• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေ ၅ ဒဿမ ၂ ဘီလီယံ လာမည့်လဆန်းတွင် ပြန်ပေးမည်

by ဆလိုင်းသန့်စင်
27 July 2018
in သတင်း
A A
၂၀၁၆ ခုနှစ် ဇွန်လကပြုလုပ်သည့် ပုသိမ်မြို့ရှိ ဧရာဝတီ ကျန်းမာ ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဖွင့်ပွဲ / ဧရာဝတီ

၂၀၁၆ ခုနှစ် ဇွန်လကပြုလုပ်သည့် ပုသိမ်မြို့ရှိ ဧရာဝတီ ကျန်းမာ ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဖွင့်ပွဲ / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဟောင်းမှ လွှဲပြောင်းလှူဒါန်းခဲ့သည့် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅ ဒဿမ ၂ ဘီလီယံ (ကျပ်သိန်းပေါင်း ၅ သောင်း ၂ ထောင် ကျော်) အား နိုင်ငံတော်သို့ သြဂုတ်လ ၂ ရက်နေ့တွင် ပြန်လည် ပေးအပ်သွားမည်ဟု ဆက်သွယ်လာကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများ ပြန်လည်တောင်းခံရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ရောက်ရှိလာသည့် အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းထံသို့ ယခုလ ဒုတိယပတ်အတွင်းက စာပို့၍ အကြောင်းကြားခဲ့ရာ အဆိုပါ ရန်ပုံငွေများကို သြဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းသွားမည်ဟု ဧရာဝတီကျန်းမာပညာဖောင်ဒေးရှင်းမှ ဧရာဝတီတိုင်း အစိုးရထံသို့ ဆက်သွယ်လာခြင်း ဖြစ်သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
532
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
487
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
154

“သူတို့ဘက်က (ကျန်းမာ/ပညာဖောင်ဒေးရှင်း) သြဂုတ်လ ၂ ရက်နေ့ကို ပြန်ပေးဖို့အတွက် အဆင်သင့်ဖြစ်တဲ့ အကြောင်း ဆက်သွယ်လာတယ်။ ဒီအခြေအနေကို သမ္မတရုံးဆီကို ကျနော်တို့ အစီရင်ခံတင်ပြထားတယ်။ လမ်းညွှန်ချက်တော့ ပြန်မလာသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းက ဧရာဝတီကို ပြောသည်။

ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများကိစ္စမှာ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက လွှတ်တော်တွင် မေးမြန်းရာမှ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ လွှတ်တော်အတွင်း မေးမြန်းမှုနှင့် ပတ်သတ်၍ ဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က ၂၀၁၆ ခုနှစ်အတွင်း ဧရာဝတီ ကျန်းမာပညာ ဖောင်ဒေးရှင်းအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ တင်ပြချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စအား နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်၏ နိုင်ငံတော် သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အဆိုပါကိစ္စအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား တာဝန်ပေးအပ်၍ ဧရာဝတီ ကျန်းမာပညာဖောင်ဒေးရှင်းအား စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဖောင်ဒေးရှင်း၏ငွေကြေးကိစ္စများအား စစ်ဆေးပြီးနောက် အဆိုပါ ငွေကြေးများမှာ နိုင်ငံတော်ငွေများဖြစ်နေသည့်အတွက် ပြန်လည်တောင်းခံသင့်ကြောင်း နိုင်ငံတော် သမ္မတရုံးထံ အစီရင်ခံတင်ပြခဲ့ရာ သမ္မတရုံးက စာရင်းစစ်ချုပ်ရုံး၏ အကြံပြုချက်အတိုင်း ဒေသဖွံ့ဖြိုးရေး ရံပုံငွေများ ပြန်လည်တောင်းခံဆောင်ရွက်သွားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ပြန်လည်ပေးအပ်တဲ့နေရာမှာ ငွေသားတွေရော၊ အကြွေးတွေရော ပါနေတယ်လို့ သိရတယ်။ ဒါကိုတော့ ကျနော်တို့ ကော်မတီဖွဲ့ပြီးတော့မှ သေချာစစ်ဆေးပြီး လက်ခံသွားဖို့ ရှိနေတယ်။ ဒီကိစ္စကို နိုင်ငံတော်သမ္မတရုံးဆီကနေလည်း လမ်းညွှန်ချက်ခံယူထားပါတယ်”ဟု ဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ပြန်လည်ပေးအပ်မည့် ဒေသဖွံ့ဖြိုးရေးရံပုံငွေ ၅ ဒဿမ ၂ ဘီလီယံကျပ်ရရှိပါက မည်ကဲ့သို့ သုံးစွဲရမည်ကို မသိရသေးကြောင်း၊ နိုင်ငံတော် သမ္မတရုံး၏လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေများကိစ္စအား လွှတ်တော်တွင် တင်ပြမေးမြန်းခဲ့သူ ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာမင်းသိန်းက “အခုလို ပြည်သူ့ငွေတွေပြန်ရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ဒီအချိန်က ပိုက်ဆံက ရှားပါးနေချိန်ဆိုတော့ ဒီငွေတွေဟာ ပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စတွေမှာ အသုံးပြုနိုင်မှာတော့ အသေအချာပါပဲ။ ဧရာဝတီတိုင်းမှာလည်း လုပ်စရာတွေက အများကြီး ရှိနေတော့ ကျနော်တို့ တိုင်းအတွင်းလည်း ရသင့်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေအတွက်လည်း ရမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနာမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအား တိုင်းဒေသကြီးဖွံ့ဖြိုးရေးရံပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတဖျော်ဖြေပွဲများပြုလုပ်၍ ရံပုံငွေရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရအဖွဲ့ ရာထူးမှဆင်းပေးခါနီးအချိန်တွင် အစိုးရ တာဝန်ယူစဉ်က လှုပ်ရှား ဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းအား ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းကာ ယခင်ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်းအသစ်ထံသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

လှူဒါန်းငွေ ၅ ဒဿမ ၂ ဘီလီယံအနက် ကျပ်ငွေသိန်း ၄၂၂၀ ကျော်ကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၀ တွင် ကျေးလက်မီးလင်းရေးလုပ်ငန်းများအတွက် ချေးထားခဲ့ပြီး ကျပ်သိန်း ၈၀၀၀ ကျော်ကို ယုံကြည် စိတ်ချရသည့် လုပ်ငန်းရှင်များနှင့် အကျိုးတူ စီးပွားရေးလုပ်ကိုင်ထားကြောင်း၊ ကျန်ငွေ ၄ ဘီလီယံအား ပုသိမ်မြို့ရှိ ဘဏ် ၄ ခုတွင် ခွဲ၍ အပ်နှံထားကြောင်း ကျန်းမာပညာ ဖောင်ဒေးရှင်းက ထုတ်ဖော် ပြောဆိုထားသည်။

Your Thoughts …
Tags: ဧရာတိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေ
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Myanmar Idol Season 3 ပြိုင်ပွဲဝင် အဆိုရှင် ငွေဇင်လှိုင်း / ထက်ဝေ / ဧရာဝတီ

ပရိသတ်တွေ Vote ပေးရတာနဲ့ တန်အောင် ကြိုးစားနေတဲ့ ငွေဇင်လှိုင်း

ဆရာလေး ဒေါ်ပညာစာရီ တဖြစ်လဲ အဆိုတော် ဗီဗာဟိန်း  / ဗီဗာဟိန်း  / Facebook

ဝါဆိုလပြည့်နေ့မှာ သာသနာ့ဘောင်ဝင်တဲ့ အဆိုတော် ဗီဗာဟိန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate