သတင်း

အာသံပြည်နယ်၌ လူ ၄ သန်းကို တရားမဝင်နေထိုင်သူများဟု သတ်မှတ်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို မှတ်ပုံတင် သက်သေခံ စစ်ဆေးရန် တရားရုံးချုပ်က ဆုံးဖြတ်ပြီးနောက် နိုင်ငံသား ဖြစ်မှု အမျိုးသားမှတ်ပုံတင် မူကြမ်းတွင် တရားဝင်ဖြစ်ရန် အရည်အချင်း မပြည့်မီသူ ၄သန်းရှိကြောင်း အိန္ဒိယ ဗဟိုမှတ်ပုံတင်ဌာနက မနေ့က ကြေညာသည်။

ဗဟို မှတ်ပုံတင်ဌာန အနေဖြင့် မှတ်ပုံတင် မပြုလုပ်နိုင်သူများအား နိုင်ငံသားဖြစ်ရန် ထောက်ခံချက် ရရှိရေး အခွင့်အလမ်း တခုထက် ပို၍ ပေးထားကြောင်း၊ နိုင်ငံသား မှတ်ပုံတင် အသစ်ပြုလုပ်ရေးကို ဒီဇင်ဘာ ၃၁ ရက်နေ့ဟု သတ်မှတ်သည့် အတွက် ၎င်းတရားမဝင် ဝင်ရောက်လာသူများအနေဖြင့် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ ၂၈ ရက်နေ့အထိ တောင်းဆို တင်ပြမှု ပြုလုပ်နိုင်ကြောင်း ဆိုသည်။

အိန္ဒိယ မှတ်ပုံတင် အရာရှိချုပ် ဆိုင်းလတ်ကလည်း “အခုဟာ မူကြမ်းပဲရှိပါသေးတယ်။ အပြီးသတ် တခုကို ကျနော်တို့ စောင့်ရပါလိမ့်မည်၊ အဲဒီလူတွေရဲ့ တောင်းဆိုချက်ကို ဘာကြောင့်အတည်မပြုနိုင် သလဲဆိုတာ အကြောင်းပြချက် အများ ကြီးရှိနိုင်ပါတယ်” ဟု ဆိုသည်။

အလားတူပင် အိန္ဒိယပြည်ထဲရေးပူးတွဲအတွင်းဝန်(အရှေ့မြောက်) ဆက်ယန် ဒရာဂတ်က “သူတို့ကို ဒဏ်ခတ်အရေးယူဖို့ မရှိပါဘူး။ နောက်ဆုံး နိုင်ငံသားမှတ်ပုံအတွက် ကျနော်တို့ စောင့်နေပါတယ်” ဟု ဖြည့်စွက်ပြောသည်။

အတိုက်အခံ BJP ပါတီကတော့ ယခုစိစစ်နေမှုကိစ္စသည် အာဏာရအစိုးရအနေဖြင့် နိုင်ငံရေးအမြတ် ထုတ်ရန် ပြည်သူများ အား ခွဲခြားခြင်းဖြစ်ကြောင်း နိုင်ငံရေးအရပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်၍ တုံ့ပြန်ခဲ့သည်။

အာသံဒေသခံ ၃၂.၉ သန်းမှာ မှတ်ပုံတင်လျှောက်ထားခဲ့ပြီး အိန္ဒိယဗဟိုမှတ်ပုံတင်ဌာနကလည်း ၂၀၁၀ ပြည့်နှစ် နိုင်ငံတွင်း တရားမဝင်နေထိုင်သူများ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ခိုးဝင်လာသူ များကို စိစစ်ပြီး ပြည်နှင်ဒဏ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

အဆိုပါလူ ၄သန်းမှာ ၁၉၇၁ ခုနှစ် ပါကစ္စတန်နိုင်ငံ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခွဲထွက်စဉ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိန္ဒိယ ဘက် ထွက်ပြေးခဲ့သူများဖြစ်သည်ဟု သိရသည်။

အိန္ဒိယဗဟိုမှတ်ပုံတင်ဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံသားမှတ်ပုံတင်စာရင်း ကောက်ယူခြင်း လုပ်ငန်း စဉ်သည် ဒီဇင်ဘာလ ၂၁ ရက်တွင် အပြီးသတ်မည်ဖြစ်ပြီး လျှောက်လွှာရှင် ၄ သန်းအတွက် အတည်ပြု ချက်ရရန် ၅ လအချိန်ပေးထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading