နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)က သိန်းချီသော မွတ်စလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက် သွားစေသည်ဟူ သော စွပ်စွဲချက်အတွက် မြန်မာနိုင်ငံအပေါ် အမှုဖွင့်ရန် သင့်မသင့် စဉ်းစားရာတွင် ပူးပေါင်းဆောင်ရွက်မည် မဟုတ် ကြောင်း မြန်မာအစိုးရက ယမန်နေ့က သတင်း ထုတ်ပြန်သည်။
ICC အနေဖြင့် ထိုစွပ်စွဲထားသော ရာဇဝတ်မှုများအတွက် တရားစီရင်ခွင့် ကျင့်သုံးသင့်သည်ဟူသော တောင်းဆိုမှုကို ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့ပြီး မြန်မာအား ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ရန် ပြီးခဲ့သည့် ဇွန်လက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် သြဂုတ်လက ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ ARSA က အစိုးရ၏ လုံခြုံရေးတပ်စခန်းများ အား အကြမ်းဖက်တိုက် ခိုက်သဖြင့် တပ်မတော်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်း မှု စစ်ဆင်ရေးများ ပြုလုပ်ချိန်မှစပြီး ဘင်္ဂါလီ ၇သိန်း ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြ သည်။
အစိုးရက ARSA အဖွဲကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရှုတ်ချပြီး ကုလသမဂ္ဂကမူ တပ်မတော်၏ စစ်ဆင်ရေးများသည် လူမျိုးစုသုတ်သင်ရှင်းလင်းမှု ဖြစ်သည်ဟုပြောသည်။
မြန်မာအစိုးရကမူ ICC ၏ တောင်းဆိုမှုကို တုံ့ပြန်မည် မဟုတ်ကြောင်းနှင့် ထိုတောင်းဆိုမှုသည် အစိုးရအပေါ် နိုင်ငံတကာ ဖိအားပိုမိုများလာစေရန် ရည်ရွယ်သော အားထုတ်မှုသာဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လတွင် ကြေညာသည်။
ICC ၏ တောင်းဆိုမှုအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သည့် ကြေညာချက် အသွင်ဖြင့် သြဂုတ်လ ၉ ရက်နေ့က ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ တရားစီရင်ခွင့်သည် တန်ဖိုးကင်းမဲ့ပြီး ပယ်ချသင့်သည်ဟု ထိုကြေညာချက်က အစိုးရ၏ အမြင်ကို ဖေါ်ပြသည်။ ထိုသဘောထားကို အထောက်အကူပြုရန် အတွက် ကြေညာချက်တွင် သိလျှက်နှင့် အမှားကိုလုပ်ခြင်း၊ လုပ်ထုံးလုပ်နည်း မူဘောင် မူမမှန်ခြင်း နှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း စသည့် ကဏ္ဍ ၅ ခုမှ အချက် ၂၀ ကို ကိုးကားဖေါ်ပြထားသည်။
မြန်မာအစိုးရက ပထမဆုံး ဖေါ်ပြသော အချက်မှာ မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ရောမ သဘောတူညီချက် အဖွဲ့ဝင် နိုင်ငံမဟုတ်ဟုသောအချက်ဖြစ်သည်။
ထိုစွပ်စွဲထားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် လိုအပ် ကြောင်းကို အလေး ထားပြီး တချိန်တည်းတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှုနှင့် နယ်မြေ တည်တံ့ခိုင်မြဲမှုကို အသိ အမှတ်ပြုသော သဘာပတိ၏ ကြေညာချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ပြန်ခဲ့သည် ဟူသည့် အချက်ကို တရားစွဲရှေ့နေက လျှစ်လျှူရှုခဲ့ပုံ ရကြောင်း မြန်မာအစိုးရ၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
“မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားခြင်းသည် (မြန်မာနိုင်ငံ၏) တပ်ဖွဲ့များကဖြစ်စေ သို့မဟုတ် ARSA ၏ တပ် ဖွဲ့များကဲ့သို့သော အစိုးရအာဏာပိုင်များကို ဆန့်ကျင်သော အင်အားစုများ ကဖြစ်စေ ကျူးလွန်သော နိုင်ငံတကာ လူသား ချင်းစာနာမှု ဥပဒေများကို ချိုးဖေါက်မှုများကို (ဆက်လက်စုံစမ်းစစ်ဆေးခြင်း)ကို ခွင့်ပြုမည်ဖြစ်သည်” ဟု အစိုးရ ကြေညာချက်တွင် ဖေါ်ပြထား သည်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ တရားစွဲရှေ့နေသည် အခြားသူတဦးဦး၏ တောင်းဆိုမှုမရှိဘဲ အဖွဲ့ တခု သို့မဟုတ် အာဏာပိုင် အဖွဲ့တခု (အများအားဖြင့် တရားရုံးတခုခု)၏ အစီအစဉ်အရ သူမ၏ အခွင့်အာဏာဖြင့် ပြုလုပ်သည့် စုံစမ်း စစ်ဆေးမှု တခုပြုလုပ်ရန် မကြိုးစားခဲ့ခြင်းကို နိုင်ငံတကာ ရာဇဝတ်တရားရုံး၏ လုပ်ထုံး လုပ်နည်းဆိုင်ရာ မူဘောင် မူမမှန်မှုများအဖြစ် အစိုးရ၏ ကြေညာချက် တွင် ဖေါ်ပြထားသည်။
“သူမလုပ်ရပ်များ အရဆိုပါက သူမသည် ပဏာမ စုံစမ်းစစ်ဆေးမှု မပြုလုပ်မီ တရားစီရင်ခွင့်ဆိုင်ရာ အဆုံး အဖြတ်ချရန် တရားခွင်မတိုင်မီ တရားရုံးသို့ ချဉ်းကပ်သောကြောင့် လှည်းကိုမြင်းရှေ့တွင် ထား လိုက်ခြင်း (နွားရှေ့ထွန်ကျူး)ဖြစ်သည်” ဟု လည်း ကြေညာချက်ကဆိုသည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုများအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ကူးသွားကြောင်း အတည်ပြုနိုင် သည့် ဒေသခံများကို ပြန်လည်ပို့ဆောင်ရေးကို အဆင်ပြေချောမွေ့စေရေး သဘောတူ စာချုပ်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့ လက်မှတ်ရေးထိုးထားကြောင်းလည်း ထို သတင်းထုတ် ပြန်ချက်တွင် ဖေါ်ပြထားသည်။
ရခိုင်ပြည်နယ်နှင့်ဆိုင်သော လူသားချင်းစာနာမှုနှင့် ဖွံဖြိုးတိုးတက်ရေးတို့၌ ကုလသမဂ္ဂ ပါဝင်ဆောင် ရွက်နိုင်ရေး အတွက် အစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့လက်မှတ်ရေးထိုးထားသော နားလည်မှု စာချွန်လွှာများနှင့် ARSA တိုက် ခိုက်မှု နောက်ပိုင်း ပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို မကြာသေး မီက ဖွဲ့စည်းခဲ့ခြင်းတို့ကိုလည်း ထိုသတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။