• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ပထွေး ဖမ်းဆီး

by ဆလိုင်းသန့်စင်
21 July 2018
in သတင်း
A A
မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မျိုးအောင် / အောင်မြသန်း / Ayeyarwaddy Times

မယားပါသမီး ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မျိုးအောင် / အောင်မြသန်း / Ayeyarwaddy Times

50k
VIEWS
Share on FacebookShare on Twitter

ဇနီးဖြစ်သူမှ ပါလာသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ကာ ထွက်ပြေး တိမ်းရှောင်နေသည့် မျိုးအောင်ဆိုသူအား မအူပင်မြို့နယ် မလက်တိုနယ်မြေရဲစခန်းက ဖမ်းဆီးလိုက် သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပန်းတိုင်ကျေးရွာ၌ ငါးကန်စောင့် အလုပ်လုပ် ကိုင်သူ မျိုးအောင် (၃၀နှစ်)သည် ဇနီးမှ ပါသည့် အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် အတွက် မိခင်ဖြစ်သူက ထန်းတပင်မြို့နယ် တပ်သစ် ရဲစခန်းတွင် ဇူလိုင်လ ၁၂ ရက်နေ့က တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့မှ ပုဒ်မ ၃၇၆ (မုဒိန်းမှု) ၃၆၃ (လူခိုးမှု) တို့ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

RelatedPosts

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
53
နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

နောက်ဆက်တွဲငလျင်တွေက နှစ်နဲ့ချီကြာနိုင်တယ် (ရုပ်/သံ)

21 May 2025
32
စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

စာနာမှုများ ကင်းမဲ့သွားသော ကမ္ဘာ

21 May 2025
177

မျိုးအောင် ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ၎င်း၏မိဘများရှိရာ မအူပင်မြိုနယ် မလက်တို အုပ်စု အလန်းအုပ် ကျေးရွာသို့ ခေတ္တပြန်လာချိန် ရပ်မိရပ်ဖများနှင့် မလက်တို နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တရားခံပြေး မျိုးအောင်အား ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသ ကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “မှုခင်းဖြစ်တာ တော့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှာဖြစ်တာ။ တရားခံကတော့ ကျနော်တို့ တိုင်း အတွင်းက မအူပင်ဘက်ကို ထွက်ပြေးလာတဲ့ အတွက် မအူပင်မြို့နယ် မလက်တိုရဲကင်းက ဖမ်းတယ်။ ဒါပေမယ့် ရန်ကုန်တိုင်းဘက်က အမှုဖြစ်လို့ တရားခံကို ရန်ကုန် တိုင်းက သက်ဆိုင်ရာ နယ်မြေ စခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

အဓမ္မကျင့်ခံရသည့် မိန်းကလေးငယ်၏ မိခင်က သူသည် ခင်ပွန်း ဆုံးပါးသွား၍ သမီးတဦးကျန်ခဲ့ရာ မလက်တို အုပ်စု အလန်းအုပ် ကျေးရွာမှ မျိုးအောင်နှင့် ထပ်မံအိမ်ထောင်ပြုခဲ့ကြောင်း၊ ထန်းတပင် မြို့နယ်၊ ပန်းတိုင်ရွာရှိ ငါးကန်စောင့် လုပ်ငန်းကို မိသားစုလိုက်နေထိုင် လုပ်ကိုင်နေကြစဉ် အသက် ၁၃ နှစ်အရွယ်သမီးကို ပထွေးမျိုးအောင်မှ အဓမ္မပြုကျင့်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျမက ငါးကန်ထဲမှာ ကန်စွန်းရွက်ခူးပြီး ရောင်းစားနေရတာပါ၊ ကန်စွန်းရွက်ခူး သွားနေတဲ့အချိန် ညဘက်ပိုင်းတွေမှာ ကိုမျိုးအောင်က အိမ်မှာ ကလေးတွေကို အရက်မူးပြီး ရမ်းကားတယ်၊ ဓမ္မပြုကျင့် ခံရတယ် ဆိုတာလည်း ကိုမျိုးအောင် ကိုယ်တိုင် အရက်မူးလွန်ပြီး နင့်သမီးကိုလည်း ငါသားမယား ပြုကျင့်ထားတယ်လို့ ပြောလို့ ကျမက သမီးကို ချော့မော့မေး တော့မှ ဒီကိစ္စကို သိခဲ့တာ။ ကလေးကို သူက ပြန်မပြောနဲ့၊ ပြောတာနဲ့ ကိုင်းခုတ်ဓားနဲ့ ခုတ်သတ်မယ်ပြောထားလို့ ကလေးက ကြောက်ပြီး မပြောခဲ့တာ”ဟု အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။

သမီးဖြစ်သူ အဓမ္မပြုကျင့်သည့်ဖြစ်စဉ်ကို သိရှိပြီးနောက် မိခင်မှာ ကလေးများကို ခေါ်၍ ၎င်းနေထိုင် ရာ မအူပင်မြို့နယ် အတွင်းမှ ရွာသို့ပြန်လာခဲ့ပြီး ကျေးရွာရာအိမ်မှူးတို့၏အကူအညီဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ် တပ်သစ် နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“အင်းစိန်ဆေးရုံမှာ ဆေးစစ်ချက်အရ အခု သမီးလေးမှာ ကိုယ်ဝန် ၆ လ ရှိနေပြီ။ ကျမတို့မှာ စားဖို့ သောက်ဖို့တောင် အနိုင်နိုင် ရှာဖွေနေရတာဆိုတော့ ကလေးမီးဖွားဖို့၊ ကလေးစရိတ်တွေ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး”ဟု ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်၏ မိခင်က ဆက်ပြောသည်။

မယားပါ သမီးဖြစ်သူကို အဓမ္မပြုကျင့်မှုဖြင့် မအူပင်မြို့နယ်၊ မလက်တိုအုပ်စု၊ အလန်းအုပ်ကျေးရွာမှ မျိုးအောင်(အသက် ၃၀ နှစ်) အား ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တပ်သစ်ရဲစခန်းမှ ပြစ်မှုနံပါတ် ၂၇၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင် ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Your Thoughts …
Tags: အဓမ္မပြုကျင့်မှု
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်

by ဟိန်းထူးဈာန်
6 November 2024
13.9k

အင်းတော် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်ပြီး SNA ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကို မှတ်ချက်တောင်းရန် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသည့် မျိုးမြင့်အောင် / မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

သမီးအရင်း ၂ ဦးအား အဓမ္မပြုကျင့်သည့် ဖခင်ကို ဖမ်းဆီး

by ဒီလှိုင်းဝင်း
16 July 2019
155.9k

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြား သမီးနှင့် အသက် ၂၀ အရွယ် သမီးတို့ကို အဓမ္မပြုကျင့်ခဲ့သော ဖခင်ရင်းကို ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ပြည်ကြီး တံခွန်မြို့မရဲစခန်းက သိရသည်။

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

by ဧရာဝတီ
14 November 2022
5.2k

စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲရုံးနှင့် ထိုရုံးမှတပ်မှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် စစ်ကြောရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဓိက တာဝန်ရှိသူဖြစ်သည်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

စစ်အာဏာသိမ်းအပြီး ရန်ကုန်မြို့အတွင်း တွေ့ရသော စစ်သားများ / ဧရာဝတီ

တီးတိန်မှာ စစ်တပ်က မုဒိန်းကျင့်ပြီး လုယက်

by ဧရာဝတီ
17 November 2021
26k

မလုပ်ပါနဲ့၊ ကလေးမွေးတာလည်း အနာမကျက်သေးဘူးပေါ့။ အဲဒီလိုမျိုး ပြောတာကို မရတာ

Next Post
"Meteor Garden 2018" ဇာတ်လမ်းတွဲမှာ ပါဝင်ကြသူများ

လူကြိုက်များနေတဲ့ တရုတ် F4 ဇာတ်လမ်းတွဲသစ် "Meteor Garden 2018"

ထိုင်း သံအမတ်ကြီးဟောင်းတဦးဖြစ်သူ ကော့ပ်ဆက် ချူတီကူလ်

ရခိုင် အကြံပေးအဖွဲ့မှ ထိုင်းသံအမတ်ဟောင်းတဦး ထပ်မံ နုတ်ထွက်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.9k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate