• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရတနာပုံတက္ကသိုလ်ဝန်းအတွင်း အာဇာနည်နေ့အခမ်းအနား ကျင်းပခွင့်မရ

by ဒီလှိုင်းဝင်း
19 July 2018
in သတင်း
A A
ရတနာပုံတက္ကသိုလ်ကျောင်းဝင်းပြင်ပတွင် ပြုလုပ်ခဲ့သည့်အခမ်းအနား / ဒီလှိုင်းဝင်း

ရတနာပုံတက္ကသိုလ်ကျောင်းဝင်းပြင်ပတွင် ပြုလုပ်ခဲ့သည့်အခမ်းအနား / ဒီလှိုင်းဝင်း

7.1k
VIEWS
Share on FacebookShare on Twitter

ယနေ့ ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်သည့် ၇၁နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မန္တလေးရတနာပုံတက္ကသိုလ်ဝန်း အတွင်း ကျင်းပခွင့်မပြုသဖြင့် ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းပြင်ပရှိ ဖယ်ရီကားရပ်နားကွင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။

“အာဇာနည်နေ့အခမ်းအနားလုပ်ဖြစ်ရတာတော့ တက္ကသိုလ်ကျောင်းသားများအနေနဲ့ နိုင်ငံအတွက် လွတ်လပ်ရေးကြိုးပမ်း ရင်း အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွှတ်ဂုဏ်ပြုပြီး အလေးပြုချင်တဲ့အတွက်ပြုလုပ်ဖြစ်တာပါ၊ ဒီနှစ်က ပထမဆုံးအတွေ့အကြုံဖြစ်တယ်”ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ-ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်သီဟရဲကျော်က ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
653
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
714

အဆိုပါအခမ်းအနားကို ရတနာပုံတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ရန်အတွက် ကျောင်းအာဏာပိုင်များထံ ခွင့်တောင်းခဲ့သော်လည်း ခွင့်ပြုပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ တက္ကသိုလ်ကျောင်းပြင်ပ၌ ပြုလုပ်ရခြင်းဟု သိရသည်။

“တက္ကသိုလ်ကျောင်းသားလူငယ်တွေ ဦးဆောင်ကျင်းပတာဖြစ်တဲ့အတွက် ကျနော်တို့လုပ်ချင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ကြတာပါ၊ နောက်ဒီလိုပွဲမျိုးက နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အခမ်းအနားဖြစ်တယ်၊ ဒါကို တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်တာဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းဝင်းထဲမှာပဲ လုပ်ချင်ခဲ့ကြတာပါ၊ ဒါပေမယ့်လုပ်ခွင့် မရခဲ့ပါဘူး၊ အထူးသဖြင့် ကျောင်းထဲမှာ အာဇာနည်ဗိမာန်ဆောက်တာတို့၊ လွမ်းသူပန်းခွေချတယ်ဆိုတာတွေက တက္ကသိုလ်ဝင်းနဲ့မသင့်တော်ဘူးဆိုတဲ့ စကားတခွန်းတည်းနဲ့ပယ်ချခံခဲ့ရပါတယ်”ဟု ကိုကျော်သီဟရဲကျော်က ဆက်လက် ပြောသည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုရဲမင်းထွန်းကလည်း “ကျနော်တို့ကျောင်းသားသမဂ္ဂအနေနဲ့ အာဇာနည်နေ့အခမ်းအနားလုပ်ဖို့ ကျောင်းကတာဝန်ရှိသူတွေနဲ့သွားညှိတယ်၊ သူတို့ဘက်က ကျောင်းအတွင်းမှာ မလုပ်စေချင်ဘူး၊ ဝန်ကြီးချုပ်ဦးဆောင်လုပ်တဲ့အခမ်းအနားကို သွားတက်ကြပါ၊ စီစဉ်ပေးမယ်လို့ပြောတယ်၊ ကျနော်တို့ ကျောင်းသား တွေက ကျောင်းအတွင်းမှာပဲ ဗိမာန်ဆောက်ပြီး အခမ်းအနားလုပ်ချင်ကြတာပေါ့၊ ဒါကို ပါချုပ်အနေနဲ့ပြောတာကတော့ ဒီအပေါ်မှာ ဘာသာရေး၊ လူမှုရေး အမြင်တွေရော၊ နိုင်ငံရေးတွေနဲ့ပါရောထွေးပြီး မလုပ်ဖို့ပဲပြောတယ်”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်ပသို့ ရောက်ရှိနေကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

ထို့ကြောင့် အခမ်းအနားကို ကျောင်းအပြင်ဘက်ရှိ ဖယ်ရီကားကွင်းတွင် ပြုလုပ်ခဲ့ပြီး အာဇာနည်ဗိမာန်ပုံစံဆောက်လုပ်၍ အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ခဲ့သလို ဗကသများအဖွဲ့ချုပ်နှင့် ညီနောင်သမဂ္ဂများက လွမ်းသူပန်းခွေများချ၍ ဂုဏ် ပြုခဲ့ကြကြောင်း သိရသည်။

“ကျနော်တို့က လူငယ်တွေဖြစ်တဲ့အတွက် ယုံကြည်ချက်နဲ့အလုပ်လုပ်ကြတာဖြစ်တယ်၊ နောက် လူကြီးတွေ အမြဲပြောတဲ့ စကားက လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တယ်လို့ပြောပြီး အဲဒီလူကြီးတွေကပဲ လူငယ်တွေကို ယုံကြည်မှု လုံး၀ မရှိဘူး၊ လူငယ်တွေကို ယုံကြည်မှုရှိရှိနဲ့ လုပ်ငန်းတာဝန်တွေကို ပေးမခိုင်းရဲကြဘူး၊ ဒါကြောင့် လူငယ်တွေကို ယုံကြည် ပေးပါ၊ လုပ်နည်းလုပ်ဟန်အရ မှားနေတဲ့အမှားတွေကို လူကြီးတွေက လမ်းညွှန်ပေးပါ၊ ဒီကနေ့လူငယ်တွေကို နိုင်ငံတော် အဆင့်က လူကြီးတွေကပါ ယုံကြည်မှုရှိရှိနဲ့ အချို့လုပ်ငန်းတာဝန်တွေကို ပေးအပ်ပေးပါလို့ ပြောချင်ပါတယ်”ဟု ကိုကျော်သီဟရဲကျော်က ဆက်လက် ပြောသည်။

ကျောင်းဝန်းပြင်ပတွင်ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ ရတနာပုံတက္ကသိုလ်ကျောင်းအတွင်းရှိ မေဂျာပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းအနီးနေပြည်သူ ဦးရေ ၅၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် အာဇာနည်နေ့နှင့်ပက်သက်သည့် အကြောင်း အရာများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးများ အောက်မေ့ဖွယ်ရာများကို ရတနာပုံတက္ကသိုလ် ကျောင်းသား ဟောင်းဖြစ်သူ စာရေးဆရာမြတ်မင်းသူက ဟောပြောပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အမှတ်တရအနေဖြင့် ၇၁ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လွယ်အိတ်၊ အကျႌများပြုလုပ် ၍ ရောင်းချပေးခဲ့သလို အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်များထုတ်ဝေ၍ အခမဲ့ဝေငှခဲ့ကြကြောင်း သိရသည်။

Your Thoughts …
Tags: ရတနာပုံတက္ကသိုလ်ဝန်းအတွင်း အာဇာနည်နေ့အခမ်းအနား ကျင်းပခွင့်မရ
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ပြုလုပ်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား / NLD / Facebook

နိုင်ငံရေးပြဿနာကို အင်အားသုံးခြင်းက လူထုကိုမေတ္တာမထားခြင်းဟု NLD ဆို

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်လာသော တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက် ရေး ပါတီ (TNDP) မှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်  / ထက်ဝေ / ဧရာဝတီ

“ရှမ်းနီ လူမျိုးက အမေ့ခံ ပုံစံမျိုး ဖြစ်နေတယ်”

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate