သတင်း

အိမ်ခြံမြေ ဥပဒေ ပြဌာန်းနိုင်ရေး ကြိုးပမ်း

Want create site? Find Free WordPress Themes and plugins.

အိမ်ခြံမြေ ကဏ္ဍ ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေး အတွက် ရေးဆွဲထားသော အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင် တချို့က ပြောသည်။

သြဂုတ် ၃ ရက်နေ့က နေပြည်တော်ရှိ Sky Palace Hotel တွင် မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း မှ ကြီးမှူးပြီး အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်း သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဇေယျာအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနန္ဒကျော်က “နိုင်ငံသားတိုင်း အရောင်းအဝယ် လုပ်ခွင့်ရှိတယ်။ အဓိကက ရောင်းမှား ဝယ်မှား တွေကို ကာကွယ် တားဆီးဖို့နဲ့ အကျင့်ပျက် အကျိုးဆောင်တွေကို ကာကွယ်ဖို့အတွက် ဒါတွေကြောင့် ပြဋ္ဌာန်းဖို့ လိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အရောင်းအဝယ် ပြုလုပ်လိုသည့် ပွဲစားသည် မြေယာနှင့် ပတ်သက်သည့် ဥပဒေမျိုး နားမလည်ပါက ရောင်းသူဘက်က ရော၊ ဝယ်သူဘက်ကပါ၂ ဦးလုံး နစ်နာစေမည် ဖြစ်သည့်အတွက် အရောင်းအဝယ် လုပ်မည်ဆိုပါက မရောင်းရ၊ မဝယ် ရ မြေများကို နားလည် ၍ လိုက်နာရမည့် စည်းကမ်းချက်များအား သိထားပြီး ကျွမ်းကျင်သည့် အိမ်ခြံမြေ အကျိုးဆောင် များ နှင့်သာ ဆောင်ရွက်သင့်ကြောင်း ဦးနန္ဒကျော်က ဆိုသည်။

၎င်းက ဆက်လက်၍“ပြည်ထောင်စု လွှတ်တော်မှာ ပြဋ္ဌာန်းပြီးပြီ။ အတည်ပြုသင့် မပြုသင့်မှာ ဝိဝါဒတွေ ကွဲပြီးတော့မှ တခြား အရေး ကြီးတာတွေ ပြဋ္ဌာန်းမယ်။ ဒါက အရေးမကြီးသေးပါဘူး။ အဲဒီလို အယူအဆ ၂ ရပ် ဖြစ်နေကြတာပေါ့။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်ရင် တော့ မြေယာကြောင့် ဖြစ်နေတဲ့ ပြဿနာတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

အဆိုပါ ဥပဒေကြမ်းကို ၂၀၁၆ ခုနှစ် အတွင်းက စတင် ရေးဆွဲခဲ့ကြောင်း၊ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ၊ နည်းဥပဒေများ မရှိသည့် အတွက် စာရွက်စာတမ်း ပြဿနာများ၊ ရောင်းဝယ်မှုမှာ ပိုင်ရှင် အလွှဲအမှား ပြဿနာများ၊ အိမ်ခြံမြေ ဝန်ဆောင် မှု ပြဿနာများနှင့် ပတ်သက်သည့် ပြုပိုင်ခွင့် ရှိသူ၏ အရည်အချင်း နှင့် တာဝန် ကန့်သတ်ချက်ကို လိုင်စင်နဲ့ ကတ်သတ် ထားခြင်း မရှိသည့် အတွက် ထိုကဲ့သို့ ပြဿနာမျိုးများ ဖြစ်ပေါ်လာရခြင်းကြောင့် ယင်းဥပဒေ အမြန်ဆုံး ပေါ်ပေါက်စေ လိုကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

၎င်းက“ဒီဥပဒေ အတည်ပြုလိုက်ပြီဆိုရင် မြေယာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ လျော့ကျလာမယ်။ နိုင်ငံခြား ရင်းနှီးမြှပ် နှံ မှု ပိုလာ မယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ပြည်သူတွေ ပြည့်ပြည့် ဝဝ ခံစားရမယ်။ တရားရုံးတွေမှာ အမှုအခင်းများ လျော့သွားပြီး အခွန်အခ လည်း ရရှိနိုင်မှာ ဖြစ်တဲ့ အတွက် နိုင်ငံတော် အတွက်ရော၊ ပြည်သူ အတွက်ပါ ကောင်းတဲ့ ဥပဒေ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ ဥပဒေကို ရေးဆွဲရာတွင် ရန်ကုန်၊ မန္တလေး ၊နေပြည်တော် မှ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ရှေ့နေချုပ် ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာန အဖွဲ့ အစည်းမှ တာဝန်ရှိသူများ အားလုံး ပူးပေါင်း ဆောင်ရွက်ရေးဆွဲ ခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

ယခုနောက်ပိုင်းတွင် အိမ်ခြံမြေ အရောင်း အဝယ်လုပ်လာသည့် ပွဲစား များပြားလာခြင်းကြောင့် ရောင်းမှား၊ ဝယ်မှား ပြဿနာများ လည်း မကြခဏ ဆိုသလို ကြုံတွေ့နေကြောင်း ထိုသို့ အမှားအယွင်းများကို ပွဲစားကိုယ်တိုင် ဖြေရှင်းပေးနိုင် ရန် အတွက် ယင်းဥပဒေ ပြဌာန်းပြီးပါက အကျိုးဆောင် လုပ်မည့်သူတိုင်း လုပ်ငန်းလိုင်စင် ရှိမှသာလျှင် တရားဝင် အရောင်းအဝယ် ပြုလုပ်ခွင့် ရမည်ဖြစ် သည်။

မြန်မာနိုင်ငံ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးတင်မောင်ဦးက “နိုင်ငံခြားသားရော၊ ပြည်တွင်းကရော အိမ်ငှား မယ်၊ ရုံးငှားမယ်၊ စာချုပ် ချုပ်မယ်ဆိုရင် လိုင်စင်မရှိတဲ့ ပွဲစားနဲ့ မလုပ်ရဘူး။ နိုင်ငံတကာမှာ ဥပဒေရှိတယ်။ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ရှိတယ်။ လိုင်စင်ရထားတဲ့ သူနဲ့လုပ်တော့ သူတို့အတွက် ခိုင်မာတယ်။ ဒါကြောင့် ဒီဥပဒေ ဟာ နိုင်ငံခြားသားတွေ အတွက် လည်း မဖြစ်မနေ လိုလာပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေ ပွဲစားမှာ လူပေါင်းစုံ အဆင့်တန်း ပေါင်းစုံ လုပ်ကိုင်လျက်ရှိပြီး လုပ်ငန်းပိုင်းတွင် ပွဲညွှန့် စားခြင်းများ လည်း ရှိကြောင်းနှင့် တရားရုံး၌ မြေပုံများ လိမ်လည်မှုများလည်း ရှိနေသဖြင့် ပြည်တွင်းတွင် စိတ်ချရသည့် ဥပဒေမရှိခြင်းကြောင့် ယင်းဥပဒေ ပေါ်ပေါက်လာပါက မြေယာ ပြဿများကိုပါ ထိန်းချုပ်ပြီးသား ဖြစ်နိုင်ကြောင်း ဦးတင်မောင်ဦးက ဆိုသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်ထောင်စု လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဥပဒေကြမ်းအား အတည်ပြုရန် အတွက် စောင့်ဆိုင်း နေရခြင်းဖြစ်ကာ ယင်း ဥပဒေကြမ်းမှာ အခန်း ၁၃ ခန်း ပါရှိကြောင်း သိရသည်။

ယင်းဥပဒေ၌ ရောင်းဝယ်မှုတွင် ဖောက်ဖျက်ကျုးလွန်ကြောင်း ထင်ရှားပါက ထိုသူကို ပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက် အတိုင်း ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံး ချမှတ်ခံရမည်ဟု ထည့်သွင်း ရေးဆွဲထား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading