အွန်းကီးစွမ်း (ခ) ပီတာအွန်းအမည်နှစ်မျိုးဖြင့် လှုပ်ရှားနေသော ထိုသူသည် ကြေးစားလောင်းကစားသမားများကို ပံ့ပိုးနေသူဖြစ်ပြီး ထိုင်ဝမ်၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့တွင် အမည်ပျက်စာရင်းသွင်းထားသော အဆင့်ဆင့်ဈေးကွက်ရှာဖွေရေး MLM ကုမ္ပဏီတခု၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
1
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
323
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
185

အွန်း၏ မိသားစုသည် တိုင်းအစိုးရ၏ လူမှုရေးလုပ်ငန်းများကို ကူညီရန် အွန်း၏ မိသားစုက ငွေလှူဒါန်းကြောင်း ရန်ကုန်တိုင်း အစိုးရ၏ တရားဝင် ဖေ့ဘွတ် စာမျက်နှာတွင် စနေနေ့က ဖော်ပြပြီး တိုင်းဝန်ကြီးချုပ်က အွန်းကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်နေသောပုံ အပါအဝင် ပုံပေါင်း ၉ ပုံတင်ထားသည်။

“လူဆိုးတွေကို အားပေးနေတာပဲ။ တိုင်းဝန်ကြီးချုပ်တယောက်အနေနဲ့ မလုပ်သင့်ဘူး။ လူတယောက်ရဲ့နောက်ကြောင်းရာဇဝင်ကို မီဒီယာမှာ အလွယ်တကူ စစ်ဆေးလို့ရတယ်။ ငွေကို လက်မခံခင် သူ့ရဲ့နောက်ကြောင်းကို စစ်ဆေးခဲ့သင့်တယ်” ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောသည်။

“တိုင်းအစိုးရအနေနဲ့ ငွေမဲတွေကို လက်မခံသင့်ဘူး။ ငွေက နည်းနည်းလေးပေမယ့် အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာ သေချာတယ်” ဟု ဒေါ်ညိုညိုသင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

လူအများအပြားက ထိုပုံများအောက်တွင် ဝေဖန်သုံးသပ်ချက်များ ရေးသားခဲ့ကြပြီး စင်္ကာပူနှင့် မလေးရှားတွင် အလှူရှင်ကို စွဲဆိုထားသောအမှုများ အပါအဝင် သူ၏နောက်ကြောင်းနှင့် ပတ်သက်သော ရယူထားသည့် အချက်အလက် screenshots များကို ဖော်ပြခဲ့ကြသည်။ ပြင်ပအလှူရှင်ထံမှ ငွေကို လက်မခံမီ အလှူရှင်၏ နောက်ကြောင်းကို လေးနက်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လည်း ရန်ကုန်တိုင်းအစိုးရကို ပြည်သူများက အကြံပြုကြသည်။

“ဒီငွေ ဘယ်ကရလဲ မသိရင် လက်မခံတာ ကောင်းတယ်။ ငွေမဲဖြစ်နေရင် အစိုးရကို ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်လို့တောင် ရတယ်” ဟု မကွေးတိုင်းလူငယ်ကွန်ရက်မှ အကြံပေး ဦးတင့်ဇော်ဟိန်း ကပြောသည်။

လူအများအပြားက ၎င်းတို့ လိမ်လည်ခံရသည်ဟု တိုင်ကြားသောကြောင့် မြန်မာနိုင်ငံတွင် MLM ကုမ္ပဏီများမှာ နာမည်ပျက်နေကြသည်။ လိမ်လည်ခံရသည်ဟု လူထုထံမှ တိုင်ကြားမှုများရရှိပြီးနောက် မြန်မာ သမ္မတရုံးနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့က MLM ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန BSI ကို ညွှန်ကြားခဲ့သည်။ MLM ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများကို အမြတ်ထုတ်နေသောကြောင့် မြန်မာနိုင်ငံရှိ ထိုလုပ်ငန်းများကို စစ်ဆေးနေကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဇန်နဝါရီလတွင် ကြေညာခဲ့သည်။

နိုင်ငံတကာသတင်းများအရ အွန်းသည် Dream Success International Sd Bhd နှင့် Surewin4u လုပ်ငန်း အင်တာနက်စာမျက်နှာတို့၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။

Dream Success International သည် ကျန်းမာရေးအလှကုန်များ ရောင်းချသည်ဟု ဆိုသည်။ Surewin4u မှာမူ Dream Success International က စီမံသော လုပ်ငန်း အင်တာနက်စာမျက်နှာဖြစ်ပြီး ကာစီနိုကြေးစားလောင်းကစားသမားများကို ပံ့ပိုးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ လစဉ်အမြတ်နှင့် ဆုကြေးများရမည်ဟု ကတိပြုထားသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမြတ်ရရန် ၉၉ ရာခိုင်နှုန်းသေချာသည်ဟု အွန်း၏ အင်တာနက်စာမျက်နှာက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် Dream Success International နှင့် www.Surewin4u အင်တာနက်စာမျက်နှာတို့သည် လုပ်ငန်းခွင့်ပြုချက်မရသည့် လုပ်ငန်းများ လုပ်ကိုင်သောကြောင့် ၎င်းတို့ကို မလေးရှား ဗဟိုဘဏ်က အမည်ပျက်စာရင်းသွင်းခဲ့သည်ဟု မလေးရှားနှင့် ထိုင်ဝမ် သတင်းများအရ သိရသည်။ ထောင်နှင့်ချီသော ရင်းနှီးမြှုပ်နှံသူများထံမှ သန်းနှင့်ချီသော ဒေါ်လာများကို လိမ်လည်သည်ဟူသော စွပ်စွဲချက်များကြောင့် ထိုင်ဝမ်ရှိ Dream Success International ၏ လုပ်ငန်းများကို ထိုင်ဝမ်အစိုးရက ၂၀၁၄ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင်မူ Dream Winner နှင့် Surewin4u တို့သည် မလေးရှား၊ ထိုင်ဝမ်၊ စင်္ကာပူနှင့် တရုတ်တို့တွင် MLM အရှုပ်တော်ပုံတခု လုပ်ဆောင်သောကြောင့် မကောင်းသတင်းများ ဖော်ပြခံလာကြရသည်။

Surewin4u တွင် ရင်းနှီးမြှုပ်နှံပြီးနောက် စင်္ကာပူနိုင်ငံသား ၁၅၀ ခန့် စင်္ကာပူဒေါ်လာ သန်း ၅၀ ခန့် ဆုံးရှုံးရသည်ဆိုသည့်အမှုတခု စင်္ကာပူ ဗဟိုတရားရုံးသို့ ရောက်ရှိလာကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ထုတ် Straits Times သတင်းစာကလည်း ဖော်ပြခဲ့သည်။

အွန်း၏သတင်းကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး စင်္ကာပူတွင် မကြားရတော့ဘဲ သူ၏ အင်တာနက်စာမျက်နှာလည်း ရပ်ဆိုင်းသွားကာ ရင်းနှီးမြှုပ်နှံသူများမှာ လက်ချည်းဗလာဖြစ်သွားရသည်ဟု တရားရုံးမှ စာရွက်စာတမ်းများကို ကိုးကားပြီး Straits Times က သတင်းဖော်ပြသည်။

လိမ်လည်ခံရသူတဦးကလည်း လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးမှုများဖြင့် Surewin4u ကို ၂၀၁၇ ခုနှစ်တွင် စင်္ကာပူ၌ တရားစွဲသည်။ အွန်းသည် စင်္ကာပူမှထွက်ပြေးသွားပြီးဖြစ်သောကြောင့် Surewin4u ၏ ကိုယ်စားလှယ် ၂ ဦးက အမှုကို ရင်ဆိုင်ကြရသည်။

ပြည်သူလူထုထံမှ တိုင်ကြားမှုများရရှိသောကြောင့် MLM လုပ်ငန်းလေးခုကို စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ထိုနှစ် စက်တင်ဘာလတွင် ကြေညာသည်။ မလေးရှားအခြေစိုက် MLM ကုမ္ပဏီတခုက မြန်မာ ရင်းနှီးမြှုပ်နှံသူများထံမှ အမေရိကန်ဒေါ်လာ တသန်း လိမ်လည်ခဲ့သည်ဟု သတင်းများက ထိုနှစ်တွင်ပင် ဖော်ပြခဲ့ကြသည်။

ဝေဖန်သူအများအပြားက အစိုးရအနေဖြင့် MLM ကုမ္ပဏီများကို စည်းကမ်းထိန်းကြောင်းသည့် ဥပဒေပြဌာန်းသင့်သည်ဟု အစိုးရကို တိုက်တွန်းကြသည်။

“MLM လူလိမ်တွေဆီကငွေကို အစိုးရက လက်ခံလိုက်တဲ့အခါ သူတို့က MLM စနစ်ကို လက်ခံလိုက်တဲ့သဘောဖြစ်နေတယ်” ဟု ဦးတင့်ဇော်ဟိန်းက ပြောသည်။ “ဒီလိုလူမျိုးတွေကို အစိုးရအနေနဲ့ လက်ခံတွေ့ဆုံဖို့တောင် မသင့်တာ၊ အလှူငွေပါ လက်ခံတယ်ဆိုတော့ တော်တော်တရားလွန်သွားပြီ” ဟုလည်း ဆက်ပြောသည်။

(အင်္ဂလိပ်ဘာသာဖြင့် Yangon Chief Minister Slammed for Accepting Donation to City from Accused Fraudster တွင် ဖတ်ပါ။)

Your Thoughts …
Tags: ရန်ကုန်တိုင်း ဝန်ကြီးချုပ်အလှူငွေအွန်းကီးစွမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည် နောက်ခံဓာတ်ပုံနှင့် ငယ်ရွယ်သော နိုင်ငံရေးသမား ဘဝတုန်းက ဦးဖြိုးမင်းသိန်း

စစ်ကောင်စီဘက်မှ သက်သေလိုက်ခဲ့သည့် ဦးဖြိုးမင်းသိန်း ဒဏ်ငွေ ကျပ် ၁ သိန်းနှင့် အမှုပြီး

by ဧရာဝတီ
22 February 2023
14.7k

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) သည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်များလည်း ယင်းပုဒ်မ -...

သရုပ်ဆောင် မေပန်းချီ / May Panche's Facebook

နိုင်ငံရေးကို ခုတုံးလုပ်ပြီး လိမ်ညာ အလှူမခံကြဖို့ မေပန်းချီ ပြော

by ဧရာဝတီ
20 May 2021
20.8k

“နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်အဆင်မပြေတာ ဒီနည်းနဲ့ ဖြေရှင်းတာကို ရှောင်ပါ။ တချို့ အလှူရှင်တွေဟာလည်း ရှိလို့ လှူတာ ရှိသလို အဆင်မပြေတဲ့ကြားထဲက ဖဲ့လှူရတာလည်း ရှိပါတယ်။

--

ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာ ကန့်ကွက်ပါတယ်

by ဧရာဝတီ
31 December 2018
74.4k

အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေတဲ့ NLD ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေကို ပြောလိုက်ချင်တာက အဲဒီလို သွေးစွန်းသွားတာတွေကို မမေ့ကြပါနဲ့ ကိုဖြိုးမင်းသိန်းတို့လို့ ထောင်ထဲ ရောက်ခဲ့တဲ့ သူတွေကလည်း အဲဒါတွေကို မေ့ပြီး ဗိုလ်ခင်ညွန့် ထိုင်ကန်တော့ နေတဲ့အဖြစ်မျိုးတွေကလည်း ရှက်စရာ အလွန်ကောင်းတယ်လို့...

ဂေါပက, ကျိုက်ထီးရိုး, မဘသ, အလှူငွေ, သာသနာရေး

ဘုရားဂေါပကတွေကို စာရင်းစစ်ပေးပါ

by ဖိုးစမ်းချောင်း (GG)
15 January 2016
32.8k

ဘာသာရေးကိစ္စဆိုလျှင် လက်ရှောင်တတ်သည့် အကျင့်ရှိသော၊ စေတနာသုံးတန်ပြတ်ပြီး လှူလေ့ရှိသော မြန်မာလူမျိုးများ၏ အလှူငွေများကို သာသနာရေးနှင့် ဂေါပကတို့ ဘယ်နည်း ဘယ်ပုံသုံးစွဲနေသည် ဆိုသည်ကို တိတိ ကျကျ စာရင်းဝင် စစ်ရမယ့်အချိန် ရောက်ပြီဖြစ်ပါသည်။

Makeup Artist ဟန်နာယူရီ  / Hannayuri's Facebook

မြန်မာနိုင်ငံအတွက် တောင်ကိုရီးယားမှာ အလှူငွေ ကောက်ခံပေးနေတဲ့ ဟန်နာယူရီ

by ဧရာဝတီ
19 May 2021
28.7k

ကျမတို့ရဲ့ မတရားမှုတွေကိုသာ ချပြဖို့ အခမဲ့ သွားဖြေခဲ့ပါတယ်။ Korea Life က အရမ်းခက်ခဲပါတယ်။ အစစအရာရာ အရမ်းဈေးများပါတယ်။

အလှူငွေများ ဖြုတ်ခိုးခံရသည့် ရွှေမြင်တင်ကျောင်းပဒေသာပင်တခု / ဧရာဝတီ

ပုသိမ်မြို့ ရွှေမြင်တင် အထက်တန်းကျောင်း ပဒေသာပင် ဖြုတ်ခိုးခံရ

by ဆလိုင်းသန့်စင်
9 November 2019
13.1k

ပဒေသာပင် အခိုးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေး နေပြီးတော့ တရားခံများ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်

Next Post
သရုပ်ဆောင် မေကဗျာ  / မန်းသူ

အသက်ကြီးလာလို့ အနုပညာအလုပ်ထက် စီးပွားရေးဘက် ပိုလုပ်ချင်တဲ့ မေကဗျာ

အာရုံကြော ဟိုမုန်းအကြိတ်ရောဂါ ခံစားနေရတဲ့မင်းသား Irrfan Khan

ကင်ဆာရောဂါ ခံစားနေရပေမယ့် စိတ်ဓာတ် ခိုင်မာနေတဲ့ မင်းသား Irrfan Khan

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate