သတင်း

အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးကို ဝါယာကြိုးဖြင့် ရိုက်နှက်သူအား အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ၃၆ လမ်းရှိနေအိမ် တအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည့် အသက် ၁၇ နှစ်အရွယ် မချိုပြုံးအားဝါယာကြိုးဖြင့် ရိုက်နှက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ အိမ်ရှင်ကို အရေးယူနိုင်ရေး ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်လျက် ရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

မည်သည့် ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားသည်ကို မိသားစုဝင်များကိုယ်တိုင် မသိရှိသေးပေ။

ယင်းအမှုနှင့် မေးမြန်းရန် ကျောက်တံတားရဲစခန်းရှေ့တွင် နေ့လယ် ၁၂ နာရီခန့်ကတည်းက စောင့်ဆိုင်းနေခဲ့ကြသည့် သတင်းမီဒီယာများ၏ မေးမြန်းမှုကိုလည်း ညနေ ၆ နာရီအထိ ပြန်လည်ဖြေကြားပေးခြင်း မရှိဘဲ အမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက် ရှိကြောင်း သာပြောဆိုသည်။

မချိုပြုံး၏ အစ်ကိုအကြီးဆုံးဖြစ်သူ ကိုချစ်ကိုက “ညှိနှိုင်းမယ်ဆိုလက်သင့်မခံဘူး။ အမှုပဲဖွင့်မှာ။ ပိုက်ဆံရှိတဲ့အတွက် ပိုက်ဆံနဲ့ လိုက်လုပ်နေမှာပဲ။ ပိုက်ဆံပေးပြီးလုပ်လို့ရမယ်ဆိုရင်တော့ လူတိုင်းကိုအိမ်ဖော်အဖြစ်ခေါ်ပြီးလူတိုင်းကိုလုပ်နေမှာ။ အဲတော့ မှတ်လောက်အောင် ကျနော်ကအမှု ဖွင့်မှာ” ဟု ပြောသည်။

နှိပ်စက်ခံ ဒဏ်ရာများရရှိထားသည့် မချိုပြုံး (ဓာတ်ပုံ – Tint Zaw/FB)

ဆက်လက်၍ ၎င်းက ညီမဖြစ်သူမချိုပြုံးသည် ထမင်းဟင်းမချက်တတ်၍၊ တံမြက်စည်းမလှဲတတ်၍ ဆိုလျှင်လည်း အ ဆက်သွယ် လုပ်ပေးသည့် ပွဲစားမှတဆင့် မိဘများထံဖုန်းဆက်၍ အကြောင်းကြားနိုင်ကြောင်း၊ ယခုကဲ့သို့ နှိပ်စက်မှုပြု သည်ကို ၎င်းအနေဖြင့် လက်သင့်မခံနိုင်ကြောင်းပြောဆိုသည်။

မချိုပြုံး၏ အစ်ကိုဖြစ်သူ ကိုသီဟ က “ဝါယာကြိုးကို မုန့်ကြိုးလိမ်ပုံစံမျိုးလိမ်ပြီး နှစ်ပင်ပူးနဲ့ ရိုက်တာ။ သူ့ကိုရိုက်လို့ သူ့မိန်းမကဆွဲရင် သူ့ကိုထပ်ရိုက်တယ်။ ကလေးကို ရိုက်ပြီဆိုရင်လည်း ငါကထောင်ထွက် တိုင်ချင်တဲ့နေရာတိုင် အဲလိုကြိမ်းကြိမ်းပြီးရိုက်တာတဲ့။ ကလေးကိုယ်တိုင် ပြောပြတာ”ဟု ဧရာဝတီကို ပြောပြသည်။

ဒလမြို့ဇာတိ ဖြစ်သူ မချိုပြုံးသည် ရန်ကုန်ရှိအဆိုပါအိမ်ရှင်ထံ အိမ်အကူအဖြစ် အလုပ်လာလုပ်နေသည်မှာ ၁ လခန့်သာ ရှိသေးကြောင်း၊ တလလျှင် လစာငွေ ၃၅၀၀၀ ကျပ်နှုန်းဖြင့် ၁ လစာပိုယူ၍ ငွေ ၇၀၀၀၀ ကျပ်ဖြင့် ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း မချိုပြုံး၏ အဒေါ်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောသည်။

တံမြက်စည်းမလှဲတတ်ခြင်း၊ အချက်အပြုတ် မတတ်ခြင်းများကြောင့် ဝါယာကြိုးနှစ်ပင်ပူးကာ ကျောကုန်း၊ ခြေသလုံး၊ ပေါင် များကို ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် မချိုပြုံးက Myanmar Now သတင်းဌာနကိုပြောဆိုထားသည်။

ကျောက်တံတားရုံးမှာ လာရောက်အမှုဖွင့်ရာတွင် မချိုပြုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ယနေ့ မနက်ပိုင်းက ဆိပ်ကမ်းသာ လမ်းအပေါ်ဘလောက်ရှိ ပျံကျဈေးသို့ ဈေးဝယ်ထွက်လာသည့် မချိုပြုံးကို ဒလမြို့တွင် အိမ်နီးနားချင်း ဖြစ်ခဲ့သူ ဈေးသည်တဦးက မှတ်မိသိရှိပြီး ခြေသလုံးရှိ အညိုအမည်း ဒဏ်ရာများကို မြင်တွေ့ခဲ့ရာမှ စတင်မေး မြန်းရင်း ဖြစ်စဉ် ပေါ်ပေါက် ခဲ့ရကြောင်း၊ အနီးဝန်းကျင် ပြည်သူများက ကျောက်တံတားရဲစခန်းသို့ လှမ်းဆက်သွယ်ရာမှ မိန်းကလေးကို လာရောက်ခေါ်ယူခဲ့ပြီး ဆေးစစ်ချက်ယူရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း Myanmar Now တွင် ဖော်ပြထားသည်။

အိမ်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းသည် ယမန်နေ့ညက မက္ကာသို့ ဘုရားဖူးထွက်သွားသည့် အတွက် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြေလည်အောင် တာဝန်ယူ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဦးကျော်စိုးလင်း၏ သူငယ်ချင်းဖြစ်သူကို ကျော်လင်းဦးက ပြောသည်။

ကျော်လင်းဦးက “ပြေလည်အောင် ဖြေရှင်းပေးမယ်ဆိုတာ ဥပဒေကြောင်းအရ တပိုင်း။ ဖြေရှင်းပေးလို့ ဥပဒေအရ အရေးမယူပါနဲ့လို့ ပြောတာမဟုတ်ဘူး။ နစ်နာသွားတယ်ဆိုရင် နစ်နာသွားတဲ့ အပိုင်းကို ကျနော် ဖြေရှင်းပေးမယ်။ ဥပဒေပိုင်းကတော့ ရဲအပိုင်းပေါ့” ဟု ရှင်းပြသည်။

ကျောက်တံတားရုံးမှာ လာရောက်အမှုဖွင့်ရာတွင် မချိုပြုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ယင်းအမှုနှင့် ပတ်သက်၍ ကျောက်တံတား ရဲစခန်းက အကြောင်းကြားသဖြင့် နေ့လယ် ၃ နာရီခွဲခန့်က သွားရောက်ခဲ့ကြောင်း၊ ဦးကျော်စိုးလင်း ကို ပြန်လည်ခေါ်ပေးရန် စခန်းတာဝန်ရှိသူများက ပြောဆိုခဲ့၍ အဆက်သွယ်ရရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း၊ သို့သော် Viber မှတဆင့် အဖြစ်အပျက် အလုံးစုံကို ပို့ပေးထားကြောင်းကို ကျော်လင်းဦး က ရှင်းပြသည်။

“သူကလူကြီး လူကောင်းပါ။ ဒေါသကြီးတယ်ဆိုပေမယ့် ဆူတာ ဟောက်တာပဲရှိတာပါ။ ဆီးချိုသမားဆိုတော့ အခုနောက်ပိုင်း စိတ်တို တာရှိတယ်။ ဒါပေမယ့် အဲဒီလိုသူများကို လုပ်တာတော့ တခါဖူးမှ မရှိပါဘူး။ ရပ်ကွက်ထဲမှာလည်းမေးလို့ရပါ တယ်။ အဲဒီနေ့ကလည်း ကလေးမလေးက အခန်းတခန်းထဲမှာ တံမြက်စည်းလှဲတာ တနာရီလောက် ကြာတယ်တဲ့။ ကိုကျော်စိုးလင်း ကဟဲ့ နင်အခုထိ မပြီးသေး ဘူးလား ဆိုပြီးစိတ်ဆိုးပြီးတော့ ဖုန်းအားသွင်းကြိုးနှစ်ခုကိုယူပြီးလိမ်ပြီးကလေးမလေးခြေထောက်ကို ရိုက်လိုက်တာ။ လွန်ခဲ့တဲ့ ၄ ရက်လောက်က ဖြစ်တာ” ဟု ဦးကျော်လင်းဦးက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading