• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော်က ဖမ်းမိသော အမျိုးသမီး ဆေးမှူး ၆ ဦး သတ်ဖြတ်ခံရဟု TNLA ထုတ်ပြန်

by လဝီဝမ်
18 July 2018
in သတင်း
A A
၂၀၁၅ ခုနှစ်အတွင်း TNLA ၏ အမျိုးသမီးတပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်/ / ဧရာဝတီ

၂၀၁၅ ခုနှစ်အတွင်း TNLA ၏ အမျိုးသမီးတပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်/ / ဧရာဝတီ

37.1k
VIEWS
Share on FacebookShare on Twitter

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) မှ အမျိုးသမီးဆေးမှူး ၆ ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် မြန်မာ့တပ်မတော်က ဖမ်းဆီးထားပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အခိုင်အမာ ပြောကြားလိုက်ပြီး စစ်အကျဉ်းသားများကို သတ်ဖြတ်မှုအဖြစ် စွပ်စွဲလိုက်သည်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် TNLA ကြေညာချက်တစောင်အရ ဆေးမှူးများမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့ကို ခုခံကာကွယ်ရန်ကြိုးစားသည့် တပ်သားမှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီးများသည် မန်ဝမ်ရှိ ကျေးရွာတရွာသို့ အုပ်စုလိုက် ခရီးထွက်နေစဉ် ဇူလိုင်လ ၁၁ ရက်က မြန်မာ့တပ်မတော်က ချုံခိုတိုက်ခိုက်ပြီးနောက် ဖမ်းဆီးထားခဲ့ကြောင်း TNLA က ဆိုသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
104
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.3k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
406

ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ သဘောထား မေးမြန်းရန် ကာကွယ်ရေးဝန်ကြီးဌာနသို့ ဧရာဝတီက အင်္ဂါနေ့က ကြိုးစားဆက်သွယ်ခဲ့သော်လည်း ဝန်ကြီးဌာန ပြောခွင့်ရသူစာရင်းတွင် ပါဝင်သူအားလုံးက သဘောထားမှတ်ချက် ပေးနိုင်ခဲ့ခြင်း မရှိပေ။

TNLA ကြေညာချက်က မြန်မာ့တပ်မတော်နှင့် ထိတွေ့မှုရှိနေစဉ် TNLA တပ်သားသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။ TNLA အခြားတပ်သားများလည်း ဒဏ်ရာရခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ သို့သော် အမျိုးသမီးဆေးမှူး ၆ ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း TNLA ကြေညာချက်က ဆိုသည်။

အမျိုးသမီး ၆ ဦးကို မြန်မာ့တပ်မတော်က ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဖမ်းဆီးခဲ့ပြီး သေနတ် ၃ လက်ကို ၎င်းတို့ထံမှ သိမ်းယူခဲ့ကြောင်း လွတ်မြောက်ခဲ့သူများ၏ပြောကြားချက်ကို ကိုးကား၍ TNLA ကြေညာချက်က ဆိုသည်။

အင်္ဂါနေ့နံနက်က RFA အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွင် တင်ထားသည့် အင်တာဗျူးတခု၌လည်း သတ်ဖြတ်ခံရသော အမျိုးသမီးများမှာ TNLA ဆေးမှူးများဖြစ်ကြပြီး ဒေသခံပြည်သူများကို ဆေးဝါးကုသမှုပေးရန် ကျေးရွာများသို့ ခရီးလှည့်လည်နေခြင်းဖြစ်ကြောင်း TNLA မှ ပြောခွင့်ရသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောကြားခဲ့သည်။ သေဆုံးခဲ့သူမှာ TNLA တပ်သားတဦးဖြစ်ပြီး တပ်မတော်က ချုံခိုတိုက်ခိုက်စဉ် ကြိုးစားကာကွယ်ခဲ့ကြောင်း၊ ယင်းနောက် အမျိုးသမီးများ ဖမ်းဆီးခံရကြောင်း TNLA ပြောခွင့်ရသူက ထပ်မံ၍ အခိုင်အမာပြောကြားသည်။

ရွာပြင် တောတွင်းတနေရာတွင် သတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် အမျိုးသမီးအလောင်း ၆ လောင်းကို ဒေသခံတစုက ဇူလိုင်လ ၁၄ ရက်တွင် တွေ့ခဲ့ရကြောင်း TNLA ကြေညာချက်အရ သိရသည်။ ယင်းအလောင်းများကို မန်ဝမ်တွင် ထိုနေ့၌ပင် ဒေသခံများက မြှပ်နှံပေးခဲ့ကြသည်။

အမျိုးသမီး အလောင်းနှစ်လောင်းတွင် ဦးခေါင်းနှင့်ခြေထောက်များ၌ သေနတ်ဒဏ်ရာများတွေ့ရပြီး အခြားအမျိုးသမီး အလောင်းလေးလောင်းမှာ နာကျင်စွာ ထိုးသွင်းဒဏ်ရာများနှင့် ဓားဒဏ်ရာများ ရှိကြောင်း TNLA ကြေညာချက်က ဆိုသည်။

၎င်းတို့ဆေးမှူးများကို သတ်ဖြတ်ခဲ့သူများမှာ မြန်မာ့တပ်မတော် ခြေမြန်တပ်မ ၈၈ လက်အောက်ရှိ ခြေမြန်တပ်ရင်း ၃၀၁ မှဖြစ်ကြောင်း TNLA က ကြေညာချက်တွင် စွပ်စွဲထားသည်။

အဆိုပါသတ်ဖြတ်ခဲ့ရမှုသည် တအာင်း(ပလောင်) တိုင်းရင်းသားများအကြား ဒေါသဖြစ်စေခဲ့သည်။ တပ်မတော်အနေဖြင့် ယင်းဆေးမှူးများကို ဥပဒေအရ အရေးယူခြင်းမပြုဘဲ မည်သည့်အတွက်ကြောင့် သတ်ဖြတ်သလဲဆိုသောမေးခွန်းကို ဒေသခံများက မေးမြန်းလျက်ရှိသည်။ တပ်မတော်သည် စစ်အကျဉ်းသားများအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲနေကြသည်။

“ဒီဖြစ်စဉ်ကို စစ်ရာဇဝတ်မှုလို့ပဲ ကျမ ပြောချင်ပါတယ်။ သူတို့ကို သတ်မယ့်အစား ဥပဒေအရ ထောင်ထဲထည့်လို့ရတာပဲ” ဟု နမ့်ဆမ်မြို့နယ်မှ တအာင်းတိုင်းရင်းသူတဦးဖြစ်သူ လွေးချယ်ရီက ပြောသည်။

ယင်းသို့သတ်ဖြတ်ခြင်းမှာ အခြားတအာင်းတိုင်းရင်းသူများလည်း TNLA တပ်နှင့် မချိတ်ဆက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သူမက ယုံကြည်သည်။

“မိန်းကလေးတွေနဲ့အမျိုးသမီးတွေ သူတို့လူမျိုးအတွက် လုပ်ပေးကိုင်ပေးလို့မရအောင် တားဆီးတဲ့အနေနဲ့ ဒီလိုလုပ်ပြတာဖြစ်နိုင်တယ်” ဟု သူမက ပြောသည်။

ယင်းသို့သတ်ဖြတ်ခြင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတိုင်းရင်းသားများနှင့် ဗမာများကြားတွင် အမုန်းတရားပျံ့နှံ့စေလိမ့်မည်ဟုလည်း သူမက ပြောသည်။

“ဒီကိစ္စကနေ လူမျိုးရေးခွဲခြားမှု တိုးပွားမှာကို ကျမ စိုးရိမ်ပါတယ်” ဟု သူမက ပြောသည်။

တအာင်းဗုဒ္ဒဘာသာ ရဟန်းတော်တပါးဖြစ်သည့် အရှင်တိက္ခဉာဏက “သူတို့ အသတ်ခံရတာကို ကြည့်ပြီး ဝမ်းနည်းမိပါတယ်။ အထူးသဖြင့် သူတို့ဟာ အမျိုးသမီးတွေဖြစ်လို့ပါပဲ။ စစ်အကျဉ်းသားနဲ့ပတ်သက်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ ဒါပေမယ့် စစ်တပ်က ဥပဒေကို မလေးစားဘဲ သူတို့ကို ရက်ရက်စက်စက် သတ်ပစ်တယ်”ဟု မိန့်သည်။

(အင်္ဂလိပ်ဘာသာဖြင့် Six Female Medics Murdered in Captivity by Tatmadaw, TNLA Claims  တွင် ဖတ်ရှုပါ)

Your Thoughts …
Tags: TNLA အမျိုးသမီး ဆေးမှူးစစ်အကျဉ်းသားမြန်မာ့တပ်မတော်
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.3k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

၂၀၁၉ ခုနှစ် ဧပြီလ ကချင်ပြည်နယ် လိုင်ဇာတွင် တွေ့ရသော အေအေ လက်နက်ကိုင်တပ်သားများ / ဧရာဝတီ

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

by အောင်ဇော်
14 June 2019
48.5k

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်အတူ နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ပိုမိုမြင့်မားလာသည်။

၂၀၁၉ ခုနှစ် တိုကျိုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွေ့ဆုံစဉ် 

ဂျပန်၏ မြန်မာနှင့် အထူးဆက်ဆံရေးက စစ်အုပ်ချုပ်ရေးကို အားပေးကူညီခဲ့

by Bertil Lintner
28 March 2022
7k

ဂျပန်လက်ယာစွန်းနိုင်ငံရေးသမားများသည် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် မြန်မာမှ စစ်အုပ်ချုပ်ရေး၏ ကျေးဇူးရှင်များ သို့မဟုတ် စဉ်ဆက်မပြတ်ထောက်ခံသူများဖြစ်သည်

ဝေါလေမြို့တွင် စစ်ကောင်စီ တူးဖော်တွေ့ရှိသည့် အလောင်း ၂၅ လောင်း

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

by ဧရာဝတီ
17 June 2021
237.7k

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့အနီး KNDO က စစ်ပွဲအတွင်း ဖမ်းဆီးထားသော လူ ၂၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းအား KNU က စုံစမ်းစစ်ဆေး အရေးယူမည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်၌ ပြုလုပ်ကျင်းပခဲ့သော တပ်မတော်ထောက်ခံပွဲ / ဧရာဝတီ

စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား

by မသီတာ(စမ်းချောင်း)
7 November 2018
11.6k

စိတ်ဓာတ်စစ်ဆင်ရေးတွေ တကယ်ရော အလုပ်ဖြစ်သေးရဲ့လားလို့ ဆန်းစစ်သင့်ပြီလို့ ယူဆပါတယ်။

မြန်မာ့တပ်မတော်နှင့် အခြားစစ်တပ်များ

မြန်မာ့တပ်မတော်နှင့် အခြားစစ်တပ်များ

by ပီတူး
16 June 2023
892

Next Post
အမေရိကန် စွန့်ဦးတီထွင်သမား သန်းကြွယ်သူဌေး အီလွန်မတ် / Reuters

ဗြိတိသျှ ရေငုပ်သမားကို အမေရိကန် စွန့်ဦးတီထွင်သမား အီလွန်မတ် တောင်းပန်

ပလတ်စတစ်ဆာဂျရီ ပြုလုပ်ထားတဲ့ ကိုရီးယား အနုပညာရှင်များ

ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ကုသမှု ခံယူခဲ့ဖူးကြတဲ့ ကိုရီးယား အနုပညာရှင်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate