မကြာသေးခင်က ဂြိုဟ်တုမှနေ၍ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အခြားအထောက်အထားများ အခြေခံ၍ မြောက်ကိုရီး ယားသည် ဒုံးလက်နက် အသစ်များ ထုတ်လုပ်နေကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက စုံစမ်းသိရှိခဲ့ သည်ဟု ဝါရှင်တန်ပို့စ်က တနင်္လာနေ့တွင် သတင်းဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ထိပ်သီးတွေ့ ဆုံပြီးနောက် ရက် သတ္တပတ် အနည်းငယ်တွင် ပြုံယမ်းက လောင်စာရည်သုံး တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးလက်နက် အနည်းဆုံး တခု (သို့မဟုတ်) နှစ်ခုကို ထုတ်လုပ် ခဲ့ကြောင်း ထောက်လှမ်းရေးအရာရှိ များနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကို ကိုးကားလျက် ဝါရှင်တန်ပို့စ်က ဆိုသည်။
ပြုံယမ်းမြို့အပြင်ဘက်ရှိ စနန်ဒေါင်း လက်နက်စက်ရုံတွင် အမေရိကန်အထိ ပစ်ခတ်နိုင်စွမ်းရှိသော မြောက်ကိုရီးယား၏ ပထမဆုံး တိုက်ချင်းပစ် ဒုံးလက်နက်ကို စမ်းသပ်ထုတ်လုပ်နေကြောင်း အမေရိကန်က ထောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဇွန်လက တွေ့ဆုံခဲ့သော စင်ကာပူထိပ်သီးအစည်းအဝေးကို လိုက်နာလျက် ပြုံယမ်းသည် နျူကလီး ယား ခြိမ်းခြောက်မှု မရှိတော့ကြောင်း ထရမ့်က ကြေညာချက်ပေးခဲ့ပြီး သူ၏သံတမန်ရေးရာ အောင်မြင်မှုကို ချီးကျူးထောပနာပြုခဲ့ကြသည်။
သို့သော် ပြုံယမ်း၏ နျူကလီးယားကိစ္စနှင့် ဒုံးလက်နက်တို့အပေါ် ကင်မ်က လူသိရှင်ကြား ကတိပေးခဲ့ခြင်းမရှိပေ။
ဒုံးလက်နက်အသစ်များ တည်ဆောက်ခြင်းရှိ/ မရှိအပေါ် ရည်ညွှန်းမှုမရှိဘဲ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယို က ယခင် သီတင်းပတ်အတွင်းက ဆီးနိတ်အမတ်များကို ပြုံယမ်းသည် နျူးကလီးယားနှင့် ဆက်စပ်လုပ်ကိုင်မှု ဆက်လက် ပြုလုပ်နေဆဲဖြစ်သည် ဆိုသည့် ပြောကြားချက် နောက်ပိုင်း ယခုဒုံးလက်နက် ထုတ်လုပ်နေသည်ဟူသော သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
အမျိုးသား မြေပြင်ထောက်လှမ်းရေး အေဂျင်စီမှ ရရှိသောပုံရိပ်များအရ စနန်ဒေါင်စက်ရုံတွင် Hwasong-15 တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးလက်နက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း ထောက်လှမ်း နိုင်ခဲ့သည်ဟု ဝါရှင်တန်ပို့စ်က သတင်းရေးသားသည်။
“သူတို့ ထုတ်လုပ်နေတုန်းပဲဆိုတာ ကျနော်တို့တွေ့ရတယ်။ သိပ်မကြာလောက်သေးဘူး” ဟု အမေရိကန်အရာရှိတဦးက ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောသည်။
သို့သော် မြောက်ကိုရီးယားမြောက်ဘက် ကမ်းရိုးတန်းပေါ်ရှိ ဆိုဟေးဂြိုဟ်တု လွှတ်တင်ရေး အခြေစိုက်ခန်းတွင် ထရမ့်နှင့် ထိပ်သီးတွေ့ဆုံမှု ကတိကဝတ်အတိုင်း စက်ယန္တရားများ ဖြုတ်သိမ်းနေသည့် လုပ်သားများကို တွေ့ရသည်ဟုဆိုသည်။
ဇူလိုင်လ ၇ ရက်က ရိုက်ကူးထားသော ပုံတပုံတွင် အနီရောင် တောက်နေသော နောက်တွဲယာဉ်တစီးတွင် ဝန်စည်စလွယ် များဖြင့် တွေ့ရသည်။ ယင်းကဲ့သို့ ယာဉ်မျိုးကို သုံး၍ မြောက်ကိုရီးယားက ယခင်က ပဲ့ထိန်းစနစ်သုံး တိုက်ချင်းပစ်ဒုံး လက်နက် အရွှေ့အပြောင်း ပြုလုပ်ခဲ့ဖူးသည်။