သတင်း

လာအို ဆည်ကျိုးပေါက်မှု သေဆုံးသူ ၁၉ဦး အထိ မြင့်တက်လာ

Want create site? Find Free WordPress Themes and plugins.

လာအိုဆည် ကျိုးပေါက်ပြီးနောက် ပျောက်ဆုံးနေသည့် ဒေသခံများကို ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေရာ အလောင်း ၁၉လောင်း တွေရှိပြီဖြစ်ကြောင်း လာအိုနိုင်ငံပိုင် သတင်းစာကဖော်ပြသည်။

နိုင်ငံပိုင် KPL သတင်းအေဂျင်စီက လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက်မှာ ၁၉ဦးအထိ ရှိလာ ပြီဖြစ်ကြောင်း ဆိုသည်။

လာအိုရေအားလျှပ်စစ် စီမံကိန်း၌ တွဲဖက်လုပ်ကိုင်နေသည့် တောင်ကိုရီးယား အခြေစိုက် SK Engineering & Construction က တနင်္ဂနွေနေ့က ရွာသည့် မိုးသည် မြေသားဖြည့်ထားသော အားဖြည့် ရေကာတာ ၅ မှ တခု၏ ထိပ်ပိုင်းကို ရေတိုက်စားမျောပါသွားခြင်းဖြစ်ကြောင်း ဆိုသည်။

တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီကပင် ဆည်၏ပျက်စီးယိုယွင်းနေမှုကို တွေခဲ့ရခြင်းဖြစ်ပြီး ၊ ဆည်မကျိုးပေါက်မီ ၂၄ နာရီအတွင်းကပင် ဆည်အထက်ပိုင်း တည်ဆောက်ထားမှုများ ရေထဲမျော ပါခဲ့ပြီးဖြစ်သည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ အနီးရှိ ကျေးရွာများ ရေမြှုပ်ကာ ရာနှင့်ချီ၍ ပျောက်ဆုံးနေ ဆဲဖြစ်ကြောင်း လာအိုရေအားလျှပ်စစ် ဆည်တမံရှိ တောင်ကိုရီးယားမိတ်ဖက်အဖွဲ့က ဗုဒ္ဒဟူးနေ့က သုံးသပ်ပြောကြားသည်။

“ကျနော် ချက်ချင်းပဲ အာဏာပိုင်တွေဆီ အရေးပေါ်သတိပေးချက်ပေးပို့ပြီတော့ ဆည်အောက်မှာရှိတဲ့ ရွာသားတွေကို ဘေးကင်းရာ စရွှေ့ပေးခဲ့ပါတယ်” ဟု ကုမ္ပဏီက ကြေညာချက်တစောင်တွင် ဆိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးနေသောလမ်းမများအား ပြုပြင်ရေးမှာ နှောင့်နှေးခဲ့ရပြီး တနင်္လာနေ့ အစော ပိုင်းက ပင်မ ဆည်တမံ နှစ်ခုအနက်မှ တခုဖြစ်သည့် Xe-Namnoy မှာ မြင့်တက်လာသည့် ရေထုဖိအားကို မထိန်းနိုင် ဘဲဖြစ်ခဲ့ရသည်ဟု ကုမ္ပဏီကြေညာချက်က ဆက်လက်ရေးသားသည်။

ယင်းနေ့မွန်းလွဲပိုင်းက အစိုးရထံ ကုမ္ပဏီမှ သတိပေးချက်ပေးပို့ခဲ့ပြီး ရွာသားများပြောင်းရွှေ့ရေး တရားဝင်ကြေညာရန် အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက် နာရီအနည်းငယ်အတွင်း ဆည်တမံ ကျိုးပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း ကြေညာ ချက်က ဆိုသည်။

အင်္ဂ ါနေ့ နံနက်ပိုင်း ဆည်တမံအောက်ဘက်ရှိ ကျေးရွာ ၁၂ ရွာအနက် ၇ ရွာမှာ ရေမြှပ်သွားခဲ့ရသည်ဟု ကုမ္ပဏီကြေညာ ချက်တွင် ဖော်ပြသည်။ ရေမြှပ်ဧရိယာ၏ကောင်းကင်ဓာတ်ပုံတွင် လူနေအိမ်အားလုံး ပျောက်ကွယ်သွားသည်အထိ နစ်မြှပ်နေကြောင်း တွေ့ရသည်။

နောက်ထပ် ဗီဒီယိုသတင်းတပုဒ်တွင် ရေပတ်လည်ဝိုင်းနေသော နေအိမ်ခေါင်မိုးများထက်မှ ကယ်သူများကို စောင့်မျှော် နေရသည့် မိသားစုများကို တွေ့ရပြီး အနီးရှိ ဗုဒ္ဒဘာသာဘုရားကျောင်းတော်တခုများလည်း တစိတ်တဒေသ ရေဖုံးလွှမ်း နေသည်။

ရေကြီးနေသောဒေသသို့ ရဟတ်ယာဉ်များ၊ လှေများဖြင့် ကယ်ဆယ်ရေးလုပ်သားများကို စေလွှတ်ထားကြောင်း တောင်ကိုရီးယားဆည်တမံဆောက်လုပ်ရေးလုပ်ငန်းက ဆိုသည်။

“လက်ရှိအနေအထားမှာ SK E&C အနေနဲ့ လာအိုအစိုးရနဲ့ပူးပေါင်းပြီး ကယ်ဆယ်ရေးနဲ့ အပျက်အစီးပြန်လည် ထူထောင်ရေး တက်တက်ကြွကြွလုပ်ပေးနေပါတယ်” ဟု တောင်ကိုရီးယားလုပ်ငန်းရှင်ဘက်က ဆိုသည်။

ဆင်းရဲနွမ်းပါးပြီး ကုန်းတွင်းပိတ် ကွန်မြူနစ်နိုင်ငံ လာအိုသည် မြစ်ချောင်းကွန်ရက်များသုံး၍ ဆည်တမံများတည် ဆောက် ရေးကို ရုန်းကန်လျက်ရှိသည်။ လာအိုနိုင်ငံသည် ၎င်း၏ရေအားလျှပ်စစ်စွမ်းအင်ထွက်ရှိပါက ထိုင်းကဲ့သို့ အိမ်နီးချင်း တိုင်းပြည်များ ထံသို့ တင်ပို့ရန်အထိ ရည်ရွယ်ထားသည်။

ဒေါ်လာ ၁ဒသမ၂ ဘီလီယံတန်ဖိုးရှိသော ဆည်တမံသည် ကမ္ဘောဒီးယားနယ်စပ်အနီးတွင် တည်ရှိပြီး ဗီယန်ရှင်းအခြေစိုက် ဇီပိန်း-ဇီနန်နွိုင်း လျှပ်စစ်စွမ်းအားကုမ္ပဏီက လာအို၊ ထိုင်းနှင့် တောင်ကိုရီးယားမှ ကုမ္ပဏီနှစ်ခုတို့ဖြင့် သဘောတူ စာချုပ် ချုပ်ဆို ရေအားလျှပ်စစ် အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းဝက်ဘ်ဆိုက်တွင် လေ့လာတွေ့ရှိရသည်။

ယင်းစီမံကိန်းမှ ၂၀၁၉ ခုနှစ်တွင် ၄၁၀ မဂ္ဂါဝပ် ၄၁၀ ရည်မှန်းထားပြီး စီးပွားဖြစ်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း၊ ချန်ပါ ဆတ်ပြည်နယ်တွင် ဆည်တမံများကို ဟွာအေမက်ချန်၊ ဇီနန်နွိုင်းနှင့် ဇီပန်မြစ်များပေါ် တည်ဆောက်ရန်ပါဝင်သည်။

၎င်းစီမံကိန်းပြီးစီး၍ ထွက်ရှိလာသော ဓာတ်အားများကို စွမ်းအင်လိုအပ်ချက်ရှိနေသော ထိုင်းနိုင်ငံသို့ တင်ပို့ရန် လျာထားပြီး ကျန်ရှိသောဓာတ်အားကို ပြည်တွင်းမဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ဖြန့်ဖြူးမည်ဖြစ်သည်။

ဆက်စပ်ဖတ်ရှု့ရန်လာအိုတွင် ဆည်ကျိုး၍ လူပေါင်းရာချီ ပျောက်ဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading