• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီမြို့တွင် မြစ်ရေကြီးသဖြင့် အိမ်ခြေ တချို့ပြောင်းရွှေ့ရ

by သဇင်လှိုင်
17 July 2018
in သတင်း
A A
တနင်္သာရီ မြို့အတွင်း ရေဝင် နစ်မြုပ်မှု မြင်ကွင်း / ကိုသန်းစိုးဝင်း /  facebook

တနင်္သာရီ မြို့အတွင်း ရေဝင် နစ်မြုပ်မှု မြင်ကွင်း / ကိုသန်းစိုးဝင်း / facebook

121.7k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီ မြို့အတွင်း မြစ်ရေ စိုးရိမ်ရေမှတ်ကျော် မြင့်တက်လာမှုကြောင့် ရပ်ကွက် တချို့ရေဝင်ရောက်ကာ အိမ်ခြေများ နစ်မြုပ်ပြီး ပြောင်းရွှေ့မှုများ ပြုလုပ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံ ဖြစ်သည့် တနင်္သာရီ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက “အခု လမ်းတချို့ ရေမြုပ်သွားပြီ၊ အိမ်အောက် ထပ်တွေဆို ပြောင်းရတာပေါ့။ ချောင်းကြီးရပ်ကွက်နဲ့ ချောင်းငယ်ရပ်ကွက်က တချို့မြေနိမ့်တဲ့ လမ်းက အိမ်တွေ ပြောင်းရ တယ်။ အစိုးရကတော့ ရေမျက်နှာပြင် ၂၄ ပေ လောက်ဆိုရင်တော့ လုပ်ပေးလေ့ လုပ်ပေးထရှိတယ်။ အခု ၁၈ ပေလောက် ကျတော့ အားလုံး ကိုယ်ထူကိုယ်ထပဲ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
30
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
139
တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
611

တနင်္သာရီမြစ် ရေမျက်နှာပြင်သည် မူလ ရေမျက်နှာပြင်ထက် ၁၈ ပေကျော် အမြင့်ကို ရောက်ရှိလာပြီး ဇူလိုင်လ ၁၅ ရက် မှ စတင်ကာ မြို့တွင်းသို့ ရေများ ဝင်ရောက်လာခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ထို့သို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်ရှိ တိုးချဲ့ (၅)လမ်း၊ တိုးချဲ့(၂)လမ်း၊ ရွှေ လိပ်ပြာ လမ်းမနှင့် ချောင်းငယ် ရပ်ကွက်ရှိ မွန်စု၊ သီတာလမ်း အစရှိသည့် လမ်းမများပေါ်သို့ ရေများ ဖြတ်ကျော်နေ ကြောင်း သိရှိရသည်။

ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ် ရပ်ကွက်ရှိ တချို့လမ်းပေါ်သို့ ရေများ ဖြတ်ကျော်နေကြောင်းနှင့် တချို့အိမ်များသည် မြေညီထပ် ရေနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ဦးသန်းစိုးဝင်းက “လမ်းတွေမှာ အနည်းဆုံး ၁ ပေခွဲလောက်နဲ့ အများဆုံး ၃ ပေကတော့ ရေတက်နေတာတွေ ရှိတယ်။ ဒီမှာ မိုးကလည်း နည်းနည်းများနေတယ်။ ဒေသ အတွေ့အကြုံအရ ဆိုရင်တော့ ရေက ထပ်တက်ဖို့ရှိတယ်လို့ ခန့်မှန်းရတယ်” ဟု ပြောသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့၌ ရက်သတ္တ တပတ်နီးပါး မိုးရွာသွန်းမှုဖြစ်သဖြင့် အဆိုပါ ဒေသရှိ မြစ်များ ချောင်းများတွင် စိုးရိမ်ရေမှတ်ကျော်ကာ ရေကြီးလာခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောဆိုသည်။

“တနင်္သာရီ မြစ်တို့ ဘာတို့ကတော့ ကျနော်တို့ စောင့်ကြည့် လေ့လာမှုတွေ မလုပ်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာ မြစ်တွေက အများ ကြီးရှိတာပေါ့။ အဲဒီထဲကမှ ကျနော်တို့က မြစ်ကြီး ၁၃ မြစ်ကိုပဲ စောင့်ကြည့်လေ့လာတဲ့ အနေအထားရှိတယ်။ နောက်ပိုင်း ကျရင်တော့ တိုးချဲ့သွားမယ့် အနေအထားရှိတယ်”ဟုလည်း ၎င်းက ပြောသည်။

လတ်တလော၌ မြစ်ရေကြီးမှု အခြေအနေ စောင့်ကြည့် လေ့လာခြင်းကို တနင်္သာရီမြစ်တွင် မလုပ်နိုင်သေးသဖြင့် စိုးရိမ် ရေမှတ် အခြေအနေများကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်းလည်း မိုး/ဇလ က ပြောသည်။

Your Thoughts …
Tags: တနင်္သာရီ မြစ်ရေကြီး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
သရုပ်ဆောင် နေဆန်း /  ချစ်ပိုး /  ဧရာဝတီ

“အဲဒီအမျိုးသမီးက ကျနော့်အိမ်မှာလည်း အိမ်အကူ လာလုပ်ဖူးတယ်” လို့ ဆိုလိုက်တဲ့ နေဆန်း

ကားမောင်းရင်း အားသွင်းနိုင်တော့မယ့် လျှပ်စစ်ကား

မောင်းနေရင်း ကားအားသွင်းနိုင်မယ့် လမ်းမများကို UK မှာ အကောင်အထည် ဖော်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate