သတင်း

စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှုမရှိစေရန် အရေးပေါ်ထိန်းသိမ်းနေ

Want create site? Find Free WordPress Themes and plugins.

ယခုရက်ပိုင်း မြစ်ရေ မြင့်တက်လာမှုကြောင့် စစ်တောင်းမြစ် ရေကာတာ ကျိုးပေါက်မှု မရှိစေရန် အစိုးရဌာနဆိုင်ရာများနှင့် အရပ်ဖက်အဖွဲ့အစည်းများက အရေးပေါ် ထိန်းသိမ်းပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရေကာတာကျိုးပေါက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ကြောင်းနှင့် ရေကျော်မည့် အခြေအနေ မရှိသေးကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဆည်မြောင်းဦစီး ဦးညွန့်လွင်က ဧရာဝတီသို့ ပြောသည်။

ဦးညွန့်လွင်က “လက်ရှိအခြေအနေကတော့ ကောင်းပါတယ်။ ဘာမှမကျိုးမပေါက်သေးပါဘူး အားလုံးနိုင်အောင်လို့ ထိန်းထားပါတယ်။ ရေကျော်မယ့် အလားအလာလည်း မရှိသေးပါဘူး” ဟု ပြောသည်။

ညောင်လေးပင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေး က “တာရဲ့ တချို့နေရာတွေ ဆိုရင် ရေစပ်စပ် ဖြစ်နေတဲ့ နေရာတွေ ဖြစ်နေပြီ အဲဒီလို ရေနည်းနည်းကျော်နိုင်တဲ့ နေရာတွေကို ဆည်မြောင်းဌာနကနေ လိုက်လုပ်နေ တယ်။ မြို့နဲ့ အနီးတဝိုက်မှာကျတော့ ပရဟိတလူငယ်တွေရယ် ရပ်မိရပ်ဖတွေကတော့ နိုင်သလောက် ရေကျော်နိုင် မယ့်နေရာတွေကို သဲအိတ်တွေနဲ့ ကာရံတာတွေ လုပ်နေပါတယ်”ဟု ရာဝတီသို့ ပြောသည်။

ရေကာတာမှ ရေကျော်မည့် အခြေအနေဖြစ်လာပါက ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြို့တွင်းရှိ ပြည်သူများကို ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် သတိပေးထားပြီးဖြစ်ကြောင်း ၎င်းကဆို သည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၇ ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တာလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာမှ ယနေ့ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည့် တောင်ငူမြို့တွင်လည်း ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၁ ပေခန့် ဆက်လက်တက်လာနိုင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading