• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့

by သဇင်လှိုင်
25 July 2018
in သတင်း
A A
မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

41.6k
VIEWS
Share on FacebookShare on Twitter

အိမ်အကူ မကရင်မ အမှုနှင့် ပတ်သက်၍ သံသယရှိသူအား သတင်း မီဒီယာများက ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ကို ယနေ့ ရုံးချိန်း ကစ၍ တရားရုံးက တားမြစ် လိုက်သည်။

သံသယရှိသူ ဒေါ်သိင်္ဂီစု၏ ခင်ပွန်း ဖြစ်သူ တပ်မတော် အရာရှိ တဦးက ရုံးချိန်း၌ သတင်း မီဒီယာများ ဓာတ်ပုံ၊ ရုပ်သံများ ရိုက်ကူးခွင့်ကို ကန့်သတ်ရန် တရားရုံးနှင့် မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသို့ စာပေးပို့ခဲ့ကြောင်း ရန်ကုန်တိုင်း သံလျင်မြို့နယ်ရှိ တောင်ပိုင်း ခရိုင် တရားရုံးက သိရသည်။

RelatedPosts

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

တိုင်းပြည်ကို ရိုးရိုးသားသားချစ်တဲ့လူတွေ (ရုပ်/သံ)

10 July 2025
77
ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

10 July 2025
683
စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်က သွေးခွဲချေမှုန်းရေးလို့ဆို (ရုပ်/သံ)

10 July 2025
89

မကရင်မ အမှု၏ ပဉ္စမ အကြိမ်မြောက် ရုံးချိန်းမှ စတင်၍ တောင်ပိုင်းခရိုင် တရားရုံးသည် သတင်းထောက်များ သတင်း ရယူ ရာတွင် ပရဝုဏ် အတွင်း၌ ဓာတ်ပုံနှင့် ရုပ်သံ သတင်း ရယူခွင့်ကို ကန့်သတ်ခဲ့သည့် အပြင် ယခင် ရုံးချိန်းများတွင် ရိုက်ကူးခဲ့သည်များကိုပါ အသုံးမပြုရန်လည်း တောင်ပိုင်းခရိုင် တရားရုံး၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ယူထားသူ ဦးမိုးဝေ က ပြောသည်။

ဦးမိုးဝေ က “ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ ပြီးခဲ့တဲ့ ရုံးချိန်းပြီးမှ ဝင်လာတာ။ အဲဒီ စာက စာတိုက်ကနေ ပို့တာ။ ကျနော်တို့ဆီ တိုက်ရိုက် ပု့ိတာ မဟုတ်ဘူး” ဟု ပြောသည်။

နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးသွားသည့် မကရင်မ အမှုကို ဇူလိုင် ၂၅ ရက်တွင် ပဉ္စမ အကြိမ်မြောက် ရုံးထုတ်ခြင်း ဖြစ်သည်။

ဦးမိုးဝေက “အဲဒီတော့ အချုပ်က ထုတ်တာနဲ့ အချုပ်ကားပေါ် တင်တာတွေ မသုံးဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။

ဒေါ်သိင်္ဂီစု၏ ခင်ပွန်းသည် လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်းမှ တပ်မတော် အရာရှိ တဦး ဖြစ်ကြောင်း သိရ သည်။

သတင်း မီဒီယာ ကောင်စီ အနေဖြင့် သတင်းထောက်များကို ဓာတ်ပုံ သို့မဟုတ် ရုပ်သံ ရိုက်ကူးခြင်း မပြုရန် တားမြစ်ခွင့် မရှိ ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစော က ဧရာဝတီသို့ ပြောသည်။

“သတင်းသမားတွေကို ဘာမလုပ်ရဘူး။ ညာမလုပ်ရဘူး အဲဒီလိုလုပ်ဖို့ အခွင့်အာဏာ ကောင်စီမှာ မရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့် က “ဓာတ်ပုံ မရိုက်ပါနဲ့ ဆိုတာ Complain ပေါ့။ အရပ်သား တရားခံဆို ကျနော်တို့ကို ဒီလို ဓာတ်ပုံ ရိုက်နေပါတယ်။ ရိုက်ခွင့် မရှိပါဘူးလို့ ဘယ်သူ့ကိုမှ Complain မတက်ရဲဘူး။ အခု သူက ကွန်ပလိန်း တက် ရဲတယ် ဆိုတော့ သူတို့မှာ အားကိုးစရာ တခုခု ရှိနေလို့ပေါ့” ဟု ပြောသည်။

တောင်ပိုင်းခရိုင် တရားရုံး၌ ပြီးခဲ့သည့် ရုံးချိန်း လေးကြိမ် စလုံးတွင်မူ ဓာတ်ပုံနှင့် ရုပ်သံ သတင်းရယူခွင့်များ ကန့်သတ် ခြင်း မရှိခဲ့ပေ။

အခြားသော အမှုများတွင်လည်း ယင်းသို့ ကန့်သတ်သည့် အဖြစ်အပျက်မျိုး မရှိခဲ့ကြောင်း ဦးမိုးဝေက ဆိုသည်။

သို့သော်လည်း ယခုကဲ့သို့ ကန့်သတ်မှုသည် သံသယသူ၏ ခင်ပွန်းပေးပို့သော စာကြောင့် တားမြစ်ခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံသယရှိ သူ၏ ရှေ့နေအား ဧရာဝတီက မေးမြန်းရာတွင် ဖြေကြားခြင်း မရှိပေ။

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် မကရင်မ သည် အိမ်အကူ လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် သံသယရှိသူ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

သတင်း မီဒီယာ ဥပဒေ အခန်း ၃၊ အပိုဒ် ၄ (က) တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန် ထောက်ပြ အကြံပြု ရေးသားခွင့် ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။

အပိုဒ် ၄ (ခ) တွင်လည်း နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်း အချက်အလက်များနှင့် သဘောထား အမြင်များကို ကျင့်ဝတ် စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့် သတင်း ထုတ်လွှင့်ခွင့်တို့ ရှိသည်။

ထို့ပြင် အပိုဒ် ၄ (ဂ) တွင်လည်း နိုင်ငံသားတဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ် ရေးသားခွင့် ရှိ သည် ဟု ပြဋ္ဌာန်းထားသည်။

Your Thoughts …
Tags: အိမ်အကူ မကရင်မ အမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

သံသယ တရားခံ ဒေါ်သိင်္ဂ ီစုအား ရုံးထုတ်လာစဉ်  / အောင်ကျော်ထက်  / ဧရာတီ

မကရင်မ သေဆုံးမှု သံသယ တရားခံမှာ အခြား အိမ်အကူကိုလည်း နှိပ်စက်ဖူး ဟုဆို

by သဇင်လှိုင်
20 September 2018
43.6k

အိမ်အကူ မကရင်မ သေဆုံးမှု၏ သံသယ တရားခံ ဒေါ်သိင်္ဂီစုသည် အခြား အိမ်အကူ လုပ်ခဲ့ဖူးသည့် အမျိူးသမီး တဦးကို လည်း နှိပ်စက်ခဲ့ကြောင်း သက်သေ မှတ်တမ်း မိတ္တူ တစောင်ကို ယနေ့ တောင်ပိုင်းခရိုင် တရားရုံးတွင်...

အိမ်အကူ မကရင်မ အမှု ရုံးထုတ် မြင်ကွင်း တခု / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို

by သဇင်လှိုင်
18 June 2019
27.2k

မကရင်မ သေဆုံးမှုမှ သံသယတရားခံ ဒေါ်သိင်္ဂီစုကို စစ်ဆေးရမည်ဖြစ်သော်လည်း ဒေါ်သိင်္ဂီစုတွင် ရှေ့နေမှာ ပါဝါရုတ်သိမ်းနှုတ်ထွက်သွားသဖြင့် ရှေ့နေအသစ်ကို ရှာဖွေနေရကြောင်း၊ ရုံးချိန်းကို နှစ်ပတ်ကြာရွှေ့ဆိုင်းခဲ့ရ

အိမ်အကူ မကရင်မကို နှိပ်စက်သူဟု သံသယရှိသူ ဒေါ်သိင်္ဂီစု အားရုံးထုတ်လာစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

အိမ်အကူ မကရင်မသေဆုံးမှု အမှုစစ်ဆေးဆဲတွင် တရားသူကြီး ပြောင်းလဲ

by သဇင်လှိုင်
6 September 2018
23.3k

အနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည့် အိမ်အကူ မကရင်မအမှု စစ်ဆေးသည့် တရားသူကြီးမှာ သက်ပြည့်ပင်စင်ယူသွားပြီ ဖြစ်သဖြင့် လာမည့် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှ စတင်ပြီး တရားသူကြီး ပြောင်းလဲ

ပြီးခဲ့သည့် ရုံးချိန်းများတွင် တွေ့ရသည့် ဒေါ်သိင်္ဂီစု / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု သံသယရှိသူအား လူစားထိုးခြင်း မရှိဟု တရားလိုပြ သက်သေထွက်ဆို

by သဇင်လှိုင်
10 August 2018
26.7k

လူစားထိုးတာတော့ လုံးဝ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်သိင်္ဂီစု အမေ ဒေါ်ခင်ခင်ဦး ကိုယ်တိုင် လည်းပါလာတယ်။ သူရဲ့ခင်ပွန်း ဗိုလ်ကြီး ဆိုတာလည်း ပါလာတယ်။

ပြီးခဲ့သည့် မကရင်မ ရုံးချိန်းမြင်ကွင်း  / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မအမှု တရားခံ၏ လိုပြသက်သေ နှစ်ဦး ထုတ်ပယ်

by သဇင်လှိုင်
18 October 2018
18.3k

ပြင်ပသတင်းတချို့ရထားတဲ့ အနေအထားအရ ဒီသက်သေတွေကို တရားလိုဘက်ကနေ စစ်မယ်ဆိုရင် အကျိုးမရှိဘူးလို့ ယူဆတဲ့အတွက် တာဝန်ခံ ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့

သြဂုတ် ၂၃ ရက် ရုံးချိန်းတွင် တွေ့ရသည့် သံသယ တရားခံ / အောင်ကျော်ထက် / ဧရာဝတီ

သေဆုံးသူ မကရင်မ ကိုယ်ခန္ဓာတွင်ဒဏ်ရာများတွေ့ကြောင်း တရားလိုသက်သေထွက်ဆို

by သဇင်လှိုင်
5 October 2018
18.2k

ဘာလို့လဲဆိုတော့ သူတို့ ၂ယောက် ဖြစ်တာ သူတို့ပဲ သိမှာလေ။ ကျနော်ကတော့ မြင်တဲ့ အတိုင်းအတာကို အဖြေပေးတာပဲ ရှိတယ်။ သူတို့ကို ထောင်ကျပါစေ၊ လွတ်ပါစေ မရှိဘူး။ ဥပဒေကြောင်းအရပဲ အမှန်ဖြစ်စေချင်တာပါ

Next Post
ယခုနှစ် မိုးရာသီ အတွင်း ရန်ကုန်မြို့ ကောင်းကင်တွင် လျှပ်စီးများ ဖြစ်ပေါ်သည်ကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

သုံးလအတွင်း မိုးကြိုးပစ်ခံရ၍ သေဆုံးသူ ၅၉ ဦးရှိ

မန္တလေး မြို့ မြင်ကွင်း / မြတ်ပြည့်ဖြိုး / ဧရာဝတီ

လယ်မြေကို အကွက်ရိုက် ရောင်းချမှုများ ပြတ်ပြတ်သားသား ကိုင်တွယ်မည်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate