သတင်း

ဗြိတိသျှ ရေငုပ်သမားကို အမေရိကန် စွန့်ဦးတီထွင်သမား အီလွန်မတ် တောင်းပန်

ဗြိတိသျှ ရေငုပ်သမား ဗင်း အန်စဝပ် အား “ကလေးများအပေါ်လိင်စိတ်တိမ်းညွတ်သူ” ဟု ပြောဆို ရေးသားခဲ့မှုအပေါ် အမေရိကန် စွန့်ဦးတီထွင်သမား သန်းကြွယ်သူဌေး အီလွန်မတ်က ပြန်လည် တောင်းပန်လိုက်သည်။

စွန့်ဦးတီထွင်သမား Tesla ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မတ်သည် ထိုင်းလိုဏ်ဂူထဲပိတ်မိနေသော လူငယ် ၁၂ ဦး ကယ် ဆယ်ရေး၌ အထောက် အကူ ပြုရန် ကလေးအရွယ်သုံး အသေးစား ရေငုပ် ယာဉ်တစီးကို ပေးပို့ခဲ့ရာ ဗြိတိသျှ ရေငုပ်သမား ဗင်း အန်စဝပ် က ယင်းစိတ်ကူးကို ပယ်ချခဲ့ပြီး “PR စတန့်” ဟု ပြင်းထန်စွာ ဝေဖန်ရာ Tesla အမှုဆောင် အရာရှိချုပ် အီလွန်မတ်က ထိုသို့ ဒေါသတကြီး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“သူ ကျနော့်အပေါ်လုပ်တဲ့ လုပ်ရပ်ကြောင့် ကျနော်က သူ့ကို ဒီလိုပြန်လုပ်တယ်ဆိုပြီး အကြောင်းပြ လို့မရပါဘူး။ အဲဒီအတွက် မစ္စတာ အန်စဝပ်နဲ့ ကျနော်ကို ကိုယ်စားပြုနေတဲ့ ကုမ္ပဏီကို တောင်းပန်ပါ တယ်” ဟု အီလွန်မတ်က Twitter တွင်ရေးသားသည်။ “ကျနော့်အမှားပါ၊ ကျနော်တယောက်တည်းရဲ့ အမှားပါ” ဟုလည်း သူရေးသည်။

သူ၏ ဒေါသတကြီး ရေးသားချက်ကြောင့်လည်း ၎င်း၏ ကုမ္ပဏီဖြစ်သည့် Telsa ၏ အစုရှယ်ယာ ဈေးနှုန်းများလည်း ကျဆင်းခဲ့ရသည်။

“ကလေးများအပေါ် လိင်စိတ် တိမ်းညွတ်သူ”ဟု ခေါ်ဝေါ်ခြင်းခံရသည့် ဗြိတိသျှလိုဏ်ဂူ သုတေသီ ဗင်း အန်းစဝပ် ကလည်း အမေရိကန်စွန့်ဦးတီထွင်သမား အီလွန်မတ်ကို ဥပဒေ ကြောင်းအရ ရင်ဆိုင် ကောင်း ရင်ဆိုင်သွားမည်ဖြစ် ကြောင်း တနင်္လာနေ့က ပြောသည်။

ထိုစွပ်စွဲချက်ကို အီလွန်မတ်က ဝင်ရောက်ကြည့်ရှုသူ ၂၂ သန်းကျော် ရှိသည့် သူ၏ Twitter အကောင့်တွင် ထပ်မံစွပ်စွဲပြီး ထိုအချက်မှန်ကြောင်း သူ၏လက်မှတ်ထိုးထားသော ဒေါ်လာ ဖြင့် လောင်းကြောင်းထပ်မည်ဟု ရေးသားခဲ့သည်၊ နောက်ပိုင်းတွင် ယင်းရေးသားချက်ကို ဖျက်ခဲ့ပြီး မေးမြန်းချက်များကိုလည်း Telsa က တုံ့ပြန်ဖြေကြား ခြင်းမရှိပေ။

Loading