• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် သစ်များ အမှု ကျောက်ဆည် ရဲအရာရှိများ ပြစ်ဒဏ်ချခံရ

by ထွန်းထွန်း
2 August 2018
in သတင်း
A A
ဖမ်းဆီး ရမိသည့် တရားမဝင် သစ်များ / Soe Thiha

ဖမ်းဆီး ရမိသည့် တရားမဝင် သစ်များ / Soe Thiha

44.6k
VIEWS
Share on FacebookShare on Twitter

တရားမဝင် ဖမ်းဆီးရမိသည့် သစ်များအား ပိုင်ရှင်မဲ့ပြုလုပ်ကာ ပြန်လွှတ်ပေးခဲ့သည့် ကျောက်ဆည် မြို့မရဲစခန်းမှ ရဲ အရာ ရှိ များကို ထောင်ဒဏ်နှင့် ရာထူးလျှော့ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း ကျောက်ဆည် မြို့နယ် ယာယီ စခန်းမှူး ဒုရဲမှူး သန်းကျော်ဌေးက ယနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီသို့ ပြောသည်။

ကျောက်ဆည် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းဇော်အား ဒုရဲမှူး အဆင့်သို့ လည်းကောင်း၊ စခန်းမှူးအသစ် ဒုရဲမှူး ဝင်းနိုင် အား ရဲအုပ်အဆင့်သို့ လည်းကောင်း ရာထူးလျှော့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦးအား ထောင်ဒဏ် ၁ နှစ်၊ နယ်ထိန်းခေါင်းဆောင် ရဲအုပ်သန်းထိုက်အား ထောင်ဒဏ် ၂ နှစ်၊ ဒုတပ်ကြပ် ချစ်စန်းကိုအား ထောင်ဒဏ် ၃ နှစ် အသီး သီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
124
ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
735
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
70

လက်ရှိ ရာထူး လျှော့ချခံရသည့် ဒုရဲမှူးဝင်းဇော်၏ နေရာတွင် အခြားမြို့နယ်မှူးတဦးအား အစားထိုးခန့်ထားပြီ ဖြစ်ကြောင်း သိရသည်။

အမှုအားဖော်ထုတ်တိုင်းကြားခဲ့သည့် ကိုစိုးသီဟက “ရဲစည်းကမ်းအရ အရေးယူတာကို ပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ပါဘူး၊ ဒါကချစ်ခြင်းမုန်းခြင်းကြောင့် လုပ်ခဲ့တာလည်းမဟုတ်ဘူး၊ တရားဥပဒေ စိုးမိုးရေး ဖြစ်စေချင် လို့ ဖော်ထုတ် ခဲ့တာပါ”ဟုပြောသည်။

ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်ခဲ့သည့် ရဲဝန်ထမ်းများအား မှန်မှန်ကန်ကန်ဖော်ထုတ်အရေးယူခြင်းသည် ကောင်း သည့် အလားအလာ တခုဖြစ်ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအပေါ် ထိခိုက် ညှိုးနွမ်းစေသည့် ဥပဒေမဲ့ လုပ်ရပ်များ လျော့နည်း ပပျောက်သွားရန်လည်း မျှော်လင့်ကြောင်း ကိုစိုးသီဟက ပြောသည်။

အမှုတွင် ဖမ်းဆီး စစ်ဆေးခံရသော ရဲတပ်ဖွဲ့ဝင်များအနက် အခင်ဖြစ်သည့် ညတွင် တာဝန်မှူးဖြစ်သူ ဒုရဲအုပ် ကိုကိုလင်း အား လုပ်သက် တနှစ်လျှော့ ပြစ်ဒဏ် ချမှတ်ကာ ဇူလိုင် ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

ဒုရဲအုပ် ကိုကိုလင်းသည် အမှုတွင် ပါဝင်ပတ်သက်မှုမရှိဘဲ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း တိုင်ကြားသူများ ကိုယ်တိုင် ထုတ်ဖော် ပြောကြပြီး အမှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ကျောက်ဆည် မြို့ခံများက ဂုဏ်ပြု ချီးမြှင့်ပွဲ တွင် လည်း ၎င်းအား ထည့်သွင်းကာ ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။

အမှုမှာ ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့သည် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ကားအား ယာဉ် ပေါ်ပါသူနှစ်ဦးနှင့်အတူ ဧပြီ ၂၅ ရက်နေ့ညပိုင်းက ကျောက်ဆည်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဆီးမှုကြောင့် ရဲတပ်သားနှစ်ဦးအနေဖြင့် စခန်းမှူးသစ် ဒုရဲမှူးဝင်းနိုင်၏ ရှေ့တွင် စခန်းမှူးဟောင်း ဒုရဲမှူး မြင့်ဦး၏ ဆူပူ ကြိမ်းမောင်းမှုခံခဲ့ရပြီး ဖမ်းထားသည့်သစ်များအား ပိုင်ရှင်မဲ့အမှုဖွင့်ကာ ဖမ်းထားသူနှစ်ဦးအား ပြန် လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်အပေါ် ကျေနပ်မှု မရှိသည့်အတွက် ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ဇေယျာမောင်တို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး က လက်မှတ်ရေးထိုးကာ ကျောက်ဆည်မြို့ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့နှင့် ပူးပေါင်းပြီး အကျင့်ပျက် ရဲဝန်ထမ်း များအား အရေးယူပေးရန် မေလ ၂ ရက်နေ့က တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ တိုင်းကြားစာတွင် စခန်းမှူးမှ ၎င်းတို့နှစ်ဦးအား အခန်းတွင်ခေါ်ယူကာ “မင်းတို့ကို ဘယ်သူက ဖမ်းခိုင်းလို့ ဖမ်း တာလဲ၊ အခုမြို့နယ်မှူးက လွှတ်ပေးဖို့ ငါ့ကိုကြိမ်းနေပြီ”ဟု ပြောဆိုကာ အသစ် ရောက်ရှိလာသည့် စခန်းမှူး ဒုရဲမှူး ဝင်းနိုင် ရှေ့တွင် ဆူပူကြိမ်းမောင်း ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

အခင်းဖြစ်သည့် ညတွင် သစ်များ နှင့်အတူ ဖမ်းဆီးထားသူ နှစ်ဦးအား စခန်းတွင် ထိန်းသိမ်းထားစဉ် နယ်ထိန်း ခေါင်း ဆောင် သန်းထိုက် နှင့် မုံလာ (ခ) အောင်စိုးမိုး ဆိုသူတို့ စခန်းသို့ ရောက်ရှိလာသည့် အခါ ဒုတပ်ကြပ် ချစ်စန်းကို မှ ဖမ်းထားသူ နှစ်ဦးအား မုံလာ၏ ကားပေါ်သို့ တင်ပေးကာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ လွှတ်ပေးခဲ့သူ နှစ်ဦးအား ယနေ့အထိ ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ကျောက်ဆည် ရဲစခန်းက ဆို သည်။

လက်ရှိတွင် မုံလာ (ခ) အောင်စိုးမိုးအား အများပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ (အ.ပ.က-၃) ဖြင့် ကျောက်ဆည်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်နိုင် ကြောင်း သိရသည်။

အမှုတွင် ကျောက်ဆည်စခန်းမှူးဟောင်း ဒုရဲမှူးမြင့်ဦးနှင့် စခန်းမှူးသစ် ဒုရဲမှူး ဝင်းနိုင်တို့ကို ပုဒ်မ ၁၃(က)/၁၆(ခ)/၁၇(င)/၂၂ ဖြင့် လည်းကောင်း၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် သန်းထိုက်အား ၁၃(ခ)/ ၁၆(ခ)/၂၂ ဖြင့် လည်းကောင်း၊ ဒုတပ်ကြပ် ချစ်စန်းကို အား ပုဒ်မ ၁၃(ခ)/၁၆(ခ)/၁၇(င) ဖြင့် လည်းကောင်း မေ ၂၃ ရက်နေ့တွင် ရဲ တရား ရုံး က စွဲချက်တင်ကာ ပြစ်ဒဏ်များ အား ရဲချုပ်ရုံးသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Your Thoughts …
Tags: ကျောက်ဆည် တရားမဝင် သစ်အမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

မကရင်မ ဒဏ်ရာများသည် နှိပ်စက် ခံရမှုကြောင့်ဟု တရားလိုပြ သက်သေ ထွက်ဆို

ယနေ့ ရုံးချိန်းတွင် တွေ့ရသည့် ဇေယျာဖြိုး / ထက်ဝေ / ဧရာဝတီ

ဦးကိုနီအမှု တရားခွင်အတွင်း အချေအတင်ဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate