• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆားကြမ်းဈေး မြင့်နေသဖြင့် ဧရာဝတီတိုင်း ဆားစက်များ အခက်တွေ့

by ဆလိုင်းသန့်စင်
23 July 2018
in သတင်း
A A
ငပုတောမြို့နယ်ရှိ နေလှမ်းဆားချက် လုပ်ငန်းခွင်  / ဆလိုင်းသန့်စင် / ဧရာဝတီ

ငပုတောမြို့နယ်ရှိ နေလှမ်းဆားချက် လုပ်ငန်းခွင် / ဆလိုင်းသန့်စင် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီးတွင် ဆားကြမ်းဈေးနှုန်း စံချိန်တင် မြင့်တက်နေမှုကြောင့် ဆားစက်များ အနေဖြင့် ဆားချောကြိတ် ခွဲထုတ်လုပ်ရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

ဆားကြမ်း ဈေးနှုန်းများမှာ ဇူလိုင် လဆန်းပိုင်းမှ စတင်၍ ၁၀ နှစ် အတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် တပိဿာလျှင် ၂၃၀ ကျပ်ဈေး အထိ စံချိန်တင်မြင့်တက်နေသည့် အတွက် ပုသိမ်မြို့နှင့် မြောင်းမြမြို့မှ ဆားစက်များ အနေဖြင့် ဆားကြမ်းများ ဝယ်ယူ ကြိတ်ခွဲရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ဆားစက်လုပ်ငန်းရှင်များက ဆိုသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
81
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.5k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
662

ပုသိမ်မြို့ရှိ ရွှေပြည်တန် ဆားစက်ပိုင်ရှင် ဦးထွန်းထွန်းက “ဆားကြမ်းအဆင့်ကနေ ဆားချော ထုတ်ရောင်းဖို့က အနည်းဆုံး ဈေးနှုန်းက ၆၀၊ ၇၀ ကျပ်လောက် ခွာထားမှ ကိုက်တယ်။ အခုကျတော့ ဆားကြမ်းဈေးက ၂၃၀ အထိ ဖြစ်တော့ အချော လုပ်ရောင်းမယ်ဆို တပိဿာ ၃၀၀ လောက် ရောင်းမှ ကိုက်မယ်။ ဝယ်သူတွေ ဘက်ကလည်း ဈေးတက်တော့ ဝယ်တဲ့နှုန်း ကျသွားတယ်။ ဆားစက်တွေမှာ ကြိတ်ခွဲဖို့တောင် အခက်အခဲ ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း၌ ယခုနှစ် ဆားကြမ်း စတင် ထွက်ရှိချိန်က တပိဿာလျှင် ၉၀ ကျပ် ဈေးနှုန်းသာ ရှိခဲ့သော်လည်း ဝယ်လို အားများသည့် အတွက် ဆားဈေးနှုန်း တရိပ်ရိပ် မြင့်တက်ခဲ့ပြီး ဇူလိုင်လ ဆန်းပိုင်းတွင် ဆား တပိဿာ ၂၃၀ ကျပ်အထိ ရောက်ရှိခဲ့ကာ လက်ရှိ၌ အဆိုပါ ဈေးနှုန်း အတိုင်း ဆက်လက် တည်ရှိနေသည်။

ဧရာဝတီတိုင်းရှိ ငပုတောနှင့် လပွတ္တာ မြို့နယ်များတွင် နေလှန်းဆားချက် လုပ်ငန်းများ အဓိက လုပ်ကိုင်ကြပြီး နာဂစ် မုန် တိုင်းတိုက်ခတ်သည့် ၂၀၀၈ ခုနှစ် နောက်ပိုင်း ဆားကြမ်းဈေး ကျဆင်းမှုကြောင့် ဆားထုတ်လုပ် ဧရိယာများ လျော့ကျလာ ခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်း ယခင်နှစ်များထက် ၃ ပုံ ၁ ပုံခန့် လျော့ကျခဲ့ခြင်း၊ ရောင်း လိုအား နည်းနေပြီး ဝယ်လိုအားများ နေခြင်းကြောင့် စံချိန်တင် ဈေးမြင့်တက်ရခြင်း ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

“ဆားကြမ်းဈေးကတော့ လက်ကျန် ပစ္စည်းလည်း နည်းနေတော့ လက်ရှိ တပိဿာ ၂၃၀ ဈေးထက် ပြန်ကျဖို့တော့ ခဲယဉ်း လိမ့်မယ်ထင်တယ်။ ဆားဈေးမြင့်နေတော့ ဆားချောအမှာ (ဝယ်လိုအား) ကတော့ တော်တော်လေး လျော့သွားတယ်။ ဒီလို ဈေးတက်ပုံမျိုးနဲ့ဆိုရင် အိမ်နီးချင်း နိုင်ငံတွေက ဆားတွေ ပြည်တွင်းထဲ ပြန်ဝင်လာမှာ စိုးရိမ်ရတဲ့ အနေအထားတောင် ရှိတယ်” ဦးထွန်းထွန်းက သုံးသပ်ပြောဆိုသည်။

ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှ ဆားတောင်သူများမှာ နှစ်စဉ် အောက်တိုဘာလမှ စတင်၍ နေလှန်းဆားချက် လုပ်ငန်း လုပ်ကိုင်ကြပြီး နောင်နှစ် ဖော်ဖော်ဝါရီလနှင့် မတ်လများတွင် ဆားကျုံးလေ့ ရှိကြသည်။

ယင်းဒေသများမှ ထွက်ရှိသည့် ဆားကြမ်းများကို ပုသိမ်မြို့နှင့် မြောင်းမြမြို့ရှိ ဆားအချော ထုတ်လုပ်သည့် ဆားစက်ရုံများ က ဝယ်ယူ၍ အိုင်အိုဒင်းဆား ချောထုတ်လုပ်ကာ မြန်မာတနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ တင်ပို့ ရောင်း ချကြောင်း သိရသည်။

ဧရာဝတီတိုင်း ဆားစက် လုပ်ငန်းရှင်များ အသင်း နာယကလည်း ဖြစ်သူ ဦးထွန်းထွန်းက “ဧရာဝတီတိုင်းမှာက နာဂစ် မုန် တိုင်းတုန်းကလည်း လူတွေသေ၊ ဆားဖိုတွေ ပျက်ခဲ့ကြတယ်။ နောက်တော့ ဆားဈေးတွေ ကျပြီး ထုတ်လုပ်မှု စရိတ် အောက် ရောက်တော့ တောက်လျောက် ရှုံးကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၇နဲ့ ၂၀၁၈ ရာသီမှာ ဈေးတက်လာတော့ ဆားထုတ် တဲ့သူတွေ အဆင်ပြေပြီး အကြွေးကျေတဲ့လူတွေ ကျေကုန်ကြတယ်။ ဒါပေမယ့် ဆားချော ထုတ်လုပ်တဲ့ ဆားစက်တွေမှာ ကျတော့ အရင်းအနှီးများပြီး ကြိတ်ခတောင် မကျန်ချင်ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ နေလှန်းဆားချက်လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းမှာ လပွတ္တာနှင့် ငပုတောမြို့နယ်တွင် တည်ရှိပြီး ဆားကွင်း ဧရိ ယာ ဧက ၃ သောင်းကျော် တည်ရှိကာ ဆားတောင်သူပေါင်း ၉၀၀ ကျော် လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း ဧရာဝတီ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး စာရင်းများ၌ ဖော်ပြထားသည်။

ပုသိမ်မြို့နှင့် မြောင်းမြမြို့တို့တွင် ဆားချောထုတ်လုပ်သည့် စက်ရုံပေါင်း ၃၀ ကျော် လည်ပတ် လုပ်ကိုင်နေကြောင်း အဆို ပါ ရုံးမှ သိရသည်။

Your Thoughts …
Tags: ဆားကြမ်းဈေးတက်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သောဆိုင် ကတ်ပြားများ ထုတ်ပေးစဉ်  / ဒီလှိုင်းဝင်း  / ဧရာဝတီ

မန္တလေးဈေးချိုကို ဓာတုဆေးကင်းစင်နယ်မြေအဖြစ် သတ်မှတ်မည်

"Lust Stories" Short Film ဇာတ်ကား

လိုအင်ဆန္ဒများရဲ့အလွန် (သို့မဟုတ်) "Lust Stories" (2018)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate