• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျွဲနွား အကောင်ရေ တနှစ်လျှင် ၈ သိန်းခန့် ဝယ်ယူရန် တရုတ် ကမ်းလှမ်း

by မျိုးပပစန်း
8 August 2018
in သတင်း
A A
ရခိုင်ပြည်နယ် မောင်တော မြို့တွင် တွေ့ရသော ကျွဲနွားများ  / မျိုးမင်းစိုး / ဧရာဝတီ

ရခိုင်ပြည်နယ် မောင်တော မြို့တွင် တွေ့ရသော ကျွဲနွားများ / မျိုးမင်းစိုး / ဧရာဝတီ

4.9k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံရှိ ပြည်နယ်၂ ခုမှ တနှစ်လျှင် ကျွဲနွား အကောင်ရေ ၈ သိန်းခန့် ဝယ်ယူရန် ကမ်းလှမ်းကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း)၊ ကုန်သွယ်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

“သူတို့ လိုအပ်ချက်က တနှစ်ကို အကောင်ရေ ၁ သန်းလောက် လိုတယ်။ ဒါပေမယ့် ကျနော်တို့ဆီကပဲ ဝယ်မှာ မဟုတ် ဘူး။ အိမ်နီးချင်း နိုင်ငံတွေကလည်း ဝယ်မှာ ဖြစ်တယ်။ ကျနော်တို့ကို တရားဝင် တောင်းဆိုတာက ဆစ်ဆောင်ပနား က ၁ နှစ် ကို ကောင်ရေ ၃ သိန်းလောက် ဝယ်ချင်တယ်။ တယ်ဟုန်း ပြည်နယ်ကလည်း အကောင်ရေ ၅ သိန်းလောက် ဝယ်ချင် တယ် ဆိုပြီး ကမ်းလှမ်းထားတယ်” ဟု ၎င်းက ပြောသည်။

RelatedPosts

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

7 July 2025
2.3k
ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီတပ်တွေ အရေးနိမ့်ဆုတ်ခွာ (ရုပ်/သံ)

ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီတပ်တွေ အရေးနိမ့်ဆုတ်ခွာ (ရုပ်/သံ)

7 July 2025
92
ထိုင်း-မြန်မာနယ်စပ်က ဝေါလေဒေသ အခြေအနေ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်က ဝေါလေဒေသ အခြေအနေ (ရုပ်/သံ)

7 July 2025
87

ထိုသို့ ကျွဲနွား အရှင်များ တင်ပို့နိုင်ရန် အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက မွေးမြူရေးနှင့် ကုသရေးဝန်ကြီး ဌာန (မွေး/ကု)က တိရစ္ဆာန် သန်းခေါင်စာရင်း ကောက်ယူရာ၌ မြန်မာနိုင်ငံ အနေနှင့် ကျွဲ နွား ကောင်ရေ ၁၁ ဒသမ ၅ သန်း ခန့် ရှိသောကြောင့် တရုတ်သို့ တင်ပို့ရန် ပမာဏမှာ ဖြစ်နိုင်ကြောင်း ဦးရန်နိုင်ထွန်းက ပြောဆိုသည်။

၎င်းက ဆက်လက်၍ “တိရစ္ဆာန် သန်းခေါင်စာရင်းက ၅၇ ရာခိုင်နှုန်းလောက်ပဲ ကောက်ထားသေးတာ။ သူမကောက်နိုင်တဲ့ နေရာတွေ ရှိသေးတယ်။ ဒီနေရာတွေပါ ပါမယ်ဆိုရင် အခုထက် ပိုများမယ်။ ကျနော်တို့ နိုင်ငံမှာ တရားဝင် ရောင်းချနိုင် မယ့် အနည်းဆုံး အကောင်ရေက ၇ သိန်းကျော်လောက် ရှိတယ်။ ဒါက ပြည်တွင်း စားသုံးတာရော၊ သေတာရော၊ နွား ပေါက်ရော၊ နွားမတွေရော ခိုင်းကျွဲ၊ ခိုင်းနွားတွေရော ဖယ်လိုက်ရင် အနည်းဆုံး ရောင်းနိုင်တဲ့ အခြေအနေ ဖြစ်တယ်”ဟု ဆိုသည်။

ကျွဲနွားအရှင် ပြည်ပသို့ တင်ပို့မည်ဆိုပါက မွေး/ကု ဦးစီးဌာနတွင် ဝယ်ယူစုဆောင်းခွင့် လိုင်စင် လုပ်ဆောင်ရမည် ဖြစ်ပြီး တင်ပို့မည့် ကျွဲ နွားများကို မွေး/ကုမှ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ ထောက်ခံချက် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောက်ခံချက်ရမှ စီးပွား/ကူးသန်း အနေဖြင့် တင်ပို့ခွင့် လိုင်စင် ထုတ်ပေးမည်ဟု ဦးရန်နိုင်ထွန်းက ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် ပြည်ပ ကုမ္ပဏီများက ကမ်းလှမ်းမှုများရှိနေပြီး ထိုရင်းနှီးမြှုပ်နှံ မှု များ ဝင်ရောက်လာမည်ဆိုလျှင် ဒေသတွင်း နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ အတွက် လိုအပ်သော ကျွဲ နွား များကို တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ နွားပေါက်ဈေး၏ အမြင့်ဆုံးဈေးမှာ တကောင်လျှင် ကျပ် ၂၁ သိန်း ရရှိပြီး အကောင်သေးသည့် အနိမ့်ဈေးမှာ တကောင်လျှင် ၁၇ သိန်း ဖြစ်ကြောင်း စီးပွား/ ကူးသန်း၏ စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်က “အဓိက ကျွဲ နွားက တရားဝင် မဟုတ်လည်း တရားမဝင် သွားနေတာ နှစ်ပေါင်းကို မနည်းတော့ဘူး။ တရားဝင်သွားမယ် ဆိုရင်လည်း အခုလောက် ပမာဏက တင်ပို့လို့ ရပါတယ်။ ဒါပေမယ့် တရားဝင်လမ်းကြောင်းတွေရဲ့ တချို့ လုပ်ထုံးလုပ်နည်းကို ဖြေလျှော့လိုက်ရင်တော့ တရားမဝင်တွေ က တရားဝင် ဖြစ်လာနိုင်တယ်။ ကျနော်တို့ ဆီမှာ အသားစား နွားရယ်လို့ သီးသန့် မရှိဘူး။ ခိုင်းနွားလည်း တင်ပို့တာပဲ” ဟု ဧရာဝတီသို့ ပြောဆိုသည်။

ကျွဲ နွားများကို တရားဝင် ရောင်းချခွင့်ရလျှင် အစိုးရအနေနှင့်လည်း အခွန်အခရနိုင်ပြီး တောင်သူများလည်း ရသင့် ရထိုက် သော ဈေးနှုန်းတခု တက်လာမည် ဖြစ်ကြောင်းနှင့် လက်ရှိ တရားဝင် ကျွဲနွားများကို ကုန်သည်များ အတွက် ဝယ်ယူ စုဆောင်းခွင့်သာ ရရှိနေပြီး တောင်သူ (နွားမွေးမြူမည့်) မှာ သယ်ဆောင်ခွင့် မရသေးကြောင်း ၎င်းက ပြောသည်။

ဒေါက်တာ ကျော်ထင်က “လယ်ယာ ကဏ္ဍမှာက ကျွဲနွားကို အသုံးပြုမှုထက် စက်ကိရိယာကို အစားထိုး အသုံးပြုလာ တာ ကြောင့် ကျွဲနွားကို ရောင်းကြတာပဲ။ စက်ကိရိယာ လိုအပ်တာဆိုလည်း သူပိုင်ဆိုင်တဲ့ နွားကို ဈေးကောင်းကောင်းနဲ့ ရောင်း ပြီး လုပ်ငန်း ပိုပြီး တိုးချဲ့လို့ရတယ်” ဟုလည်း ဆိုသည်။

ဆက်လက်၍ ဒေါက်တာ ကျော်ထင်က “နွားရောင်းတဲ့ နေရာမှာ အဓိက ကျနော်တို့ ဖြစ်စေချင်တာက တောင်သူကို အကျိုး အမြတ် ပိုရစေချင်တယ်။ ကုန်သည်ကတော့ လိုင်စင်ရရင် သူနွားစုဆောင်းလို့ ရတယ်။ တကယ့် မွေးမြူနေတဲ့ သူကျတော့ နွားတကယ် ရောင်းချင်လို့ ဖြစ်ဖြစ်၊ အကောင်ရေ ထပ်ထည့်ချင်လို့ ဖြစ်ဖြစ် ကျွဲနွားက အရေးကြီး ကုန်စည် ဖြစ်တဲ့အတွက် တနယ်နဲ့တနယ် သွားလာဖို့ မလွယ်ဘူး။ ပိုက်ဆံပေး သွားနေရတယ်။ ဒါကို ပယ်ဖျက်ပေးစေချင်တယ်”ဟု ရှင်းပြသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်တွင် သားသတ်ရုံများ တည်ဆောက်ထား သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များကို သားသတ်ရုံများ ထူထောင်ခွင့်ပေးပြီး ပြည်တွင်း၌ ထုတ်လုပ်၍ အသားကို ကုန်ချောအဖြစ် ပြန်လည် တင်ပို့ မည်ဆိုပါက ပို့ကုန် ဝင်ငွေများ ရရှိကာ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည် ဖြစ်ကြောင်း ဒေါက်တာ ကျော်ထင် က ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ လက်ရှိအထိ တိရစ္ဆာန်နှင့် တိရစ္ဆာန် ပစ္စည်းထွက် ရောင်းဝယ်ရေး ကဏ္ဍမှ အမေရိကန် ဒေါ် လာ ၁ သန်းကျော် ရရှိထားပြီး ယခုနှစ် အတွင်း ကျွဲနွား အကောင်ရေ ၇ သောင်းကျော် တင်ပို့ထားကြောင်း စီးပွား/ကူး သန်း ဝန်ကြီးဌာနက သိရသည်။

အဆိုပါ ကျွဲနွားအရှင်များ ပြည်ပသို့ တရားဝင် တင်ပို့ခွင့်ကို ယခင်က ပိတ်ထားခဲ့သော်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာ လ ၉ ရက်မှ စတင်ကာ တရားဝင် တင်ပို့ခွင့် လိုင်စင်ကို လုပ်ငန်းရှင်များ အနေဖြင့် စီးပွား/ကူးသန်းသို့ လျှောက်ထားနိုင်ပြီး တကြိမ် တင်ပို့လျှင် အကောင်ရေ ၁၀၀ ခန့် တင်ပို့နိုင်ကြောင်း စီးပွား/ကူးသန်း က ထုတ်ပြန်ထားသည်။

သြဂုတ်လ ပထမ ပတ်အတွင်း ကျွဲနွားများ ပြည်ပတင်ပို့ ရောင်းချနေမှုအား ကန့်သတ်တားမြစ် အဆိုတခုကို မအူပင်မြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တင်သွင်းခဲ့ပြီး ယင်းအဆိုမှာ ထောက်ခံသူ ၂၃ ဦး၊ ကန့်ကွက်သူ ၂၀၆ ဦးနှင့် ကြားနေသူ ၁၀၆ ဦး ဖြင့် ရှုံးနိမ့်ခဲ့သည်။

Your Thoughts …
Tags: ကျွဲနွားများ တရုတ် ဝယ်ယူရန် ကမ်းလှမ်း
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မိုင်ဂျာယန်မြို့နယ် ကချင်ဒုက္ခသည်စခန်းမှာတွေ့ရတဲ့ မိခင်တဦး  / ဧရာဝတီ

ဌာနေတိုင်းရင်းသား ပြည်သူများထံမှ ငြိမ်းချမ်းရေးသင်ခန်းစာ သင်ယူကြပါ

အသက် ၃၀ သာဆိုတယ်

အသက် ၃၀ သာဆိုတယ်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.1k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate