• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ် တဦး၏ ဆဲဆိုမှု မီဒီယာ အသိုင်းအဝိုင်း စိတ်ပျက်

by ထက်နိုင်ဇော်
26 July 2018
in သတင်း
A A
လွှတ်တော်သို့ တက်ရောက်လာသော ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် (ရေတပ် ဝတ်စုံ) နှင့် အတူတွေ့ရသည့် ဗိုလ်ချုပ် တင်ဆွေဝင်း (ကြည်းတပ် ဝတ်စုံ) / ဧရာဝတီ

လွှတ်တော်သို့ တက်ရောက်လာသော ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် (ရေတပ် ဝတ်စုံ) နှင့် အတူတွေ့ရသည့် ဗိုလ်ချုပ် တင်ဆွေဝင်း (ကြည်းတပ် ဝတ်စုံ) / ဧရာဝတီ

111.4k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု လွှတ်တော်တွင် သတင်းယူနေသည့် မဇ္ဈိမ သတင်းထောက် မင်းမင်းဆိုသူကို တပ်မတော်မှ ဗိုလ်ချုပ် အဆင့် ရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက ဆဲဆိုခဲ့သည့်အပေါ် သတင်းမီဒီယာ အသိုင်းအဝိုင်းက စိတ်ပျက်မိ ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ဇူလိုင် ၂၅ ရက်က နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရုပ်သံ သတင်းယူရန် မီဒီယာများကို သတ်မှတ်ပေးထားသော နေရာမှ ရုပ်သံ ရိုက်ကူးစဉ် ဗိုလ်ချုပ် တင်ဆွေဝင်း ဆိုသူ တပ်မတော်သား ကိုယ်စားလှယ်၏ အဆဲခံခဲ့ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဖြစ်သူ မဇ္ဈိမ သတင်းထောက် ကိုမင်းမင်းက ဧရာဝတီသို့ ပြောသည်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
119
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
92
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
676

“ကျနော် အင်တာဗျူး တိုးဝှေ့ပြီး တောင်းတာလည်း မဟုတ်ဘူး။ ဖြစ်ချင်တော့ ဗိုလ်ချုပ် မြင့်နွယ် (ကာကွယ်ရေး ဒု ဝန်ကြီး) ဘေးမှာ ပါလာတဲ့ ဗိုလ်ချုပ် တင်ဆွေဝင်းက ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်း ကျနော့်ကို မနှစ်မြို့တဲ့ အသုံးအနှုန်းနဲ့ စပြောပြီး တော့ ကျော်သွားတဲ့အခါ ဆဲ သွားတယ်”ဟု ကိုမင်းမင်းက ပြောပြသည်။

မဇ္ဈိမ သတင်းဌာန၏ ယမန်နေ့ ညပိုင်းက ဖော်ပြခဲ့သည့် Facebook စာမျက်နှာတွင် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် တောင်းခံ ရုပ်သံ သတင်း အစပိုင်းတွင် ဗိုလ်ချုပ် တင်ဆွေဝင်းက ဆဲဆိုမှု ပြုလုပ်သွားသည်ကို တွေ့ရသည်။

ထိုသို့ အဆဲခံရခြင်းမှာ ၎င်းကို ဆဲဆိုသွားခြင်း ဖြစ်သော်လည်း လွှတ်တော်၌ သတင်းယူနေသည့် မီဒီယာများကို ဆဲဆို သွားသည်ဟု ခံစားရသဖြင့် ယင်းကိစ္စကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ လွှတ်တော် အခွင့်အရေး ကော်မတီများထံသို့ စာပို့ရန် စဉ်းစားနေပြီး ရုံးနှင့် တိုင်ပင်ရဦးမည်ဟု သတင်းထောက် ကိုမင်းမင်းက ပြောသည်။

“မဇ္ဈိမ အနေနဲ့ တိုင်စာပို့မှာလား။ အဆဲခံရတဲ့ ကျနော့်အနေနဲ့ ပို့ရမှာလား။ အဲဒါကလည်း ရှိသေးတာကိုး။ ကျနော် အဆဲ ခံရတဲ့အပေါ် ဗိုလ်ချုပ် တယောက်ဗျာ။ တပ်မတော်မှာ ဗိုလ်ချုပ် ဆိုတာ နည်းတဲ့ရာထူး မဟုတ်ဘူး။ ရာထူးကြီးကြီး ယူ ထား တဲ့ အထဲမှာ ပါလာတဲ့သူ အနေနဲ့ ဒီလိုမျိုး ရုန့်ရင်းကြမ်းတမ်းတဲ့ စကားမျိုး ပြောတာကတော့ လုံးဝ သဘောမကျဘူး။ မနှစ် သက်ဘူး” ဟုလည်း ၎င်းက ဆိုသည်။

မီဒီယာ သမားများကို တပ်မတော်က ယခု အလေးမထားဘဲ ဆက်ဆံသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ တပ်မတော်က ပြောချင် သည့်၊ ရေးသား ဖော်ပြလိုသည့် ကိစ္စမျိုးတွင်သာ မီဒီယာကို ခေါ်ယူသည့် သဘောမျိုးကို တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ရုံး ကိုယ်တိုင်က ပြုလုပ်လေ့ရှိကြောင်း ဟသာၤမီဒီယာ၏ အယ်ဒီတာချုပ် ဦးဉာဏ်လှိုင်လင်း က ပြောသည်။

“ရာထူးယူထားတဲ့ ပြန်တမ်းဝင် အရာရှိတယောက် အနေနဲ့ တပ်ရဲ့ သဘော သဘာဝအရ သူ့တပည့် တပန်းတွေနဲ့ ဆက် ဆံ တဲ့ အခါမှာတောင် နှုတ်ကျိုးနေတယ်။ အကျင့်ပါနေတယ် ဆိုရင်တောင်မှ ဒီနေရာမှာ တာဝန်ပေးခံရတဲ့သူ ဖြစ်တဲ့ အတွက်ကြောင့်မို ဒီလို ကိစ္စမျိုးကို အလိုလို ဆင်ခြင်သင့်တာပေါ့။ ပြောကို မပြောသင့်ဘူး”ဟုလည်း ၎င်းက ဆိုသည်။

ရောက်ရှိနေသည့် နေရာ၊ တာဝန်ယူထားသည့် တပ်မတော်သား ကိုယ်စားလှယ် တဦး အနေဖြင့် ယခုလို စကား အသုံး အနှုန်း မျိုးကို မီဒီယာကို သာမက မည်သူ့ကိုမျှ ပြောဆိုရန် မဆီလျော်ကြောင်း၊ မီဒီယာကို ပြောဆိုခြင်းသည် ပို၍ မဆီလျော် သဖြင့် ယခုကိစ္စကို သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူ အဆင့်ဆင့်က ဖြေရှင်းချက် ထုတ်ပြန်ပေးသင့်ကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်ကလည်း ပြောသည်။

“ဒါက အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုပြီး ပြောတယ်လို့တော့ မထင်ဘူး။ ဘာလို့ဆို သူက တပ်မတော်ရဲ့ ပြောရေး ဆို ခွင့် ရှိသူလည်း မဟုတ်ဘူး။ သို့သော် အဲဒီ အဖွဲ့အစည်းက အဲဒီအပေါ်မှာ ဘယ်လို တုံ့ပြန်လဲ ဆိုတာတော့ စောင့်ကြည့် ရ မယ်။ နောက်တခုကတော့ သူ့ကို ဒီသက်ဆိုင်တဲ့ လွှတ်တော် နာယကတို့ ဘာတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် ပေးသင့်တယ်လို့ ထင်တယ်” ဟုလည်း ၎င်းက ပြောဆိုသည်။

ယခု ဖြစ်စဉ်၌ သတင်းရယူသည့် သတင်းထောက်သည် တွန်းတိုက်၍ လိုက်မေးနေခြင်း၊ ခိုးရိုက်ခြင်း မဟုတ်ဘဲ သတ်မှတ် နေရာမှ သတင်းရယူခြင်းသည် မည်သည့် ပြဿနာမျှ မရှိဟု မြင်မိကြောင်းလည်း ဦးမြင့်ကျော်က ဆက်လက်ပြောဆို သည်။

ယင်း ဗိုလ်ချုပ်သည် မဇ္ဈိမ သတင်းထောက်ကို မဆဲဆိုမီ နံနက်ပိုင်းက လွှတ်တော်သို့ ရောက်ရှိလာစဉ် ဓာတ်ပုံ သတင်း ရယူ နေသည့် EPA သတင်းထောက် ကိုဟိန်းထက် ကိုလည်း ၎င်း၏ ဓာတ်ပုံများတင်ပါက လက်သီးနှင့် အထိုးခံရမည်ဟု ပြောဆို ခဲ့ သေးကြောင်း သိရသည်။

“မနက်ပိုင်းမှာ ဓာတ်ပုံဆရာတယောက်က ဓာတ်ပုံ ရိုက်တာကိုလည်း သူ့ပုံမတင်နဲ့ လက်သီးနဲ့ ထိုးမယ်လို့ ပြောတာလည်း သူပဲ ဖြစ်နေတယ်။ သူ့မှာ ဘာဖိအားတွေ ရှိနေလို့ ဒီလို ပြောလဲတော့ မသိဘူး။ တပ်မတော်မှာ ရာထူးကြီးကြီး ယူထားတဲ့ သူ တယောက် အနေနဲ့ ဒီလိုမျိုး မသုံးနှုန်းသင့်ဘူးလို့ ထင်တယ်။ ဒီလိုမျိုး ပြောဆို သုံးနှုန်းမှုကို တပ်မတော်ကလည်း သဘော တူမယ်လို့ မထင်ဘူး”ဟု သတင်းထောက် ကိုမင်းမင်းက ပြောသည်။

ဗိုလ်ချုပ် တင်ဆွေဝင်းသည် စစ်တက္ကသိုလ် (ပြင်ဦးလွင်)မှ သိပ္ပံဘွဲ့နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ မဟာ ဝိဇ္ဇာ ဘွဲ့ (ကာကွယ်ရေး ပညာ)ဖြင့် ဘွဲ့ရထားသူ တဦးဖြစ်ပြီး လက်ရှိတွင် ဗိုလ်ချုပ်အဆင့်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်၌ အရန် အင်အားအဖြစ် တွဲဖက်ထားကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ဗိုလ်ချုပ် တောက်ထွန်း အစား ရွေးချယ် ခံရသူ တဦး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Your Thoughts …
Tags: ဗိုလ်ချုပ် တဦး မီဒီယာသမားကို ဆဲဆိုမှု
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဇူလိုင်လ ၂၆ ရက် မန္တလေးမြို့တွင် ပြုလုပ်သော မန္တလေးတိုင်း အစိုးရအဖွဲ့ဟောင်း၏ သတင်းစာရှင်းလင်းပွဲ / မြတ်ပြည့်ဖြိုး

ကြွေးကျန် သိန်း ၃ သောင်းကျော် ပြည်သူ့ဘဏ္ဍာ မဟုတ်ဟု မန်းတိုင်း ဝန်ကြီးချုပ်ဟောင်း ရှင်း

အဆိုတော် ရဲနောင်   / ထက်ဝေ / ဧရာဝတီ

"ဒီည Myanmar Idol မှာ Pantene Wild Card နဲ့ ဇော်ကြီးကို ပြန်ခေါ်စေချင်တယ်"

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.8k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate