သတင်း

ဧည့်သည် ကျန်ခဲ့သည့် ငွေများ ပြန်အပ်သည့် မြန်မာအမျိုးသမီး ဂုဏ်ပြုခံရ

ထိုင်းနိုင်ငံ ကော့စမွေ္ပကျွန်းရှိ ဟိုတယ်တလုံး၌ အလုပ်လုပ်နေသည့် ဆွေလဲ့မူ အမည်ရှိ မြန်မာ အမျိုး သမီး ဝန်ထမ်းတဦးကို ဒတ်ချ်လူမျိုး ကမ္ဘာ့လှည့်ခရီးသွားတဦး ကျန်ရစ်ခဲ့သည့် ငွေများကို ရိုးသား စွာပြန်လည် အပ်နှံခဲ့သည့် အတွက် မနေ့က ဆူရတ်ဌာနီ မြို့တော်ဝန်မှ ချီးကျူး ဂုဏ်ပြုခံခဲ့ရကြောင်း Bangkok Post သတင်းက ဆိုသည်။

မဆွေလဲ့မူသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကော့စမွေကျွန်း ချာဝန်ကမ်းခြေရှိ အက္ကဘာကမ်းခြေ ဟိုတယ် လှေကား ၌ သန့်ရှင်းရေး တာဝန်ဆောင်ရွက်နေချိန် ပလတ်စတစ် သေတ္တာတလုံးအတွင်းမှ ထိုင်းဘတ်ငွေ ၂သိန်း ၈သောင်းနှင့် ညီမျှ သည့် သြစတြေးလျ ဒေါ်လာ ၁၁၀၀၀တွေ့ရှိခဲ့၍ ဟိုတယ် ဧည့်ကြိုဌာနသို့ အပ်နှံခဲ့ရာ ဟိုတယ်က မူလပိုင်ရှင်ကို ဆက်သွယ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ပိုင်ရှင်ကို Bor Phut ရဲတပ်ဖွဲ့ လုံခြုံရေး ကင်မရာမှ ခြေရာခံစစ်ဆေးရာ နယ်သာလန်နိုင်ငံမှ ကမ္ဘာ လှည့် ခရီးသွား အသက် ၃၁နှစ်ရှိ အလက်ဇန္ဒား ဂျိုးဇက်ဆိုသူဖြစ်ပြီး၊ ဟိုတယ်လှေကားတွင် ဆေးလိပ်သောက်ရင်း ငွေထည့်ထားသည့် သေတ္တာကို မေ့၍ အခန်းထဲသို့ ပြန်ဝင်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဟိုတယ်ရှိ ဧည့်သည်များမှာလည်း မန်နေဂျာ တန်နာဖွန် အူထိုင် ဝဏာပွန်၏ သတိပေးနှိုးဆော်ချက် အရ ကိုယ်စီကိုယ်ငှ စစ်ဆေးသော်လည်း ၎င်းတို့၏ ငွေသားများမှာ သူ့နေရာနှင့်သူ ရှိနေဆဲဖြစ် ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့အတွက် ရိုးသားစွာဖြင့် ငွေများကို ပြန်အပ်ခဲ့သည့် မြန်မာဝန်ထမ်း အမျိုးသမီး မဆွေလဲ့မူ အား ကော့စမွေ အပန်းဖြေ ကျွန်းအား နာမည်ကောင်း ရရှိစေရန် ကူညီမြှင့်တင်ပေးခဲ့သည့်အတွက် ဟိုတယ်ဇုန်အုပ်ချုပ်ရေးမှူးက ချီးကျူး ဂုဏ်ပြုခဲ့ သလို၊ ဒတ်ချ် ကမ္ဘာလှည့်ခရီးသွားကလည်း အမေရိကန်ဒေါ်လာ ၁၀၀ ချီးမြှင့်ခဲ့သည်။

Loading