သတင်း

စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်နေဆဲ သရုပ်ဆောင် သီဟတင်စိုးရဲ့ အမှု

Want create site? Find Free WordPress Themes and plugins.

လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းကတော့ သရုပ်ဆောင် သီဟတင်စိုးက အိမ်အကူ အမျိုးသမီးကို သားမယားအဖြစ် အဓမ္မပြုကျင့်တယ်လို့ တိုင်တန်းမှုရှိခဲ့တာကြောင့် သီဟတင်စိုးကို သုဝဏ္ဏနယ်မြေ ရဲစခန်းက (ပ)၃၈၆/၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ အိမ်အကူ မခင်မာညို(ခ) ခင်မာမြင့်က “သူအဲ့နေ့က မူးလာတယ်။ ပြီးတော့ သမီးကို ထဘီချွတ်ပြီး ဟိုဟာပြုတယ်။ သူ့မိန်းမကို မပြောပါနဲ့ ဆိုပြီး ချိန်းခြောက်တယ်။ မိန်းမနဲ့ သားက ရုပ်ရှင် သွားကြည့်တယ်။ မိုးရွာနေတာနဲ့မိုးသံနဲ့ သမီးအကူအညီတောင်းတာ မကြားကြဘူး။ အိမ်မှာလည်း ဘယ်သူမှ မရှိဘူး။အဘွားနဲ့ သမီးနှစ်ယောက်ထဲပါ။ ၅ရက်နေ့က အလုပ်ဝင်ခဲ့တာပါ။ သမီးနဲ့ သူနဲ့ အရင်တုန်းကတည်းက စကားလည်း လုံးဝမပြောဖူးဘူး၊ ဆက်ဆံတာလည်း မရှိခဲ့ဘူး” လို့ မီဒီယာများကို ဖြေကြားခဲ့ပါတယ်။

“သူတို့မိသားစုက ၅ယောက်၊ သမီးနဲ့ ၆ယောက်ပါ။ သမီးက ရေနံချောင်းကပါ။ သမီးအလုပ်လုပ်ဖို့ အဒေါ်ကို အကူအညီ တောင်းတာနဲ့ အဒေါ်လိုက်ပို့ပေးတာပါ။ သမီးက မကျေနပ်လို့ ထောင်ကျစေချင်တယ်။ သမီးက ပွဲစားတွေနဲ့ လာတာ မဟုတ်ပါဘူး။ အဒေါ်တွေနဲ့လာတာပါ။ အဲဒီက အဘွားရဲ့ကျန်းမာရေးအခြေအနေက အဘွားက စကားမပြောနိုင်ဘူး။ နားမကြားဘူး။ သမီးတို့ပြောတာ သူမကြားဘူး။ အဘွားနဲ့ပဲတူတူနေရတာပါ” လို့ တရားလိုဖြစ်သူ အိမ်အကူက မခင်မာညိုက ဆိုပါတယ်။

အဘွားရဲ့ကျန်းမာရေးနဲ့ဲ ပတ်သက်ပြီး သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ၊ ဇင်မာဦးရဲ့ အစ်မ ဒေါ်ကေသီဦးကလည်း သူ့ရဲ့ Facebook မှာ ဗီဒီယိုဖိုင်နဲ့ အခုလို ဖြေရှင်းပြောဆိုထားပါတယ်။

“ကျမ ဒေါ်ကေသီဦးပါ ဇင်မာဦးရဲ့အစ်မ ဖြစ်ပါတယ်။ အခု Online ပေါ်မှာ တွေ့ရှိနေတဲ့ ခင်မာညို(ခ) ခင်မာမြင့် ထွက်ချက်တွေက မဟုတ် မမှန်တဲ့အတွက် ပြန်လည်ဖြေရှင်းခြင်း ဖြစ်ပါတယ်။ ကျမအမေက သူတို့ပြောသလို မျက်စိမမြင် နားကန်းတယ် ဆိုတာ မဟုတ်ပါဘူး။ ကျမ အမေက အသက် ၈၃ နှစ် ရှိပါပြီ။ အသက်အရွယ်ကြောင့် မှတ်ညဏ် ချို့ယွင်းတာပဲ ဖြစ်တာပါ နားလည်းကောင်းတယ်။ မျက်စိလည်းကောင်းပါတယ်” လို့ ဒေါ်ကေသီဦးက ဆိုထားပါတယ်။

“သူက ပွဲစား မပါဘူး သူ့အဒေါ်နဲ့လာတာလို့ ပြောတယ်။ အဲ့ဒါလည်း မဟုတ်ပါဘူး။ ကျမကိုယ်တိုင် “ထွန်းတောက်” အကျိုးဆောင်ကို ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ ကျမကို ထွန်းတောက်အကျိုးဆောင်က ပွဲစားဒေါ်ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့ ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တလအိမ်မှာ လုပ်သွားတာပဲဆိုလို့ လုပ်ဖူးတဲ့ လူမို့ခေါ်လိုက်တာ။ ပွဲခ တသိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ”

“သူအခုတခေါက် အလုပ်မဝင်ခင် ကြားထဲမှာ ၂လပဲ ခြားပါတယ်။ ယောက်ကျာ်း နေမကောင်းဘူးဆိုပြီး ပြန်သွားတာလေ။ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာ လူကြီးတွေနဲ့ သိန်းတရာ လာတောင်းတယ်လေ။ အဲ့တာရော ထည့်မပြောဘူးလား သက်သေတွေအကုန်ရှိတယ်” လို့ ဒေါ်ကေသီဦးက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး သီဟတင်စိုးရဲ့ဇနီးဖြစ်သူ ဇင်မာဦးက မီဒီယာတခုမှာ အခုလို ဖြေဆိုထားပါတယ်။

“ကျမ ဒီလိုမျိုး ဖြစ်သွားတာကိုလည်း ရှက်လည်း ရှက်မိတယ်။ ဒေါသလည်းထွက်မိတယ်။ အမေရဲ့ ကျန်းမာရေးကြောင့် အမေက ကလေးလို ဖြစ်နေပြီ။ အမေကိုထားခဲ့ရင် အိမ်အကူတွေက ဆူများ ဆူမလားပြောများ ပြောကြမလားဆိုပြီး ကျမ ကိုသီဟနောက်တောင် မလိုက်ဖြစ်ဘူး။ ကျမ မလိုက်လို့ ကိုသီဟ ရှုပ်ရင်လည်း ရှုပ်ပါစေဆိုပြီး ခွင့်လွတ်ပေးထားပါတယ်။ ဒါပေမယ့် ကို သီဟကလည်း ပစ်စလက်ခတ် နေတတ်တဲ့ သူမဟုတ်ဘူး။ ကျမနားလည်တယ်။ ခွင့်လွတ်ပေးခဲ့တယ်။ ကျမတို့ချစ်လို့ယူခဲ့တာဖြစ်တဲ့ အတွက် ကျမယုံတယ်” လို့ သီဟတင်စိုးရဲ့ ဇနီးဖြစ်သူ ဇင်မာဦးက ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ အိမ်အကူကို အဓမ္မပြုကျင့်တယ်လို့ တိုင်ကြားခံရသူ သရုပ်ဆောင် သီဟတင်စိုးကတော့ နေအိမ်မှာ မရှိဘဲ ဇနီးဖြစ်သူနဲ့ စကားများပြီး ဆင်းသွားတယ်လို့ သိရပါတယ်။
သုဝဏ္ဏနယ်မြေ စခန်းမှူး ရဲအုပ်သန်းနိုင်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို အခုလို ပြန်လည် ဖြေကြားပါတယ်။

“လက်ရှိအခြေအနေအရ ဘာမှပြောလို့မရသေးဘူးဗျ။ ကျနော်တို့က ရဲလုပ်ငန်းနဲ့ ပတ်သက်တာတွေ လုပ်နေပါတယ်။ ဒီအတိုင်းထက်ပိုပြီးတော့ သတင်းထုတ်ပြန်ဖို့ အဆင်မပြေသေးပါဘူး” လို့ သုဝဏ္ဏနယ်မြေ စခန်းမှူး ရဲအုပ်သန်းနိုင်က ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading