• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ကြီးနားရှိ ဗိုလ်ချုပ် ရုပ်တု ဖျက်ဆီးခံရ

by နန်းလွင်နှင်းပွင့်
23 July 2018
in သတင်း
A A
မြစ်ကြီးနား မြို့လယ်ရှိ ဖျက်ဆီးခံရသော ဗိုလ်ချုပ် ရုပ်တု / ဦးကျော်ဦး

မြစ်ကြီးနား မြို့လယ်ရှိ ဖျက်ဆီးခံရသော ဗိုလ်ချုပ် ရုပ်တု / ဦးကျော်ဦး

26.4k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် မြစ်ကြီးနား မြို့လယ် နာရီစင် အနီး ဗိုလ်ချုပ် အောင်ဆန်း အလေးပြုရင်ပြင် အတွင်း စိုက်ထူထားသော ဗိုလ်ချုပ် ကြေးရုပ် ဇူလိုင် ၂၂ ရက် ညက ဖျက်ဆီးခံရသည်ဟု သိရှိရသည်။

မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဦးက “ညသန်းခေါင်မှာ ဗိုလ်ချုပ် ရုပ် တု က မီးတွေက အမှောင် ကျနေသလို ဖြစ်နေတာ။ အဲဒီမှာ လာပြီး ရုပ်တုတင်တဲ့ ရင်ပြင်ကို ရိုက်ချိုးသွားတယ်ဗျာ။ တူနဲ့ ရိုက်ချိုးသွားတာ။ နောက် ဗိုလ်ချုပ်မျက်နှာကို သင်္ဘောဆေး အစိမ်းရောင်တွေနဲ့ ပက်သွားတာ”ဟု ပြောပြသည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
193
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
52
စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
57

မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ် ရဲမှူး မြတ်မိုးက ဗိုလ်ချုပ် ကြေးရုပ်မှာ အများပြည်သူပိုင် ပစ္စည်း ဖြစ်သဖြင့် ဖျက်ဆီး ခံရခြင်းနှင့် ပတ်သက်၍ အများပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆/၁ ဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု ဆိုသည်။

ပုဒ်မ ၆/၁ သည် ပြည်သူပိုင်ပစ္စည်း တစုံတရာကို ပိုင်ဆိုင် ခွင့် မရှိဘဲ လက်ဝယ်ထားခြင်း၊ ခိုးယူခြင်း၊ အလွဲသုံးစားမှု ပြုခြင်း၊ အကျိုး ပျက်စီးစေခြင်းများ ပြုလုပ်လျှင် ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ ကြိမ်ဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ကြိမ်ဒဏ် နှင့် ငွေဒဏ်ပါ တပေါင်းတည်း ကျခံစေရန် ပြစ်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ သင်္ဘောဆေးဖြင့် အပက်ခံထားရသည့် ဗိုလ်ချုပ် ကြေးရုပ်ကို မြစ်ကြီးနားမြို့ စည်ပင် သာယာရေး ကော်မတီက လာရောက် ပြင်ဆင်နေသည်ဟု ရဲမှူး မြတ်မိုးက ပြောသည်။

ရဲမှူးမြတ်မိုးက “ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီကတော့ အစိုးရအဖွဲ့က တရားလို လုပ်မယ်ဆိုရင် သူတို့ မလုပ် ဘူး။ တကယ်လို့ သူတို့ တရားလို လုပ်ရမယ် ဆိုရင် လုပ်မယ်လို့ အစိုးရ အဖွဲ့ကို တင်ပြထားတယ်။ အစိုးရအဖွဲ့ရုံးက ခွင့်ပြု တယ် ဆိုရင် ဖြစ်မြောက်ရေး အဖွဲ့က တရားလို လာလုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောဆိုသည်။

ရဲတပ်ဖွဲ့က သက်သေအဖြစ် ဗိုလ်ချုပ်ကြေးရုပ် အလေးပြုရင်ပြင် အနောက်မြောက်ထောင့် ပန်းရုံကြားမှ သင်္ဘောဆေးဘူး အဖုံးတခု ရထားကြောင်း၊ ထိုအဖုံးပါသည့် ဆေးဘူးရောင်းသည့် ဆိုင်များကို ယခု အခါ လိုက်လံ စုံစမ်းနေပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရဲမှူးမြတ်မိုးက “ဘယ်နေ့လောက်က ဘယ်သူတွေ ဝယ်သွားလဲ ဆိုတာ CCTV တွေက မှတ်တမ်း ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ရမှာပါ။ ကျနော်တို့ ရဲအပိုင်းက စုံစမ်းစစ်ဆေးမှုကို လုပ်မှာပါ” ဟု ပြောသည်။

ဗိုလ်ချုပ် ကြေးရုပ်ကို တင်ထားသည့် အုတ်စင်မှာ ၁၅ ပေ မြင့်ပြီး ကြေးရုပ်မှာ သိန်း ၁၅၀ ကျပ်နှင့် သယ်ယူပို့ဆောင် စရိတ် သိန်း ၈၀ ခန့် ကုန်ကျထားကြောင်း သိရသည်။

ယခု ဖျက်ဆီးခံလိုက်ရသည့် ကြေးရုပ်သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်က ဗိုလ်ချုပ် ရုပ်တု ဖြစ်မြောက်ရေး ကော် မတီနှင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့တို့ ပူးပေါင်းပြီး ယခင်က စိမ်းမြဧရာ ဥယျာဉ်မြေ ဖြစ်ခဲ့သည့် အများပြည်သူ ပိုင်မြေ ပေ ၃၀၀ ခန့်ကို ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်တု နှင့် အလေးပြုရင်ပြင် အဖြစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ရုပ်တုနှင့် အလေးပြု ရင်ပြင် စတင်ဖွင့်လှစ်စဉ်က ကချင်နိုင်ငံရေး ပါတီများက ကြေးရုပ်ထားရှိမည့် ရင်ပြင်မှာ အများပိုင်မြေ ဖြစ်ပြီး ကချင် ဒေသခံများက ယဉ်ကျေးမှု အမွေအနှစ် ပြတိုက်တခု လုပ်ရန် စီစဉ်မှုများ ရှိဖူးသည့်မြေ ဖြစ်သည် ဟု ဆိုကာ ကန့်ကွက်မှုများ ရှိခဲ့သည်။

ဗိုလ်ချုပ် ရုပ်တု ဖြစ်မြောက်ရေး ကော်မတီ နာယက ဦးခဂိုလ၏ ပြောဆိုချက်အရ မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက စီစဉ်ကာ ရုပ်တု ထုထား ခဲ့ခြင်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ထံ မြေနေရာ တောင်းရာ အဆင်မပြေသဖြင့် ရုပ်တုကို ၂ နှစ်ကျော် ကြာ သိမ်းဆည်း ထားခဲ့ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ လက်ထက်မှသာ စိုက်ထူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

NLD အာဏာရ အစိုးရဖြစ်လာပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုများ စိုက် ထူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

တိုင်းရင်းသားပြည်နယ်များတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေချိန်ဖြစ်ပြီး ပင်လုံ ကတိကဝတ်များ မရရှိသေးဟု ဆိုကာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူခြင်းကို ကန့်ကွက်မှုများ ဝေဖန်မှုများ ရှိသည်။

ကယားပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် ရန်ပုံငွေဖြင့် ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကြောင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် ကယားလူငယ်များနှင့် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် လူငယ် ၄ ဦးကို ပြည်နယ် အစိုးရက တရားစွဲ ဆိုကာ အကျဉ်းထောင်သို့ ပို့ဆောင်ထားသည်။

ကယားပြည်သူများက ပင်လုံကတိကဝတ် ဖက်ဒရယ်ရေးရာကိစ္စများ မညှိနှိုင်းနိုင်သေးသည့် အချိန်တွင် ကယားပြည်နယ်၌ ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒမဲ လက်မှတ် လေးသောင်းခန့်လည်း ရေးထိုးထားကြသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လကလည်း ဧရာဝတီတိုင်း၊ ကြံခင်းမြို့ရှိ ဗိုလ်ချုပ်ရုပ်တု ဦးခေါင်းပိုင်းနှင့် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ထားရှိထားသည့် လွမ်းသူ့ပန်းခွေများကို ဒေသခံတဦးက ဖျက်ဆီးသဖြင့် ပုဒ်မ ၆/၁ ဖြင့် အရေးယူခံခဲ့ရသည်။

Your Thoughts …
Tags: ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံရ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
SHRF က ဖော်ပြခဲ့သည့် လွိုင်လင်မြို့နယ်တွင်းမှ အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် နေရာများပြ မြေပုံ / SHRF

ရှမ်းအရပ်သားများကို တပ်မတော် ညှဉ်းပန်းနှိပ်စက်ဟု စွပ်စွဲခံရ

သရုပ်ဆောင် ဒိန်းဒေါင်နဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် / Dain Po Po Daung's Facebook

"သားသမီးစိတ်နဲ့ အဓိဋ္ဌာန် ပျက်ပြီး အရက်လည်း ပြန်သောက်ဖြစ်တယ်"

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate