• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခေတ်လူငယ်များ စာမဖတ်ကြ ဆိုသည့် စကား လုံးဝမမှန်ဟု ဝန်ကြီးဦးဖေမြင့်ပြော

by မြတ်ပြည့်ဖြိုး
25 July 2018
in သတင်း
A A
မန္တလေးတိုင်း အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ညှိနှိုင်းအစည်း အဝေး  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတိုင်း အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ညှိနှိုင်းအစည်း အဝေး / မြတ်ပြည့်ဖြိုး / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော် ကျင်းပပြီးပါက “ယနေ့ခေတ် လူငယ်များ စာမဖတ်ဘူး ဆိုသည့် စကားမှာ လုံးဝမမှန် ကြောင်း အများသိသွားကြမည်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် က ပြောသည်။

ဇူလိုင် ၂၄ ရက်က မန္တလေးတိုင်း အစိုးရ အဖွဲ့ရုံး၌ လူငယ်ဘက်စုံ ဖွံဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပ နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သော ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာ စကားတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
134
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
492

ဦးဖေမြင့်က “လူငယ်တွေနဲ့ တနာရီလောက် စကားပြောကြည့်တဲ့ အခါ လူငယ်တွေ စာမဖတ်ဘူး ဆိုပြီး ပြောပြော နေကြတာတွေဟာ လုံးဝ မှန်ကန်တဲ့ စကားမဟုတ်ဘူး ဆိုတာရယ်၊ မန္တလေးက လူငယ် တွေက စာဖတ်ကြတယ် ဆိုတဲ့ အကြောင်းကို ဒီစကားဝိုင်း ပြီးရင် အများသိလာရမယ့် အချက်ပါပဲ” ပြောသည်။

၂၀၁၈ ခုနှစ် သြဂုတ် ၁၁ မှ ၁၃ ရက် အထိ မန္တလေး တက္ကသိုလ်၌ ကျင်းပမည့် လူငယ် ဘက်စုံဖွံ့ဖြိုး ရေး ပွဲတော်၌ စာ ပေ၊ အားကစား၊ အနုပညာ၊ နည်းပညာ၊ ဖျော်ဖြေရေးနှင့် ပညာပေး ဆိုင်ရာ အစီ အစဉ်များ အပြင် မန္တလေး အခြေစိုက် တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား၊ ကျောင်းသူ အယောက် ၂၀ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် စာပေစကား ဝိုင်းဆွေးနွေးကြမည့် အစီအစဉ်လည်း ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေး အခြေစိုက် တက္ကသိုလ်များမှ ကျောင်းသား/ သူတို့က စာပေ စကားဝိုင်းပုံစံ ဆွေးနွေးနိုင်ရန် စီစဉ်ထားရာ အထက်ပါ အစည်းအဝေး မတိုင်ခင်က စာပေစကားဝိုင်းတွင် ပါဝင် ဆွေးနွေးကြမည့် သူများနှင့် ပြည်ထောင်စု ဝန်ကြီးက ကြိုတင်သွားရောက် တွေ့ဆုံခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က “အတိုင်ပင်ခံ ကိုယ်တိုင်ကလည်း ဒီပွဲမှာ စာပေနဲ့ ပတ်သက်ပြီး ကျောင်းသား လူငယ်တွေနဲ့ စကားပြောချင်တယ် ဆိုတဲ့ အတွက် ဒီအစီအစဉ်ကို ထည့်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းဖြစ်သည့် အတွက် ယခု ပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် အရပ်ဘက် အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ လည်း ဖိတ်ကြားသွားမည် ဖြစ်ပြီး ဘဏ္ဍာငွေ ရရှိရေး အတွက်လည်း စီစဉ်သွားမည်ဟု ဆိုသည်။

ယခု ပွဲတော်ကျင်းပရန် တိုင်းအစိုးရ အဖွဲ့၏ ၆ လဘတ်ဂျတ်တွင် မပါဝင်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များထံမှ နှောင်ကြိုးမဲ့ အလှူငွေများ လက်ခံသွားရန် အစီအစဉ် ရှိကြောင်း ပွဲတော် ကျင်းပရေး ဦးစီးကော်မတီက သိရသည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်ကို မန္တလေးမြို့၌ ပထမဆုံး အကြိမ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဒါရိုက်တာ James Cameron ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် "တိုက်တန်းနစ်" ရုပ်ရှင်

"တိုက်တန်းနစ်" သင်္ဘောကို ပြန်လည် ဆယ်ယူဖို့ ဒါရိုက်တာ James Cameron ကန့်ကွက်

လိင်တူချစ်သူတွေ ဖြစ်ကြောင်း ဝန်ခံခဲ့ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

လိင်တူချစ်သူတွေ ဖြစ်ကြောင်း ဝန်ခံခဲ့ကြတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate