သတင်း

၁၀၇ နှစ်ရှိ ကရင်အဘိုးအိုကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဖက်ချဘူရီရှိ ကန်ကရာချန် သစ်တော၌ နေထိုင်သည့် ကရင်တိုင်းရင်းသားတို့၏ နှလုံးသည်းပွတ်ဖြစ်သော လူမျိုးစု ခေါင်းဆောင် အသက် ၁၀၇ နှစ်အရွယ်ရှိ ကိုအီး မီးမီကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံခွင့်ပြုလိုက်ရာ ယမန်နေ့က ကန်ကရာချန်ခရိုင်ရုံးသို့ လာရောက် မှတ်ပုံတင်ခဲ့သည်။

ကရင်လူမျိုးတို့က ဘိုးဘိုးကြီး ကိုအီးဟု ချစ်စနိုးဖြင့် ခေါ်ကြသည့် အဘိုးအိုသည် ဖက်ချ်ဘူရီနှင့် ရပ်ချ်ဘူရီ ပြည်နယ် နှစ်ခု အကြားရှိ ထိုင်းမြေတွင် မွေးဖွားသူဖြစ်ပြီး မျိုးရိုးစဉ်ဆက်မှာ ကရင်တိုင်းရင်းသား ဖြစ်စေကာမူ ထိုင်းနိုင်ငံသား ဖြစ်သွားပြီ ဖြစ်ကြောင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် မစ္စက် သူရန်ဂျိုင်ဒီးသက်က မီဒီယာများကို ပြောသည်။

နိုင်ငံသား ဖြစ်မှုအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဘိုးဘိုး ကိုအီးမှာ စံနမူနာပြအဖြစ် ကိုယ်စား ပြုနိုင်ပြီ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချသည်။ အထူးသဖြင့် ထိုင်းနိုင်ငံရှိ သက်ကြီးပိုင်း တိုင်းရင်းသားလူမျိုး အများအပြား မှာ နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။

ဘိုးဘိုးကြီး ကိုအီး နေထိုင်သည့် ကန်ကရာချန်သစ်တောသည် မြန်မာနိုင်ငံ တနင်္သာရီဒေသနှင့် ဆက်စပ်လျှက်ရှိသည်။

ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များစွာ နေထိုင်သည့် နိုင်ငံမဲ့သူ အမြောက်အမြား ရှိသော်လည်း ထိုင်းနိုင်ငံသားဖြစ်ခွင့် မရကြကြောင်း၊ အကြောင်းမှာ မွေးဖွားရာတိုင်းပြည် ထောက်ခံချက်ပါဝင်သည့် မွေးစာရင်းကဲ့သို့သော လိုအပ်သည့် တရားဝင် စာရွက်စာတမ်းများ မရှိကြ၍ ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ပြောသည်။

၎င်းတို့ အနေအထားမှာ နိုင်ငံမဲ့ ဖြစ်နေခြင်းကြောင့် နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်စွာ ခရီးသွားလာနိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုတို့ ဆုံးရှုံးကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading