• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မတော် အသုံးစရိတ် ကျပ် ဘီလီယံ ၅၀ ကျော် ပိုမို တောင်းခံ

by ထက်နိုင်ဇော်
25 July 2018
in သတင်း
A A
၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား / ဧရာဝတီ

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၇၃ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား / ဧရာဝတီ

32k
VIEWS
Share on FacebookShare on Twitter

ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် တပ်မတော် အသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံလိုက်ရာ ယခင်နှစ်ကထက် ၅၇ ဒသမ ၁၁၄ ဘီလီယံ တိုးမြှင့် တောင်းခံထားကြောင်း သိရှိရ သည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် သာမန်ရငွေ ကျပ် ၇၁ ဒသမ ၄၄၃ ဘီလီယံ၊ သာမန် အသုံး စရိတ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားရာ စုစုပေါင်း ၃၂၅၀ ဒသမ ၀၆၅ ဘီလီယံ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
75
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
44
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
75

တပ်မတော် အသုံးစရိတ် တိုးမြှင့် တောင်းခံရခြင်း အကြောင်းအရင်းသည် ၂၀၁၈ ခုနှစ် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်း လစာ များ တိုးမြှင့်လာသောကြောင့် ထပ်မံလိုအပ်ငွေ ၁၂၇ ဒသမ ၅၁၇ ဘီလီယံ ဖြစ်သော်လည်း ကျန် အသုံးစရိတ်များကို လျော့နည်း တောင်းခံထားပြီး မဖြစ်မနေ လိုအပ်သည့် ၅၇ ဒသမ ၁၁၄ ဘီလီယံ ကိုသာ တိုးမြှင့်တောင်းခံရခြင်း ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က “ယခု တင်ပြထားတဲ့ အသုံးစရိတ်များဟာ အဆင့်ဆင့် စိစစ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး မလွဲ မသွေ သုံးစွဲရမည့် အသုံးစရိတ်များ ဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်ကြီးမှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ် ပါတယ်”ဟု ပြောဆိုသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၏ အသုံးစရိတ်ကို အဓိက စိစစ်ရသော အစိုးရ၏ အာမခံချက်များနှင့် ကတိကဝတ်များ ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က တပ်မတော် အသုံးစရိတ်များကို စိစစ်နိုင်ရန် လာမည့် အပတ်တွင် အစည်းအဝေး ခေါ်မည် ဖြစ်ပြီး ယခင် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဘတ်ဂျက်ကို ၃ ကြိမ် စိစစ်ရာတွင် နောက်ဆုံး ၂ ကြိမ်တွင် ဖြတ်တောက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“အန်တီတို့ ကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ယောက်ရှိတယ်။ အဲဒီ ၃ ယောက်ကို အန်တီတို့ မရှင်း လင်းတဲ့အချက်တွေ သံသယဖြစ်တဲ့အချက်တွေဆိုရင် သူတို့ကို မေးခွန်းအရင် ပေးလိုက်တယ်။ ဒီထဲမှာမှ အန်တီတို့ စိတ်ကြိုက် မရဘူးဆိုရင် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ အစည်းအဝေးထိုင်တဲ့အခါကျရင် ဒီအချက်တွေကို ပြန်တင်ပြ တာပေါ့”ဟု ဒေါက်တာ မေဝင်းမြင့်က ပြောသည်။

တပ်မတော်၏ သာမန် အသုံးစရိတ် စာရင်းတွင် ကျပ် ၁၈၁၈ ဒသမ ၁၄၆ ဘီလီယံ တောင်းခံထားရာ ၎င်းတို့ထဲတွင် လစာနှင့်စရိတ် အဖြစ် ၈၆၀ ဒသမ ၈၁၀ ဘီလီယံ၊ ပစ္စည်းများ ဝယ်ယူရန် ၄၅၀ ဒသမ ၈၃၆ ဘီလီယံ၊ ပို့ဆောင်ရေး အတွက် ၁၇ ဒသမ ၂၁၆ ဘီလီယံ၊ အင်ဂျင်နီယာ ကဏ္ဍအတွက် ၈၉ ဒသမ ၁၄၉ ဘီလီယံ၊ အထွေထွေ ကဏ္ဍအတွက် ၁၈၇ ဒသမ ၉ ဘီလီယံ၊ စစ်ဆင်ရေးများ အတွက် ၅ ဒသမ ၅၀၂ ဘီလီယံ စက်ရုံ၊ အလုပ်ရုံများအတွက် ၁၉၉ ဒသမ ၄၁၀ ဘီလီယံနှင့် အတိုးအတွက် ၅ ဒသမ ၃၂၃ ဘီလီယံ ရှိကြောင်း သိရသည်။

ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းတွင် ကျပ် ၁၄၃၁ ဒသမ ၉၁၉ ဘီလီယံ တောင်းခံထားရာ ဆောက်လုပ်ရေး အသုံး စရိတ် ၁၉၂ ဒသမ ၈၄၇ ဘီလီယံ၊ စက်ပစ္စည်း အသုံးစရိတ် ၁၁၃၈ ဒသမ ၁၇၂ ဘီလီယံနှင့် အခြားအသုံးစရိတ် ၀ ဒသမ ၉ ဘီလီယံ ရှိကြောင်း ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် ဖော်ပြထားသည်။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တပ်မတော်၏ အသုံးစရိတ်မှာ သာမန်ရငွေ ကျပ် ၆၂ ဒသမ ၈၆၉ ဘီလီယံ၊ သာမန် အသုံးစရိတ် ၁၇၆၅ ဒသမ ၉၄၁ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ၁၄၂၇ ဒသမ ၀၈၀ ဘီလီယံ စုစုပေါင်း ၃၁၉၂ ဒသမ ၉၅၁ ဘီလီယံ တောင်းခံခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်းကလုန်း မုန်တိုင်း မိုရာ၏ သဘာဝ ဘေးဒဏ် ကြောင့် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ ၆၇ တပ်တွင် ပျက်စီးခဲ့သည့် အဆောက်အအုံ ၁၀၀၉ လုံးအနက် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အချိန်မီ ပြန်လည် ပြုပြင် ပြီးစီးနိုင်မည့် အဆောက် အအုံ ၈၈၂ လုံးမှာ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄၉၈၉. ၆၉၄ သန်းအား ခွင့်ပြုပေးခဲ့ပြီး ကျန်ရှိသည့် အဆောက် အအုံ ၁၂၇ လုံးအတွက် ယခုနှစ်အတွက် သမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၁၈၉၇.၁၆ သန်း ဆက်လက် သုံးစွဲခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် ပညာရေး ဝန်ကြီးဌာန အသုံးစရိတ် ဘတ်ဂျက် ကျပ် ၂၁၇၆ ဒသမ ၄၅၈ ဘီလီ ယံ (၈.၇၂ ရာခိုင်နှုန်း)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အသုံးစရိတ် ဘတ်ဂျက် ကျပ် ၁၁၅၀.၇၅၈ ဘီလီယံ (၄.၆၁ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: တပ်မတော် ဘတ်ဂျက်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မွေးဖွားတဲ့ ရာသီခွင်အပေါ် မူတည်ပြီး အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းပြောဆိုနိုင်ပါတယ်

အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ရာသီခွင်ကနေတဆင့် သိနိုင်

မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.2k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate