သတင်း

ဘေဂျင်းမြို့ အမေရိကန်သံရုံးအနီး ပေါက်ကွဲမှုဖြစ်

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးတွင် အနီး ပေါက်ကွဲမှုဖြစ်ပွားရာ အပျက်အစီးအနည်း ငယ်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အများအပြားမရှိ သော်လည်း ဗုံးထောင်သည်ဟု ယူဆရသူ အသက် ၂၆နှစ်အရွယ် လူတဦးမှ ဒဏ်ရာများနှင့် ဖမ်းဆီးရမိ ကြောင်း သိရသည်။

ဘေဂျင်းမြူနီစီပယ် ပြည်သူ့လုံခြုံရေး ဗျူရို၏ အဆိုအရ ၎င်းမှာ အတွင်း မွန်ဂိုလီးယား၏ မြောက်ပိုင်းမှဖြစ်ပြီး၊ ယခုအခါ ဆေးရုံတွင် ကုသမှု ခံယူနေရကြောင်းဆိုသည်။

အမေရိကန်သံရုံးပြောခွင့်ရသူကလည်း နေ့လည် ၁နာရီခန့်တွင် သံရုံး၏ အရှေ့တောင်ဘက်ရှိ အများပြည်သူ ဝင်ထွက်ခွင့် ပြုထားသည့် နေရာတွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“သံရုံးနယ်မြေလုံခြုံရေးအရာရှိရဲ့အဆိုအရ ဗုံးထောင်တဲ့သူက တစ်ယောက်တည်းပါ။ ဗုံးထောင်တဲ့လူက လွဲရင် တခြားလူ တွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ နယ်မြေရဲတွေ လာစစ်နေပါတယ်”ဟု ၎င်းကပြောသည်။

ဖောက်ခွဲရသည့်ရည်ရွယ်ချက်ကို ရဲက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ ၎င်းသည် ပေါက်ကွဲစေသည့် ကိရိယာကို သံရုံးထဲသို့ ပစ်သွင်းရန် ကြိုးစားခဲ့ကြောင်း၊ သို့သော် ခြံစည်းရိုးကျော်လွန်၍ မပစ်သွင်း နိုင်မီ ပေါက်ကွဲသွားခဲ့ ကြောင်း၊ လမ်းပေါ်ရှိ ရဲကားတစီးနှင့် လူအများ ထိမှန်ခဲ့ကြောင်း မျက်မြင် သက်သေများပြောကြားချက် ကို တရုတ် မီဒီယာက ဖော်ပြသည်။

ယခုပေါက်ကွဲမှု ဖြစ်ပွားသည့် အချိန်သည် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်သည်။

Loading