• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျုးကျော်ပြဿနာကြောင့် သိမ်းဆည်းခံမြေများ ပြန်ပေးရန် ကြန့်ကြာနေ

by မြတ်ပြည့်ဖြိုး
30 July 2018
in သတင်း
A A
ပုသိမ်ကြီးမြို့နယ်အတွင်း လယ်မြေများကို အကွက်ရိုက် ရောင်းချ ဆောက်လုပ်ထားသည့်နေရာတခု  / ဇော်ဇော် /  ဧရာဝတီ

ပုသိမ်ကြီးမြို့နယ်အတွင်း လယ်မြေများကို အကွက်ရိုက် ရောင်းချ ဆောက်လုပ်ထားသည့်နေရာတခု / ဇော်ဇော် / ဧရာဝတီ

6.3k
VIEWS
Share on FacebookShare on Twitter

သိမ်းဆည်းခံမြေ အများစုတွင် ကျုးကျော်နှင့် သီးစားချ ပြဿနာများ ရှိနေသဖြင့် တောင်သူများလက်သို့ ပြန်လည် ပေး အပ်နိုင်ရန် အချိန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ကဏ္ဍ တာဝန်ယူထားသည့် မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း က ဧရာဝတီကို ပြောသည်။

ဒေါက်တာ စိုးသန်းက “မြေပြန်ပေးမယ့် သတင်းကြားတာနဲ့ ကျူးတာလည်း ရှိသလို မဆိုင်တဲ့သူကလည်း ဆိုင်တယ် ပြောတာတွေလည်း ရှိတယ်။ ဥပဒေအရ မြေပြန်ပေးတယ် ဆိုတာ မူလတောင်သူပဲ ပေးရတယ်။ သီးစားချတဲ့ သူကို ပြန်ပေးလို့မရဘူး။ ဒါပေမယ့် သက်ညှာတဲ့ အနေနဲ့ အားလုံး ပါဝင်အောင် ထည့်စဉ်းစား စိစစ်နေရလို့ ကြာနေတာ ဖြစ် ပါတယ်” ဟု ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
43
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
31
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
53

၁၉၉၀ ခုနှစ် နောက်ပိုင်းမှ စ၍ နိုင်ငံတော် စီမံကိန်းများ၊ အခြား အကြောင်းအရာများကြောင့် သိမ်းဆည်းခံရသည့် လယ်ယာမြေများအား ပြန်လည် စွန့်လွှတ်ပေးရန် မန္တလေးတိုင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ (တိုင်းမြေ စစ်ကော်မတီ) က တင်ပြတောင်းဆိုခဲ့ရာ မြေဧကပေါင်း ၁၉၀၀၀ နီးပါးကို နိုင်ငံတော်က ပြန်လည် စွန့်လွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအနက် ၂ နှစ် အတွင်း မန္တလေးတိုင်းရှိ သိမ်းဆည်းမြေ ဧက ၆၃၀၀ ကျော်ကို တောင်သူများ လက်ထဲသို့ ပြန်လည် ပေးအပ်ပြီး ဖြစ်သော်လည်း သိမ်းဆည်းခံ မြေဧကပေါင်း ၁၂၅၈၆ ကျော် ကျန်ရှိနေသေးရာ အရှုပ်အရှင်း ကင်းသော မြေများအား စိစစ်ကာ ယခုနှစ် အတွင်း ရပိုင်ခွင့်ရှိသည့် တောင်သူများ လက်သို့ ပြန်ပေးအပ်သွားမည်ဟု ဒေါက်တာ စိုးသန်းက ဆိုသည်။

အဆိုပါ ကျန်ရှိနေသည့် မြေ ၁၂၅၈၆ ဧကအား ရပိုင်ခွင့်ရှိသည့် တောင်သူများ လက်ထဲ ပြန်လည် စွန့်လွှတ်နိုင်ရန် အတွက် တိုင်းမြေစစ် ကော်မတီက စိစစ်လျက်ရှိရာ လာမည့်လ အတွင်း တံတားဦး လေယာဉ်ကွင်း စီမံကိန်းအတွက် သိမ်းဆည်းထားသည့် မြေဧက ၃၈၀၀ ကျော်ကို မူလ တောင်သူများလက်ထဲသို့ ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် မူလ ရပိုင်ခွင့်ရှိသည့် တောင်သူသာမက အရှုပ်အရှင်းများ ရှိနေသော စဉ့်ကူးမြို့နယ် အတွင်းရှိ ကတက်ချဉ် စိုက်ခင်း အဖြစ် သိမ်းဆည်းခံထားသည့် မြေဧက ၄၅၀၀ ကျော် အပါအဝင် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ် ရေနံသာကျေးရွာတို့မှ သိမ်းဆည်းမြေ မြေဧက ၈၇၀၀ ကျော်တို့ကို ပြန်လည် ပေး အပ်နိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း တိုင်းမြေစစ်ကော်မတီ က သိရသည်။

အဆိုပါ ကတက်ချဉ် စိုက်ခင်းမြေ ဧကများသည် မူလက စိုက်ပျိုးရေး ဦးစီးဌာနက ပိုင်ဆိုင်ပြီး ယင်းမှတဆင့် မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ငန်းသို့ အငှားချခြင်း၊ ဦးပိုင်မှ ဂရိတ်ဝေါ ကုမ္ပဏီသို့ အငှားချခြင်းနှင့် ယခုအခါ အဆိုပါ ကုမ္ပဏီက စိုက်ပျိုးရေး ဦးစီးဌာနသို့ ပြန်လည်ပေးအပ်ပြီး ဖြစ်သော်လည်း အစဉ်အဆက် သီးစားချပေးထားသည့် တောင်သူများ လည်းရှိနေခြင်းကြောင်း ဒေါက်တာ စိုးသန်း က ဆိုသည်။

ယင်းပြင် ထိုမြေအား ပြန်လည် စွန့်လွှတ်မည့်မြေဟု သတ်မှတ်လိုက်သဖြင့် ကျူးကျော် နေထိုင်မှုများလည်း ရှိနေကာ အမှန်တကယ် မြေရပိုင်ခွင့် ရှိသူများထံ ပြန်လည် ပေးအပ်နိုင်ရန် စိစစ်မှုများ ပြုလုပ်နေရသောကြောင့် အချိန်ကြန့်ကြာ နေခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

အထက်ပါ သိမ်းဆည်းမြေ ပြန်လည် ပေးအပ်ခြင်း ကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်း အစိုးရ အဖွဲ့ ၂ နှစ် ပြည့် သတင်းစာ ရှင်းလင်းပွဲ၌ တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “နိုင်ငံတော်က စွန့်ပြီးသား မြေတွေကို မူလ တောင်သူ လက်ထဲကို ပြန်ပေးကို ပေးရမှာပါ။ ဒါပေမယ့် အဲဒီမြေတွေပေါ်မှာ သီးစားချထားတာတွေ၊ ကျူးကိစ္စတွေရှိ နေတော့ အောက်ခြေမှာ ဘယ်လိုမှ ရှင်းလို့ မနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ရှင်းပါ့မယ်။ ပေးနိုင်အောင် လည်း ကြိုးစားပါ့မယ်” ဟု မီဒီယာများအား ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ပြန်လည် ပေးအပ်ရန် ကျန်ရှိသည့် မြေဧကများ အနက် အရှုပ်အရှင်းကင်းသော၊ တိုင်းမြေစစ် ကော်မ တီက ပြန်လည် စိစစ်ပြီးသော မြေများအား ယခုနှစ် ဒီဇင်ဘာလ မတိုင်ခင် ပေးအပ်သွားမည် ဟုလည်း ပြောဆိုသွား သည်။

Your Thoughts …
Tags: သိမ်းဆည်းခံမြေ ပြန်ပေးအပ်
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Sacred Games ဇာတ်လမ်းတွဲ

အိန္ဒိယနိုင်ငံရဲ့ ခေတ်အဆက်ဆက် ဒုစရိုက်လောက ဖြတ်သန်းမှုကို ပြသထားတဲ့ "Sacred Games"

ကမ္ဘေဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နှင့် သူ့အား ထောက်ခံသူများ / AFP

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အာဏာရပါတီ နေရာအားလုံး အနိုင်ရဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate