• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်အာဇာနည်နေ့တွင် စစ်ရေးပြအခမ်းအနားမလုပ်ရန် တားမြစ်ခံရ

by နန်းလွင်နှင်းပွင့်
3 August 2018
in သတင်း
A A
ကရင်အာဇာနည်နေ့တွင် စစ်ရေးပြအခမ်းအနားမလုပ်ရန် တားမြစ်ခံရ
7.6k
VIEWS
Share on FacebookShare on Twitter

ကရင်အာဇာနည်နေ့တွင် စစ်ရေးပြအခမ်းအနား မပြုလုပ်ရန် တားမြစ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA)၏ တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်၊ စစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားသည်ဟု သတင်းရရှိသည်။

KNLAမှ တပ်မှူးတဦးက “အဲဒီ နေရာမှာ နှစ်ဖက်လုံး နေရာယူထားကြတယ်။ KNLA ဘက်ကတော့ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း ၁၀၂ နေရာမှာ အာဇာနည်နေ့ အခမ်းအနားအတွက် စစ်ရေးပြအခမ်းအနားကို လုပ်ရိုး လုပ်စဉ်အတိုင်း လုပ်ဖို့ စီစဉ်နေတယ်။ တချိန်တည်းမှာ ဗမာစစ်တပ်ဘက်က လုံခြုံရေးအကြောင်းပြပြီး တပ်စခန်း ချ နေရာယူထားတယ်”ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
1
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
30
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
190

မြေပြင်တွင် နှစ်ဖက်တပ်များ တင်းမာသည့် အခြေအနေ ရှိသည်ဟုလည်း ထိုတပ်မှူးက ဆိုသည်။

KNU တပ်မဟာ ၅ ဌာနချုပ်သည် ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး နှင့် အဖွဲ့ ကျဆုံးသည့် နေ့၊ လာမည့် သြဂုတ်လ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ၎င်းတို့နယ်မြေ ဖြစ်သည့် ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ဖာလုံကြီး ကျေးရွာတွင် ကျင်းပကာ စစ်ရေးပြအခမ်းအနားများလည်း ပြုလုပ်မည် ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က KNU ဌာနချုပ်မှ အပ အခြားနေရာများတွင် လက်နက်မဲ့ဖြင့် ဖြစ်စေ လက်နက်ဖြင့် ဖြစ်စေ ယူနီဖောင်း ဝတ်ကာ စစ်ရေးပြအခမ်းအနားများ မပြုလုပ်ရန် ပြည်နယ်အစိုးရမှ ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၃ ရက်တွင် JMC-S သို့ စာပို့ခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ- ပြည်နယ်အဆင့် (JMC-S) သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ထိုးပြီးနောက် ပဋိပက္ခများ ပြန်ဖြစ်ပါက ဖြေရှင်းဆောင်ရွက်ပေးရသည့် ကော်မတီဖြစ်သည်။

ဗိုလ်မှူးကြီး မျိုးမင်းနောင်၏ စာထဲတွင် KNU တပ်ရင်း ၁၀၂ မှ တပ်ဖွဲ့ဝင်အင်အား ၈၀ ဦးခန့်က စစ်ရေးပြ အခမ်းအနားအတွက် လက်နက်ငယ်ကိုယ်စီ ဖြင့် ထိလာသေထ မှတဆင့် ဖာလုံကြီးသို့ ဇူလိုင်လ ၂၁ ရက်တွင် ရောက်နေကြောင်း ရေးသားထားသည်။

ကန့်ကွက်စာ ပို့ခံရပြီးနောက် ဖာလုံကြီး ကျေးရွာအတွင်း တပ်မတော်၊ စစ်ကြောင်း များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တပ်စွဲလာခြင်း ဖြစ်သည်ဟု KNLA မှ တပ်မှူးတဦးက ပြောသည်။

ထိုတပ်မှူးက “မြန်မာ့တပ်မတော်ဘက်က လုံခြုံရေးအကြောင်းပြပြီး နေရာယူတယ်။ ကျနော်တို့ KNLA ကတော့ ကိုယ့်ရဲ့ အာဇာနည်နေ့မှာတော့ စစ်ရေးပြအခမ်းအနားလုပ်သွားမှာပဲ။ မြန်မာ့တပ်မတော်ဘက်က အနှောင့်အယှက်လုပ်တာတွေ မရှိရင် ပြဿနာတတ်စရာ အကြောင်းမရှိပါဘူး” ဟုလည်း ပြောသည်။

KNLA ဘက်ကလည်း တပ်မတော်လုပ်ရပ်ကို ကန့်ကွက်ကြောင်း စာတစောင်ကို ဇူလိုင်လ ၃၀ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးသို့ ပို့ခဲ့သည်။

စာထဲတွင် ပွဲကျင်းပမည့် အကြောင်းကို တပ်မတော်၊ ကမမောင်းဗျူဟာမှူးမှ တဆင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးနှင့် တပ်မ ၄၄ ၏ တပ်မမှူးတို့ကို အသိပေးအကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ အကြောင်းကြားစာ များကို မလေးမထားပဲ လက်နက်ကြီး၊ လက်နက်ငယ်အပြည့်အစုံနှင့် အင်အားဖြည့် တပ်စွဲထားက ပဋိပက္ခများ ဖြစ်ပွားစေနိုင်ကြောင်း ရေးသားထားသည်။

တပ်မတော်ဘက်မှ စစ်ရေးအရ ခြိမ်းခြောက်ခြင်း၊ စစ်ကြောင်းကြီးငယ် အသွင်ဖြင့် လှုပ်ရှားကာ နယ်မြေစိုးမိုးခြင်းများကို မလုပ်ရန်၊ ကရင်အာဇာနည်နေ့ ကျင်းပမည့် နေရာမှ ပြန်လည်ထွက်ခွာ ပေးရန်လည်း KNLA၏ စာထဲတွင် ရေးသားထားသည်။

ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့ကို ဆက်သွယ်ခဲ့သော်လည်း မရပါ။

KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ကရင်အာဇာနည်နေ့ကို KNU ထိန်းချုပ်သည့် နယ်မြေ တပ်ရင်း၊ တပ်မဟာအလိုက် ဘာသာရေးအရ စာပေယဉ်ကျေးမှုအရ တပ်အခမ်းအနားအရ ဝမ်းနည်းခြင်း အထိမ်းအမှတ်များ ကျင်းပလာသည်မှာ နှစ် ၆၀ကျော်ပြီ ဖြစ်ကြောင်း ၊ ယခုအခါ အပစ်အခတ်ရပ်စဲရေးကာလတွင် စစ်ရေးပြအခမ်းအနားဖြင့် လုပ်၍ မရဟု တပ်မတော်ဘက်မှ ကန့်ကွက်လာခြင်း ဖြစ်သည်ဟု ပြောသည်။

ပဒိုစောတာဒိုမှူးက “ NCA ထဲမှာလည်း စစ်ရေးပြမလုပ်ရဘူးဆိုတာ မရှိပါဘူး။ ဒါတွေက ကျနော်တို့ တပ်အုပ်ချုပ်ရေးဖြစ်စဉ်ရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းတခုပါပဲ။ ဒီအခြေခံပေါ်မှာ ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်ပါမယ်။ ဘာမှ နားလည်မှု လွဲမှားစရာ မရှိပါဘူး”ဟု ပြောသည်။

KNU သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ ၂၁ရာ စု ပင်လုံညီလာခံများတွင်လည်း ပါဝင်လျက် ရှိသည်။

ဧရာဝတီက JMC-S ဒုဥက္ကဌတဦး ဖြစ်သည့် ဒေါ်နန်းစေးဝါးကို မေးရာ ၎င်းက နှစ်ဖက်တပ်များ မြေပြင်တွင် ဖြစ် သည့် ပြဿနာများကို ဖြေရှင်းမည်ဆိုပါက JMC-S က ကော်မတီ ပုံမှန်အစည်းအဝေးခေါ်ကာ ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ပုံမှန်အစည်းအဝေး မလုပ်နိုင်သည်မှာ ၂လခန့်ရှိပြီဖြစ်ကြောင်း၊ ယခုအခါ ရုံးစိုက်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း တမြို့လုံး ရေကြီးကာ ရေဘေးသင့် နေသဖြင့် မဆောင်ရွက်နိုင် သေးကြောင်း ပြောသည်။

ဒေါ်နန်းစေးဝါးက တပ်မတော်နှင့် KNLA တို့ အပြန်အလှန် ကန့်ကွက်စာ ပို့နေကြသည်များကို ရရှိထားသည် ဟုလည်း ပြောသည်။

ဆက်လက်၍ ဒေါ်နန်းစေးဝါးက “ဒီမှာက နယ်မြေပိုင်းခြားသတ်မှတ်တာတွေ မလုပ်ရသေးဘူး။ KNU ဘက်က သူ့ရဲ့ တပ်မဟာ ၅က ဘယ်နေရာ ထိ ရှိတယ်ဆိုတာ သီးခြားမရှိဘူး။ ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ကျမ အသေးစိတ် မသိသေးပါဘူး” ဟု ပြောသည်။

NCA စာချုပ်အရ ရေးဆွဲထားသည့် အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်များ လိုက်နာ ရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် မိမိတို့ တပ်ဖွဲ့များကို သတ်မှတ်နေရာတွင် ထားရန်၊ နယ်မြေစိုးမိုးရန် အင်အားတိုးချဲ့ခြင်းနှင့် တပ်လှုပ်ရှားခြင်းများ မပြုလုပ်ရန် ၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းနှင့် စခန်းသစ် ဆောက်လုပ်ခြင်းများ မလုပ်ရန် စသည့်အချက်များသာ ပြဌာန်းထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်း နယ်မြေအတွင်း စစ်ရေးပြ အခမ်းအနား လုပ်ခွင့် ရှိ၊ မရှိနှင့် ပတ်သတ်၍ ဖော်ပြထားခြင်း မရှိပါ။

မတ်လအတွင်းကလည်း KNU တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်အတွင်း တပ်မတော်က လမ်းဖောက် သဖြင့် နှစ်ဖက်တပ်များ တိုက်ပွဲများ ဖြစ်ပွားကာ ဒေသခံ ၂၃၀၀ ကျော် ထွက်ပြေးခဲ့ရပြီး ယနေ့ထိ နေရပ်မပြန် နိုင်သေးဘဲ စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက် နေပြည်တော်၌ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပနေချိန်တွင်လည်း လူသောမြို့နယ်အတွင်း တပ်မတော်နှင့် KNU တို့ ပစ်ခတ်မှုများ ဖြစ်ပွားထားသည်။

Your Thoughts …
Tags: ကရင်အာဇာနည်နေ့တွင် စစ်ရေးပြအခမ်းအနားမလုပ်ရန် တားမြစ်ခံရ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
Johnny Depp နဲ့ ဇနီးဟောင်းဖြစ်သူ မင်းသမီး Amber Heard

ဇနီးဟောင်း Amber Heard က လက်သီးနဲ့ ထိုးခဲ့တယ်လို့ မင်းသား Johnny Depp စွပ်စွဲ

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဟောလိဝုဒ် သရုပ်ဆောင် ၅ ဦး

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဟောလိဝုဒ် သရုပ်ဆောင် ၅ ဦး

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate