• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည့် ရသေ့တောင် ALD ပါတီ ကိုယ်စားလှယ် ကန့်ကွက်ခံရ

by မင်းအောင်ခိုင်
18 July 2018
in သတင်း
A A
ကန့်ကွက်ခံရသူ ALD  ကိုယ်စားလှယ်လောင်း ဦးသိန်းမောင် / မင်းအောင်ခိုင် / ဧရာဝတီ

ကန့်ကွက်ခံရသူ ALD ကိုယ်စားလှယ်လောင်း ဦးသိန်းမောင် / မင်းအောင်ခိုင် / ဧရာဝတီ

74.1k
VIEWS
Share on FacebookShare on Twitter

ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ် အမှတ်(၂ )မှ ဝင်ရောက်ယှဉ်ပြိုင် ရန် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ၏ ကိုယ်စားလှယ်လောင်း အမည် စာရင်းတင် ထားသော ဦးသိန်းမောင်ကို ရခိုင် အမျိုး သားပါတီ (ANP ) ပါတီမှ ကန့်ကွက်ထား ကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့က လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂ )တွင် ဝင် ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်း ၄ ဦးနှင့် ပတ် သက်၍ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် က အရည်အချင်း ပြည့်မီမှု ရှိမရှိ ခေါ်ယူ စိစစ်ခဲ့ သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
766
အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ (ရုပ်/သံ)

18 July 2025
26
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
589

ထိုသို့ စိစစ်ရာတွင် ALD မှ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်သည် ၎င်းတို့၏ ရခိုင် အမျိုးသား ပါတီဝင် (ANP) အနေဖြင့်သာ ရှိသေး၍ ANP ပါတီ ကိုယ်စားလှယ်လောင်း ဦးလှမြင့် က ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း စစ်တွေခရိုင် ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောသည်။

“ကိုယ်စားလှယ်လောင်း ၄ ဦးကို စိစစ်ရာမှာ ALD ကိုယ်စားပြုပြီး အမည်စာရင် တင်သွင်းထားတဲ့ ဦးသိန်းမောင်ကို ANP ပါတီက ဦးလှမြင့်က ကန့်ကွက်တာရှိတယ်။ ကန့်ကွက်တာကတော့ ဦးသိန်း မောင်ဟာ နုတ်ထွက်ခွင့်တင် ထားပေမဲ့ ပါတီ ဗဟိုက ဆိုင်ငံ့ထားတာကြောင့် သူတို့ (ANP ) ပါတီဝင် ဖြစ်တယ်။ အဲဒါကြောင့်မို့ တခြားပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ခြင်းကို ကန့်ကွက် တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

ကန့်ကွက်ခံရသူ ဦးသိန်းမောင်သည် အငြိမ်းစား ကျောင်းအုပ်ဆရာ ဖြစ်ကာ ယခင် ပါတီနှစ်ခု ပူးပေါင်း ခဲ့စဉ် ALD ပါတီ၏ ရသေ့တောင်မြို့နယ် ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ALD နှင့် RNDP ရခိုင်ပါတီနှစ်ခု ပူးပေါင်းခဲ့ပြီးနောက် ANP ပါတီ၏ ရသေ့တောင်မြို့နယ် ဒုဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ ရသူ ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူလည်းဖြစ် ကန့်ကွက် သူ ဦးလှမြင့်က အဆို ပါ ဦးသိန်းမောင်မှာ ဇူလိုင်လ ၇ ရက်နေ့က ပါတီမှ နုတ်ထွက်ခွင့်တင် တောင်းခံ လာပြီး ဇူလိုင်လ ၉ ရက်နေ့တွင် ပါတီက နုတ်ထွက်ခွင့်မကျမီ တခြားပါတီတခုမှနေ ကိုယ်စားလှယ် လောင်း အဖြစ် အမည်စာရင်း တင်သွင်းလာသည့်အတွက် ကန့် ကွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

“သူ( ဦးသိန်းမောင်)က တိုတောင်းသော အချိန်ကာလတခုမှာ ပါတီကနေ နုတ်ထွက်ခွင့် တင်တယ်။ နုတ်ထွက်ခွင့် မကျ သေးဘူး၊ တခြားပါတီ တခုကနေ ကိုယ်စားလှယ်လောင်း အဖြစ် လျှောက်လွာတင် တယ်။ ပါတီဝင်တယောက်ဟာ အချိန် မရွေး နုတ်ထွက်ပိုင်ခွင် ရှိတယ်ဆိုပေမယ့်၊ ပါတီလုပ်ငန်းနဲ့ ပတ်သက်လို့ တစုံတရာ ရှင်းလင်းစရာတွေကို ရှင်းလင်းပြီးမှသာ နုတ်ထွက်ခွင့် ပေးမယ်ဆိုပြီး ပါတီဖွဲ့ စည်းပုံမှာ ပါရှိပါတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ ANP ပါတီ ကိုယ်စားရော၊ ကိုယ်စားလှယ် လောင်း တဦးအနေနဲ့ရော ကန့်ကွက်ရခြင်း ဖြစ်ပါတယ် ” ဟု ANP မှ ဦးလှမြင့်က ဧရာဝတီသို့ ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းက ALD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင် သွင်းထားသူ ဦးသိန်းမောင်ကို စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်လောင်း အရည်အချင်းပြည့်မီမှု ရှိမရှိကို ခေါ်ယူ စိစစ် ခဲ့ပြီး၊ ANP ပါတီမှ ကန့်ကွက်ထားခြင်းကို ခိုင်လုံသော အထောက်အထားများဖြင့် ပြန်လည်ချေပနိုင်ကြောင်း အသိပေး ပြောကြားခဲ့ကြောင်း ဆိုသည်။

ယမန်နေ့ ညနေပိုင်းက စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်ထံသွားရောက် စိစစ်မှုများအပြီး အဆိုပါ ကန့်ကွက်ခံထားရ သူ ဦးသိန်းမောင်အား ဧရာဝတီမှ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ သည်။

“ကျနော့်ကို ကန့်ကွက်လွှာ တင်ထားတယ်ပေါ့ ။ ဒါပေမဲ့ ပါတီဝင် တယောက်ဟာ အဲဒီပါတီမှာ နေဖို့ စိတ်ဆန္ဒမရှိတော့ဘူး ဆိုရှိရင် မိမိဆန္ဒအလျောက် နုတ်ထွက်ပိုင်ခွင့် ရှိပါတယ် ။ အဲဒါကြောင့်မို့ ကျနော်ကလည်း ANP ပါတီမှာ ဆက်လက် လုပ် ဆောင်ဖို့ ဆန္ဒမရှိတဲ့ အတွက် နုတ်ထွက်စာတင် လိုက်ခြင်းပဲ ဖြစ်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ALD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်အား ANP ပါတီမှ ကန့်ကွက်ထားခြင်း ပတ်သက်၍ စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်မှ နှစ်ဘက်တင်ပြချက်များကို ရက်သတ္တတပတ်ကြာ လေ့လာဆန်း စစ်ပြီးမှုများ ပြုလုပ်ပြီး သြဂုတ်လ ၆ ရက်နေ့တွင် ကိုယ်စားလှယ်လောင်း အရည် အချင်း ပြည့်မီသူ များကို ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ် ကြောင်းလည်း သိရသည်။

ကြားဖြတ် ရွှေးကောက်ပွဲ ၌ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ( ၂ ) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမည် စာရင်းတင် သွင်းထားသော ကိုယ်စားလှယ်လောင်းများမှာ ရခိုင်အမျိုးသားပါတီ (ANP ) ပါတီမှ ဦးလှမြင့် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်ပါတီမှ (NLD) ပါတီမှ ဦးခင်သန်းမောင် ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာ အေးမောင်၏ သား ဦးတင်မောင်ဝင်း တို့ ဖြစ်သည်။

ရသေ့တောင် အမှတ်(၂) မဲဆန္ဒနယ်တွင် လက်ရှိပြုစုထားသော စာရင်းအရ မဲဆန္ဒရှင်ပြည်သူ ၅ သောင်းရှိပြီး ၎င်းမဲဆန္ဒနယ်အမှတ် (၂ )သည် ပြီးခဲ့သော ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင် အမျိုးသား ပါတီမှ ပြည် နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဖိုးမင်းအနိုင်ရ သည့် နေရာဖြစ်ပြီး ၎င်းကွယ်လွန်သွား၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တနေရာ လစ်လပ် သွားခြင်းလည်း ဖြစ်သည်။

Your Thoughts …
Tags: ကြားဖြတ်ရွေးကောက်ပွဲ
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

by Karen Lema
17 May 2025
1.7k

ဒူတာတေးမိသားစုဝင်တဦး သမ္မတဖြစ်လာခြင်းသည် အရေးပါသည့် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ သက်ရောက်မှုများလည်းရှိနိုင်ပြီး ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန် ပြည်ထောင်စု၏ အနီးကပ်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး တည်ရှိသည့် မဟာမိတ်ဖြစ်သောကြောင့် အမေရိကန်အတွက်လည်း သက်ရောက်မှုများ ရှိနိုင်သည်။

သမ္မတ ဖြုတ်ချရေး စွဲချက်တင်ရန် နီးကပ်လာသောကြာင့် တောင်ကိုရီးယား ဆန္ဒပြသူများစုဝေး

သမ္မတ ဖြုတ်ချရေး စွဲချက်တင်ရန် နီးကပ်လာသောကြာင့် တောင်ကိုရီးယား ဆန္ဒပြသူများစုဝေး

by ဧရာဝတီ
3 March 2025
1.3k

မစ္စတာ ယွန်းကို ဖယ်ရှားရန် တရားရုံးက ဆုံးဖြတ်ပါက ကြားဖြတ်ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည် ဖြစ်သည်။

ရဲတိုက် ဝင်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီ   / GARUDA Entretainment Page

ရဲတိုက် ဝတ်ဆင်ခဲ့တဲ့ ရှမ်းအင်္ကျီအား လေလံတင် ရောင်းချ

by ဧရာဝတီ
11 May 2021
29.4k

လက်ရှိမှာတော့ ရဲတိုက်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့ သိရပြီး၊ ရဲတိုက်ရဲ့ ခွင့်ပြုချက်နဲ့ ဆန္ဒအရ အခုလို ရောင်းချတာလို့ ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ / ဧရာဝတီ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေး AA တောင်းဆိုချက်ကို တပ်မတော် လက်ခံ

by နန်းလွင်နှင်းပွင့်
12 November 2020
44.3k

ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒေသတည်ငြိမ်အေးချမ်းရေး အပြင် တပ်မတော်နှင့် AA ကြား စေ့စပ်ညှိ နှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် အစိုးရနှင့် တပ်မတော်ဘက်မှ ပိတ်ပင်ထားသည့် အတားအဆီးများကို ဖြေလျှော့ပေးရန် လိုအပ်ပြီး တပ်မတော်ကလည်း AA အပေါ် ထိုးစစ်ဆင်...

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) ဇရပ်ကွင်းအထက်တန်းကျောင်းမဲရုံရှေ့ မဲပေးပိုင်ခွင့်ရသူ စာရင်းကြည့်နေသူများ / ဒီလှိုင်းဝင်း / ဧရာဝတီ

သပိတ်ကျင်း အုံးဇုံးကျေးရွာအုပ်စု မဲစာရင်းတွင် မဲ ပေးပိုင်ခွင့်ရှိသူအချို့ ပါဝင်မှုမရှိဟု ဆို

by ဒီလှိုင်းဝင်း
3 November 2018
7.7k

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁)အတွက် အုံးဇုံးကျေးရွာအုပ်စု မဲစာရင်းတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအချို့ မဲစာရင်းတွင် ပါဝင်မှု မရှိဟု သိရသည်။

ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘွဲခိန်း / မယ်တင့်

အမျိုးသားလွှတ်တော် အနိုင်ရ NLD ပါတီကိုယ်စားလှယ် ဦးဘွဲခိန်း နှင့် အင်တာဗျူး

by ဧရာဝတီ
5 April 2017
8.5k

ကြားဖြတ် ရွေးကောက်ပွဲ အရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘွဲခိန်းအား ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး ဆောင်းပါးရှင် မယ်တင့်က မေးမြန်းထားချက်များမှ ကောက်နုတ် ဖော်ပြလိုက် ပါသည်။

Next Post
သရုပ်ဆောင် လူမင်း / ဧရာဝတီ

“အစ်ကို ဖြစ်သူအတွက် ကျနော့် ဇနီးကလည်း မအိပ်နိုင်၊ မစားနိုင်တွေ ဖြစ်ခဲ့ရတယ်”

အာဇာနည်မိသားစုဝင်တွေပြောတဲ့ အာဇာနည်ခေါင်းဆောင်တွေ အကြောင်း

အာဇာနည်မိသားစုဝင်တွေပြောတဲ့ အာဇာနည်ခေါင်းဆောင်တွေ အကြောင်း

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate