• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေကျင် ရေပြန်ကျ

by သဇင်လှိုင်
1 August 2018
in သတင်း
A A
ဇူလိုင် ၃၀ ရက် ရွှေကျင်မြို့ ရေကြီးရေလျှံမှုကို တွေ့ရစဉ်  / သဇင်လှိုင် / ဧရာဝတီ

ဇူလိုင် ၃၀ ရက် ရွှေကျင်မြို့ ရေကြီးရေလျှံမှုကို တွေ့ရစဉ် / သဇင်လှိုင် / ဧရာဝတီ

5k
VIEWS
Share on FacebookShare on Twitter

လူဦးရေ သောင်းနှင့်ချီ ရေဘေးသင့်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး ရွှေကျင်မြို့နယ်၌ ရက်သတ္တ တပတ်ကြာ ရေကြီးရာမှ ရေများ ပြန်လည် ကျဆင်းစ ပြုလာပြီ ဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာ ဖြစ်ပြီး ယင်းအမှတ်ထက် ၃၇ စင်တီမီတာ မြင့် တက်ခဲ့ ကာ ယနေ့ တိုင်းတာချက်များ အရ စိုးရိမ်ရေမှတ်အောက် ၂၂ စင်တီမီတာသို့ လျော့ကျ သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန် ထားသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
606
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
63
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
76

ရေကြီးမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့် မဒေါက် – ရွှေကျင် ကားလမ်းသည်လည်း လက်ရှိ အခြေ အနေတွင် ၆ ဘီးကားများ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း ရွှေကျင်မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း က ဧရာဝတီသို့ ပြောသည်။

ဦးထွန်းထွန်းလင်းက “ရေကတော့ ကျစပြုနေပါပြီ။ နေအိမ်ဝိုင်းထဲက ရေတွေတော့ ကျန်ပါသေးတယ်။ အမြင့်ပိုင်းက လမ်း တွေလည်း ရေကျသွားပြီ။ တချို့လမ်းတွေမှာတော့ ရေတွေ ကျန်ပါသေးတယ်။ မဒေါက်-ရွှေကျင် ကားလမ်းမှာ ၆ ဘီးကား တွေ သွားလို့ရနေပြီ။ ကားအသေးတွေတော့ သွားလို့ မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေ ကြီးမှုကြောင့် ရွှေကျင်မြို့နယ် အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၁၇ ရွာ၊ အိမ်ထောင်စုပေါင်း ၅၇၆၈ စု၊ လူဦးရေ ၂၇၂၆၆ ဦး တို့အား ရေလွတ်ရာ နေရာသို့ ယာယီရွှေ့ပြောင်းထားပြီး စာသင် ကျောင်း ၇၀ ခန့်တို့ကို ယာယီ ပိတ်ထားရကြောင်း ရွှေကျင်မြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောသည်။

ဇူလိုင်လ ၃၁ ရက် အထိ ကောက်ယူ ရရှိသော စာရင်းများအရ ရွှေကျင်မြို့နယ်တွင် လယ်မြေ ၄၅၃၀၅ ဧက ရှိသည့် အနက် လယ်ဧက၂၅၅၀၀ ရေမြုပ်နေကြောင်း ရွှေကျင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

ရွှေကျင်မြို့ရေကြီးမှု အခြေအနေသည် ယခုနှစ်တွင် ယခင် အကြိမ်များထက် ပိုမိုဆိုးရွားပြီး ရွှေကျင်မြို့နယ် တခုလုံးနီးပါး ရေဘေးသင့်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေကျင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်း က ပြောသည်။

“ကျေးရွာအုပ်စု ၃၉ စုလောက်မှာ ၃၆ အုပ်စုလောက်က ရေမြုပ်နေတယ်။ ဒီလိုမျိုး အဖြစ်အပျက်မျိုးကလည်း ၁၉၉၇ ခုနှစ် မှာ တကြိမ် ၂၀၁၃ မှာ တကြိမ် အခု ၂၀၁၈ မှာ တကြိမ် ဖြစ်တောင့်ဖြစ်ခဲတော့ ရှိတယ်။ သို့သော်လည်း ဒါတွေက သတိထား ရမယ့် အနေအထား ရှိတယ်။ အရင်ဖြစ်ခဲ့တဲ့ နှစ်ထက်စာရင် အခု ၂၀၁၈ က ပိုပါတယ်” ဟု ၎င်းက ဆိုသည်။

လတ်တလော၌ ရွှေကျင်မြို့နယ် နေထိုင်သူများ အတွက် အခက်အခဲဆုံး ကိစ္စမှာ ကျန်းမာရေး အတွက် အပေါ့၊ အလေး စွန့်ခြင်း ဖြစ်ပြီး ယခုချိန်တွင် ဝမ်းရောဂါ ဖြစ်ပွားသူ အနည်းငယ် ရှိနေကြောင်း ဒေသခံ တချို့က ပြောသည်။

ညောင်ပင်ကြီး ကျေးရွာနေ ဒေါ်သင်းပပစိုးက “အခက်အခဲဆုံးကတော့ ကျန်းမာရေး သွားတာပေါ့နော်။ အိမ်သာတွေ အကုန် မြုပ်တော့ သွားစရာ မရှိဘူး။ လတ်တလောကတော့ ကလေးတွေကို အိမ်မှာ ကြွပ်ကြွပ်အိတ်နဲ့ လုပ်ပေးတယ် နောက်မှ လွှင့်ပစ်ပေါ့” ဟု ပြောပြသည်။

ညောင်ပင်ကြီးကျေးရွာနေ ဦးကျော်ဆန်းဝင်း ကလည်း“မနက် မိုးလင်းလာရင် ကလေးအုပ်တွေနဲ့ ဆူညံနေတာ။ စာသင် ကျောင်းမှာ မြင့်တဲ့ အိမ်သာကိုပဲ ကလေးတွေကို သွားပို့ ရတာပေါ့။ ဝမ်းရောဂါဖြစ်တာ အများကြီးတော့ မရှိပါဘူး။ တဦးစ နှစ်ဦးစပဲ ဖြစ်တာပါ”ဟု ပြောသည်။

လက်ရှိ၌ ရွှေကျင်မြို့ ရေဘေးသင့် ပြည်သူများ အတွက် လာရောက် ထောက်ပံ့ကူညီမှုများ ရှိနေသော်လည်း လိုအပ်ချက် များစွာ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်း က ပြောဆိုသည်။

ထိုကဲ့သို့ လိုအပ်မှုများ ရှိနေသဖြင့် ပရဟိတ အဖွဲ့ပေါင်း ၂၅ ဖွဲ့ပါဝင်သည့် ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေး အဖွဲ့ မှ သိန်း ၇၀ ကျော် တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း တချို့ကို ဇူလိုင်လ ၃၀ ရက်နေ့ က ရွှေကျင်မြို့သို့ သွားရောက် လှူဒါန်းမှု ပြုလုပ်ကြသည်။

ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ဒုက္ခရောက်တဲ့၊ သဘာဝ ဘေးဒဏ်ကြောင့် ရေကြီးမှုကို ခံစားရတဲ့ နိုင်ငံသား အချင်းချင်း တကယ် လိုအပ်တဲ့နေရာတွေမှာ မျှတစွာ ရစေချင်လို့ ဒီနေရာကိုလည်း သိစေချင်တယ်။ အဲဒီအတွက်ကိုလည်း ဦးစားပေးပြီး လာတာပါ”ဟု ပြောသည်။

ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေး အဖွဲ့သည် ပရဟိတအဖွဲ့ပေါင်း ၁၀၃ ဖွဲ့နှင့် ချိတ်ဆက်ထားကာ စေတနာ့ဝန်ထမ်း ၄၈၀၀ ကျော်ဖြင့် မြန်မာနိုင်ငံတွင်း၌ လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေတို့် မြင့်တက်ခဲ့ပြီး ရွှေကျင်မြို့ အပါအဝင် ပဲခူးတိုင်း အတွင်းရှိ အိမ်ထောင်စု ၁၆၀၀၀ နီးပါးနှင့် လူဦးရေ ၇၇၀၀၀ ကျော် ရေဘေးသင့်နေကြောင်း ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စာရင်းများတွင် ဖော်ပြထားသည်။

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပေးပြီး ယင်းယာယီ စခန်းများ တွင် နေထိုင်နေသူများ အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များ၊ ထောက်ပံ့ငွေများကို ကူညီ ထောက် ပံ့ ပေးနေကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက သတင်း ထုတ်ပြန်ထား သည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာဖြစ်ပြီး ယင်းအမှတ်ထက် ၁၆၇ စင်တီမီတာ မြင့် တက် ခဲ့ကာ ယမန်နေ့က ရာက်ရှိခဲ့သော ရေမှတ်အောက် ၈ စင်တီမီတာသို့ လျော့ကျ သွားကြောင်းလည်း မိုး/ဇလ က ထုတ်ပြန် ထားသည်။

Your Thoughts …
Tags: ရွှေကျင် ရေကြီးမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
"Honor Note 10" စမတ်ဖုန်း

Honor စီးရီးရဲ့ Display အကြီးဆုံးဖုန်း ဖြစ်လာတဲ့ "Honor Note 10" စမတ်ဖုန်း

ကမ္ဘာ့အသေးဆုံးခွေးများ

ကမ္ဘာ့ အသေးဆုံး ခွေး အမျိုးအစား ၇ မျိုး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate