ထိုင်းနိုင်ငံအထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခြင်း၊ မြစ်ကမ်းရေကာတာများ ကျိုးပေါက်ခြင်း၊ ရေစီးသန်ခြင်း၊ မြေပြိုခြင်းများသတိပေးချက်ကို ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုအနက် ၅၉ ခုတွင်ထုတ်ပြန်ထားသည်။
မကြာသေးမီက နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ စီရင်စုအများအပြားတွင် မိုးသည်းထန်စွာ ရွာ သွန်းခဲ့ရာ ရေကြီးခြင်း၊ မြေပြိုခြင်းများ ယင်းနေရာများတွင် ဖြစ်ပေါ်လာနိုင် ကြောင်း၊ သဘာဝဘေးကို ရင်ဆိုင်နိုင်ရန် နိုင်ငံ တဝန်း ပြည်နယ် ၅၉ရှိ သဘာဝဘေး ကာကွယ်ရေးနှင့် လျော့ပါးစေရေးရုံးများကို ဌာနအကြီးအကဲ ချာရာပို သစ်တီဆတ်က ယမန်နေ့က ပြောသည်။
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လန်းပန်း၊ လမ်းဖွန်း၊ ချင်းရိုင်၊ ဖရောင်၊ ဖရေး၊ ဥထရာဒစ်၊ ဆူခိုထိုင်း၊ ကမ်ဖန်ဖက်၊ တပ်ခ်၊ ဖိဆနုလွတ်၊ ပီချစ်၊ ဖက်ချာဗန်၊ နခွန်စဝမ်နှင့် အူထိုင်း ဌာနီတို့ဖြစ်ပြီး၊ အရှေ့မြောက် ပြည်နယ်များဖြစ် သည့် ကန်ချနဘူရီ၊ ရပ်ချ်ဘူရီ၊ နခွန်နယောက်၊ ပရာချာဘူရီ၊ စကဲအို၊ ရနောင်း၊ ချန်သဘူရီ၊ တာရက်နှင့် တောင်ပိုင်း ပြည်နယ် ၁၄ခု ပါဝင်ကြောင်းသိရသည်။
ထိုင်းမိုးလေဝသနှင့် ဇလဗေဒဌာနက တနင်္လာနေ့က သတိပေးချက်ထုတ်ပြန်ရာတွင် မိုးအဆက်မပြတ် ရွာသွန်းနေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းတို့ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်တို့၌ ဖြစ်ပေါ်နိုင်သဖြင့် ယင်းနယ်မြေများ တွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးခြင်းအန္တရာယ်ကို စောင့်ကြည့်ဂရုပြုရန် နှိုးဆော်ထားသည်။
နောက်ဆုံး မိုးလေဝသသတိပေးချက်တွင် တုန်ကင်ပင်လယ်အော်နှင့် ဗီယက်နမ်အထက်ပိုင်းတွင် လေဖိအားနည်းပါး သကဲ့သို့ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ် ကွေ့နှင့်ထိုင်းတောင်ပိုင်းတို့တွင် အားကောင်းနေကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။
ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနေပြီး လှိုင်းအမြင့် ၂ မီတာမှ ၄ မီတာနှင့် ထိုင်း ပင်လယ်ကွေ့တွင် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ ရှိနိုင်ကြောင်း ဆိုသည်။ သင်္ဘောအားလုံး သတိပေးချက်ဖြင့် သွားလာရန်နှင့် လှေငယ်များ ကမ်းခြေ၌သာ ရပ်နားထားသင့်ကြောင်း ဆိုသည်။
ထိုင်းအနောက်ကမ်းရိုးတန်း၏ တောင်ပိုင်းနှင့်အရှေ့ပိုင်းတွင် နေထိုင်သူများသည် ယင်းကာလအတွင်း လေအပြင်းအထန် တိုက်ခတ်ခြင်း ခံစားရမည်ဖြစ်သည်။
ကလာစင်တွင် ကော့ဝမ်နှင့် နာခုခရိုင်တို့ရှိ နေရာအနှံအပြားတွင် ရေကြီးမှုမှာ ၃၀ စင်တီမီတာအထိ မြင့်တက်နိုင်ကြောင်း တနင်္လာနေ့က ထိုင်းမိုး/ဇလက သတင်းထုတ်ပြန်သည်။