• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းဒင်သတင်းကိုသာ ရဲက အလေးထား စစ်ဟု ရိုက်တာသတင်းထောက်များ ထွက်ဆို

by ဧရာဝတီ
19 July 2018
in သတင်း
A A
ဇူလိုင် ၁၇ ရက် တရားရုံးလျှောက်လဲချက်တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုသည် / Reuters

ဇူလိုင် ၁၇ ရက် တရားရုံးလျှောက်လဲချက်တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုသည် / Reuters

10.7k
VIEWS
Share on FacebookShare on Twitter

သူနှင့် လုပ်ဖေါ်ကိုင်ဖက်တဦးတို့ကို ဒီဇင်ဘာလက ဖမ်းဆီးခဲ့ပြီးနောက် ရဲအဖွဲ့၏ စစ်ဆေးမေးမြန်းချက်များသည် မွတ်စလင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သတင်းဖေါ်ပြရန် လုပ်ဆောင်ခြင်းအပေါ်တွင်သာ အာရုံစိုက်ပြီး ၎င်းတို့ရရှိထားသည်ဟု စွပ်စွဲသည့် လျှို့ဝှက် စာရွက်စာတမ်းများအပေါ် အာရုံမစိုက်ကြောင်း တရားရင်ဆိုင်နေရသည့် ရိုက်တာသတင်းထောက်တဦးက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့သည် သူနှင့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့ကို နှစ်ရက်ကျော်မျှ အိပ်ခွင့်မပေးဘဲ ခေါင်းစွပ်နက်များစွပ်ကာ လျှို့ဝှက် ဖမ်းဆီးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ပြီး ထိုနေရာတွင် မည်သူနှင့်မျှ တွေ့ခွင်မရစေဘဲ နှစ်ပတ်ခန့် ချုပ်နှောင်ထားသည်ဟု အသက် ၃၂ နှစ်အရွယ် ကိုဝလုံးက ပြောသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
428
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.9k

ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးတွင် နာရီအတန်ကြာသည့် နှစ်ရက်တာ ထွက်ဆိုစဉ်အတွင်း ရဲတပ်ဖွဲ့၏ ထောင်ချောက်ဟု သူမြင်သော လုပ်ရပ်များကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ၏ ထွက်ဆိုချက်များသည် တရားလိုဖက်က စွပ်စွဲချက်ဖြစ်သည့် ယာဉ်များကို ပုံမှန်စစ်ဆေးသည့်နေရာတွင် ထို သတင်းသမားနှစ်ဦးကို မည်သူ့ထံမှ ရလာသည်ကို မသိရသည့် လျှို့ဝှက်စာရွက်စာတမ်းများနှင့် အတူ ဖမ်းမိသည် ဟူသည့် စွပ်စွဲချက်အပေါ် လက်ရှိအချိန်အထိ အကျယ်ပြန့်ဆုံးစိန်ခေါ်မှု ဖြစ်သည်။

“ကျနော်တို့ကို စစ်ကြောရေးဝင်တဲ့ကာလတလျှောက်လုံးမှာ ကျနော်တို့မှာတွေ့တယ်ဆိုတဲ့ စာရွက်စာတမ်းအကြောင်းကို စိတ်ဝင်တစားမေးတာမရှိဘူး ကျနော်တို့ ရခိုင်ပြည်နယ်မောင်တောကနေ သတင်းပို့တဲ့အကြောင်းအရာတွေကိုပဲမေးတယ်။ ကျနော်က မအိပ်ရတာလည်း နာရီပေါင်းအတော်ကြာနေပေမယ့် သူတို့ကဆက်စစ်နေတော့ ကျနော့်မှာ ခြေကုန်လက်ပမ်းကျနေပြီ” ဟု ကိုဝလုံးက တရားရုံးတွင် ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ရေးသားသည်။

ဖမ်းဆီးခံရချိန်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အင်းဒင်ကျေးရွာမှ မွတ်စလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည့် သတင်းကို စုံစမ်းဖေါ်ထုတ်နေချိန်ဖြစ်သည်။

သတင်းထောက် ၂ ဦးတို့သည် ထောင် ၁၄ နှစ်အထိ အများဆုံးကျနိုင်သော ကိုလိုနီခေတ် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရသည်။ နှစ်ဦးစလုံးက ၎င်းတို့တွင် အပြစ်မရှိကြောင်း ပြောသည်။

သူတို့ကို စာရွက်စာတမ်း အချို့ပေးလိုက်သော ရဲအရာရှိနှင့်တွေ့ခဲ့သည့် စားသောက်ဆိုင်ပြင်ပတွင် သူနှင့်ကျော်စိုးဦးတို့ကို အရပ်ဝတ်နှင့် လူတစုက လက်ထိပ်ခတ်လိုက်သည့် စတင်အဖမ်းခံရသော ဒီဇင်ဘာလ ၁၂ ရက်နေ့ညဖြစ်ရပ်ကို ကိုဝလုံးက မိသားစုဝင်များ၊ သံတမန်များနှင့် ပြည့်နေသော တရားခုံရုံးတွင် ထွက်ဆိုခဲ့သည်။

၎င်းတို့ကို ရဲစခန်းသို့ ခေါ်ဆောင်သွားစဉ်အတွင်း အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရသူတဦးက ရဲမှူးကြီး တဦးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး “သူတို့ကိုမိထားပါပြီ” ဟု ပြောကြောင်း ကိုဝလုံးက ပြောသည်။ သို့သော် ဖုန်း မျက်နှာပြင်ကို မမြင်ရသောကြောင့် ထို ဒုရဲမှူးကြီး၏ အမည်ကို ကိုဝလုံး မသိရှိခဲ့ပေ။

၎င်းတို့၏ သတင်းတင်ပြချက်များကို ဟန့်တားရန် ထိုသတင်းသမားများအား ရဲတပ်ဖွဲ့ ထောင်ဖမ်းခဲ့ကြောင်း ပြသသည့် အထောက်အထားများကို တရားလိုဖက်က တင်သွင်းခဲ့ကြောင်း သတင်းသမားများအတွက် ခုခံချေပသော ရှေ့နေများက ယခင်ကပြောခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးကြီး မျိုးသူစိုးထံမှ ဝေဖန်သုံးသပ်ချက်ရရန် အင်္ဂါနေ့က ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာအစိုးရပြောခွင့်ရသူ ဦးဇော်ဌေးကလည်း မြန်မာနိုင်ငံမှ တရားရုံးများသည် လွတ်လပ်ပြီး ဥပဒေနှင့်အညီ ဆုံးဖြတ်မည်ဟု ပြောဆိုပြီး တရားစီရင်စဉ်ကာလအတွင်း ဝေဖန်ပြောဆိုရန် ငြင်းဆန်ထားသည်။ သူ့ကို အင်္ဂါနေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

သူသည် သတင်းသမားတဦးအနေဖြင့် သူ့အလုပ် သူလုပ်သည်ဖြစ်သောကြောင့် သူ့တွင် အပြစ်မရှိကြောင်း ကိုဝလုံးက ထွက်ဆိုစဉ် တလျှောက်လုံးတွင် ပြောသည်။

“ကျနော်ဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုချင်တဲ့ လူငယ်တယောက်ပါ။ ကျနော် မီဒီယာ အဖွဲ့အစည်းတွေမှာပဲ အလုပ်လုပ်ခဲ့ဖူးတယ်၊ တခြားအဖွဲအစည်းတွေမှာ တခါမှ မလုပ်ဖူးဘူး။ ကျနော် သူလျှိုမဟုတ်ဘူး” ဟု ကိုဝလုံးက ပြောဆိုသည်။

ရဲတပ်ဖွဲ့သည် သူ၏ဖုန်းကိုလည်း စစ်ဆေးခဲ့ပြီး အင်းဒင်ကျေးရွာမှ လူ ၁၀ ဦး အသတ်ခံရသည့် ဓါတ်ပုံများနှင့် ထိုကျေးရွာသို့ သူ ဆက်သွယ်ထားသော ဖုန်းများကိုလည်း တွေ့ရှိသွားခဲ့သည်။ သူတို့သည် ဖုန်းအတွင်းမှ အချက်အလက်များကို ရရှိပြီးနောက် ထိုသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးမည်ဟု စစ်ဆေးသူတဦးကပြောခဲ့ကြောင်းလည်း ကိုဝလုံးက ထွက်ဆိုခဲ့သည်။

ဖမ်းဆီးပြီးနောက် ၆ ရက်ကြာသောအခါ လုံခြုံရေးတပ်များသည် အင်းဒင်ကျေးရွာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသောနေရာတခုကို တွေ့ကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်မတော်က ကြေညာသည်။ ထို သတ်ဖြတ်မှုတွင် တပ်မတော်သားများ ပါဝင်ပတ်သက်ခဲ့ကြောင်းနှင့် အမည်မဖေါ်ပြသော စစ်သား ရ ဦးကို ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း နောက်ပိုင်း ရက်သတ္တပတ်များတွင် တပ်မတော်က ရှားရှားပါးပါး ဝန်ခံခဲ့သည်။

ထိုသို့ အရေးယူခြင်းသည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုနှင့် သက်ဆိုင်ခြင်းမရှိကြောင်း အာဏာပိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

သို့သော် စစ်ဆေးမေးမြန်းစဉ်အတွင်း ထိုသတင်းကို မထုတ်ပြန်ရန် သဘောတူလျှင် ၎င်းတို့အား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အပေးအယူလုပ်မည်ဟု အရာရှိတဦးက ကမ်းလှမ်းခဲ့သော်လည်း သူ ပယ်ချခဲ့သည်ဟု ကိုဝလုံးက တရားရုံးတွင်ပြောသည်။

“မင်းတို့နှစ်ယောက်လုံးက ဗုဒ္ဓဘာသာတွေလို့ သူတို့ကပြောတယ်။ ဒီလိုအချိန်မျိုးမှာ ဘာလို့ကုလား အကြောင်းရေးမှာလဲ။ သူတို့တွေက နိုင်ငံသားတွေ မဟုတ်ဘူး” စစ်ဆေးသော အရာရှိကပြောကြောင်း ကိုဝလုံးက ပြောသည်။

ထိန်းသိမ်းရေးစခန်းတွင် ထားရှိသည့် နှစ်ပတ်ကြာအတွင်း သူတို့သတင်းသမား နှစ်ဦးကို ခေါင်းစွပ်စွပ်ပြီး သတ်မှတ်ထားသော နေရာသို့ခေါ်ဆောင်သွားကာ အသက်ဘေးအန္တရာယ် စိုးရိမ်ရအောင် လုပ်ဆောင်ခဲ့ကြောင်းလည်း ကိုဝလုံးက ပြောသည်။

ရိုက်တာသတင်းဌာနသည် ထိုသတင်းသမားနှစ်ယောက်၏ သတင်းကြောင့် အကျိုးအမြတ်ရခြင်း ရှိ မရှိ၊ သတင်းသမားများ မည်သည့်ငွေကြေးဖြင့် လုပ်အားခ ရသည်နှင့် ကိုဝလုံးရေးသည့် သတင်းများကို အမေရိကန်ပြည်ထောင်စုရှိ ရိုက်တာ ဌာနချုပ်သို့ ပို့ဆောင်ခြင်း ရှိမရှိတို့ကို တရားလို အကျိုးဆောင် ဦးကျော်မင်းအောင်က ပြန်လှန်စစ်မေးချိန်တွင် မေးမြန်းခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များနှင့် ပတ်သက်သော လျှို့ဝှက် စာရွက်စာတမ်းများ ရှိနေသည်ကို ကိုဝလုံး သတိထားမိခြင်း ရှိမရှိကိုလည်း တရားလို အကျိုးဆောင်က မေးမြန်းသည်။ သူတို့ကို မဖမ်းမီ မိနစ်ပိုင်းကမှ ပေးလိုက်သော စာရွက်စာတမ်းများ၏ သဘောသဘာဝကို ၎င်းတို့ မသိခဲ့ကြောင်း သတင်းထောက်များက ဖြေသည်။

တရားသူကြီး ဦးရဲလွင်က အမှုစစ်ဆေးခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြန်လည်ချိန်းဆိုပြီး ပြန်လှန်စစ်မေးခြင်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

ကိုးကား။ ။ Reuters

Your Thoughts …
Tags: ကိုဝလုံးတရားရုံးလျှောက်လဲချက်ရိုက်တာသတင်းထောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်ကို ယနေ့ရုံးချိန်းအပြီး မြင်ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင် ပြော

by ထွန်းထွန်း
20 April 2018
63.6k

အင်းဒင်ကျေးရွာ လူသတ်မှုဖော်ထုတ်သည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က ပြောသည်။

မေလ ၇ ရက်နေ့ ရန်ကုန် အင်းစိန်ထောင်မှ ပြန်လွတ်လာသော ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး

by ကျော်စွာမိုး
27 May 2019
6.2k

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် သတင်းကောင်းဖြစ်သော်လည်း မီဒီယာလောက အပြောင်းအလဲ ရှိလာမည့် သတင်းတော့ မဟုတ်သေးချေ။

ယနေ့လွတ်မြောက်လာသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး / Reuters

Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ

by ထွန်းထွန်း
7 May 2019
13.5k

Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား လွတ်ငြိမ်းချမ်းသားပေးခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ ကူးပြောင်းရေး ကတိကဝတ် လက္ခဏာ တရပ်အား မြန်မာအစိုးရ ပြသခဲ့ခြင်းဖြစ်ကြောင်း

အဖမ်းခံ ရိုက်တာသတင်းထောက်များနှင့် ၎င်းတို့ ဇနီးများ ပုံပါ တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးနှင့် တိုင်းမဂ္ဂဇင်း၏ လက်တောက် မန်နေဂျင်းဒါရိုက်တာ ဘန် ဂိုးလ်ဘာဂါ / Reuters

TIME တနှစ်တာ ဂုဏ်ပြုထိုက်သူစာရင်းတွင် ထောင်ချခံ မြန်မာသတင်းထောက်များလည်း ပါဝင်

by ဧရာဝတီ
12 December 2018
9.7k

မဂ္ဂဇင်း၏ သက်တမ်း ၉၅ နှစ်အတွင်း သတင်းနယ်ပယ်မှသူများကို ဂုဏ်ပြုထိုက်သူများအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ် အောင်ဝင်းဦးကို ယနေ့ နေပြည်တော်ရှိ သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်  / ထက်နိုင်ဇော် / ဧရာဝတီ

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် မဖမ်းခဲ့ကြောင်း ရဲချုပ် ငြင်း

by ထက်နိုင်ဇော်
15 May 2018
22.3k

ရိုက်တာ သတင်းထောက် ၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း ရဲချုပ် အောင်ဝင်းဦးက ပြောသည်။

အဖမ်းခံ ရိုက်တာ သတင်းထောက် ၂ ဦးကို လွှတ်ပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ကြစဉ် / Reuters

ရိုက်တာသတင်းထောက်၂ ဦးကို လွတ်ငြိမ်းခွင့်ပေးပါ

by Stephen J. Adler
26 November 2018
10.1k

Reuters သတင်းဌာန၏ အယ်ဒီတာချုပ်လည်း ဖြစ်၊ ဥက္ကဋ္ဌလည်း ဖြစ်သူက အဖမ်းဆီးခံ သတင်းထောက် ၂ ဦး ဘာကြောင့် လွှတ်ပေးသင့်သည်ကို တင်ပြထားသည်။

Next Post
Twitter မှာ တင်ထားတဲ့ "Mi A2" စမတ်ဖုန်းရဲ့ ပိုစတာဓာတ်ပုံ

ဇူလိုင်လ ၂၄ ရက်နေ့မှာ တရားဝင် ထွက်ရှိလာမယ့် “Xiaomi Mi A2” စမတ်ဖုန်း

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း မြင်ကွင်း  / ဂျေပိုင်

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဟောင်းထံကကြွေးကျန်များ ပြန်ရပြီ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate