• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လာအိုတွင် ဆည်ကျိုး၍ လူပေါင်းရာချီ ပျောက်ဆုံး

by ဧရာဝတီ
24 July 2018
in သတင်း
A A
လာအိုနိုင်ငံတွင် ဆည်ကျိုးပြီးနောက် အခြေအနေ / Attapeu

လာအိုနိုင်ငံတွင် ဆည်ကျိုးပြီးနောက် အခြေအနေ / Attapeu

6.6k
VIEWS
Share on FacebookShare on Twitter

လာအိုနိုင်ငံ အရှေ့တောင်ပိုင်း အက်တပီအူ ပြည်နယ်ရှိ ရေအားလျှပ်စစ်ထုတ်လုပ်သည့် ဆည်တခု ကျိုးပေါက်ရာ လူအများအပြားသေဆုံးပြီး ရာနှင့်ချီကာ လတ်တလော ပျောက်ဆုံးနေကြောင်း Bangkok Post သတင်းကဆိုသည်။

ဆည်တမံမှာ တနင်္လာနေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် ကျိုးပေါက်ခဲ့ရာ ရေလီတာ ၅ဘီလျံခန့်သည် ဆည်အနီးရှိ ယိုင်းသဲ၊ ဟင်းလက်မိုင်၊ သာဆောင်ချမ်း၊ သဟင်နှင့် စမွန်စသည့် ဒေသများတွင် ဖုံးလွှမ်းသွားခဲ့ပြီး အိမ်ခြေထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးကြောင်း သတင်းရရှိသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
933
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
59
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.1k

အစိုးရသတင်းဌာန ထုတ်ပြန်ချက်အရ လူအမြောက်အမြားသေဆုံးကြောင်း အတည်ပြုခဲ့ပြီး လူ ၆၆၀၀ မှာ အိုးမဲ့အိမ် မဲ့ဖြစ်သွားခဲ့ကြောင်း သိရသည်။

အစိုးရက လှေများဖြင့် ဆန်ဆိုင်းခရိုင်အတွင်း ရှိလူများကို ကူညီရွှေ့ပြောင်းနေပြီး၊ အိုးမဲ့အိမ်မဲ့ဖြစ်သွား သည့် ဒုက္ခသည် များကို အစိုးရဘက်မှ လှေများဖြင့် လိုက်လံကယ်ဆယ်နေကြောင်း၊ ရေလွှမ်းမိုးသော နယ်မြေတခုလုံးသည် ရွှံရေများအောက်သို့ ရောက်ရှိသွားကာ အိမ်အမိုးနှင့်သစ်ပင်ထိပ်ဖျားတို့ကို မြင်တွေ့နိုင်တော့ကြောင်းဆိုသည်။

ယင်းဆည်တမံကို ဇီပိန်း-ဇီနန်နွိုင်း လျှပ်စစ်စွမ်း အားကုမ္ပဏီတည်ဆောက်ခြင်းဖြစ်ပြီး ယင်းဆည်တမံ မတော်တဆကျိုး ပေါက်သွားရခြင်း အသေးစိတ်ကို မသိရရှိသေးပေ။

ယင်းဆည်တမံကို တည်ဆောက်နေသည့်ကုမ္ပဏီက မိုးသည်းထန်ပြီး ရေကြီးလာသဖြင့် ဆည်တမံ ကျိုးရခြင်းဖြစ်ကြောင်း၊ ဆည်တမံအနီးရှိ ကျေးရွာများမှ ဒေသခံများကယ်ဆယ်ရေးကို အစိုးရနှင့်၎င်းကုမ္ပဏီ ပူးပေါင်းဆောင်ရွက်နေပါကြောင်း ဆိုသည်။

“ကျနော်တို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဖွဲ့ပြီးတော့ ဆည်တမံနားက ရွာသားတွေကို ကယ်ဖို့ စီစဉ်နေပါတယ်” ဟု အင်ဂျင်နီယာ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက Reuters သို့ တယ်လီဖုန်းဖြင့် ပြောသည်။

လာအိုဝန်ကြီးချုပ် သန်လောင်း စီဆော့လစ် က အစိုးရအဖွဲ့အစည်းများ၊ ရဲနှင့်စစ်တပ်တို့ကို အရေးပေါ်ကယ်ဆယ် ရေးအတွက် နိုင်ငံအရှေ့တောင်ပိုင်းရှိ အက်တပီအူပြည်နယ်သို့ စေလွှတ်လိုက်သည်။

အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးခန့်ရှိ အဆိုပါရေအားလျှပ်စစ်စီမံကိန်း ဆည်တမံကို ဇီပိန်း-ဇီနန်နွိုင်း လျှပ်စစ်စွမ်း အားကုမ္ပဏီနှင့် တောင်ကိုရီးယား၊ လာအိုကုမ္ပဏီများ ပူးပေါင်းအကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ ဆည်တည်ဆောက် ရေး ကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ရာ ယခုနှစ်အကုန် ပိုင်းတွင် အပြီးသတ်မည်ဟု မျှော်လင့်ထားပြီး ၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။

ဆည်တမံတည်ဆောက်ရေးရခြင်းရည်ရွယ်ချက်မှာ လာအိုနိုင်ငံ၏ တဦးချင်းဝင်ငွေ တိုးတက်လာ စေရန်ဖြစ်ပြီး ဆင်းရဲနွမ်း ပါးသောနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအား ၉၀ ရာခိုင်နှုန်းကို အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဝယ်ယူသုံးစွဲနေရသည်။

လာအိုနိုင်ငံ၏ ရေအားလျှပ်စစ်မျှော်မှန်းချက်အပေါ် သဘာဝပတ်ဝန်းကျင်အခွင့်အရေးအုပ်စုများက စိုးရိမ်မှုမြင့် တက်နေ သည်မှာ နှစ်များစွာတိုင်ခဲ့ပြီဖြစ်ပြီး ယင်းစိုးရိမ်မှုများတွင် မဲခေါင်မြစ်ပေါ် ဆည် တမံတည်ဆောက်ခြင်း၏ အကျိုးဆက် အနေဖြင့် ကျေးလက်လူနေမှု ဘဝများနှင့် ဒေသတွင်း စီးပွားရေးအပေါ် တည်မှီနေမှုလည်း ပါဝင်သည်။

နိုင်ငံတကာမြစ်ကြောင်း ထိန်းသိမ်းရေး အဖွဲ့က ယခုမတော်တဆမှုကို ဆည်တမံဒီဇိုင်းများ ရေးဆွဲမှု နှင့် ဆက်စပ်နေသော အဓိကအန္တရာယ်ဟု ပြောဆိုလိုက်ပြီး ပြောင်းလဲဆိုးဝါးလာသော ရာသီဥတု အခြေအနေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခြင်း မရှိကြောင်း ထောက်ပြသည်။

Your Thoughts …
Tags: ဆည်ကျိုးလာအို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

စွမ်းအင်အကျပ်အတည်းက စစ်ကောင်စီအတွက် အိပ်မက်ဆိုး

by Thompson Chau
15 December 2023
4.8k

စစ်ကောင်စီ ရင်ဆိုင်နေရသည့် စွမ်းအင်အကျပ်အတည်းကို တော်လှန်ရေး အင်အားစုများက ဆင်နွဲသည့် မကြာသေးမီက ထိုးစစ်က ပိုမိုဆိုးရွားစေသည်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော

by ဧရာဝတီ
16 May 2024
3.9k

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် ခေတ်သစ်တွင် သြဇာအကြီးမားဆုံး ရာဇဝတ်ကွန်ရက် အလျင်အမြန် ဖြစ်လာနေသည့် လူကုန်ကူးမှုနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု၏ ဗဟိုချက်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြလိုက်သည်။

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား

by ဧရာဝတီ
11 March 2024
3.5k

ကျိုင်းတုံ-မိုင်းလားလမ်းဟာ ၅၂ မိုင်သာ ရှည်ပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည် အရှေ့ပိုင်းမြို့တော် ကျိုင်းတုံကိုဖြတ်ကာ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အတိုဆုံးလမ်းကြောင်း ဖြစ်သလို ရှမ်းပြည်အရှေ့ပိုင်းဟာ တိုက်ပွဲတွေနဲ့ ယာယီ ကင်းလွတ် နယ်မြေလို့လည်း ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

မြန်မာနိုင်ငံသစ် ဖော်ဆောင်ရေးကို အာဆီယံ ထောက်ခံသင့်

by Laetitia Van Den Assum နှင့် Kobsak Chutikul
29 January 2024
2.9k

"အာဆီယံက ဦးဆောင်နေတယ်" ဆိုသည့်စကားသည် တာဝန်မျှဝေ ထမ်းဆောင်ခြင်းကို ရှောင်ရှားသည့် နိုင်ငံများ မကြာခဏပြောသည့် စကားဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

by ဧရာဝတီ
27 January 2024
2.9k

"တကယ်တမ်းကျတော့ အာဆီယံက မြန်မာအပေါ် သြဇာအရမ်းနည်းတယ်။ မြန်မာက အာဆီယံကို လုံးဝ ဂရုမစိုက်ဘူး။ ဘုံသဘောတူညီချက် ၅ ချက်ကို သူတို့က လုံးဝ ဂရုမစိုက်ဘူး"

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

Next Post
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော် / ထက်နိုင်ဇော် / ဧရာဝတီ

FDA ထောက်ခံချက် မရှိရင် ဘောင်မဝင်ဘူး

သင်္ကန်းစည်းခဲ့တဲ့ တောဝက်အသင်းသားများ

ထိုင်းကလေးငယ် ၁၁ ဦးနဲ့ လက်ထောက်နည်းပြတို့ သာသနာ့ဘောင်ဝင်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

2 days ago
3.9k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate