သတင်း

တောင်ကုတ် သုံးထပ်ဈေးသစ်ဆောက်လုပ်မှု ရပ်ဆိုင်းထား

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်တွင် ဆောက်လုပ်နေသော သုံးထပ်ဈေးသစ်ကြီးမှာ ကန်ထရိုက်ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးသည့် Quality Control ( QC ) ကုမ္ပဏီတို့ အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသဖြင့် ရပ်ဆိုင်း ထားရကြောင်း သတင်း ရရှိသည်။

ယင်းသို့ ဈေးဆောက်လုပ်သော ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးသည့် ( QC ) ကုမ္ပဏီတို့ ကြား အငြင်းပွား ပြဿနာကြောင့် ပြည်နယ် စည်ပင်သာသာရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းက ဆောက်လုပ်နေမှုကို ရပ်ဆိုင်းထားရန် စာထုတ်ညွန်ကြားထားကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာ ယာရေး ဝန်ကြီး ဦးဝင်မြင့်က ပြောသည်။

စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ ဈေးဆောက်လုက်တဲ့ ကုမ္ပဏီနဲ့ QC ကုမ္ပဏီတို့ကြားမှာ မပြေလည်မှုတွေ ဖြစ်ကြတယ်။ QC ကုမ္ပဏီကလည်း သူ့အပိုင်းကို သူတာဝန်ယူချင် တဲ့အတွက် Estimate မှာ ပါတဲ့အ တိုင်း တိတိကျကျ လုပ်ချင်တယ်။ ဆောက်တဲ့ ကုမ္ပဏီဘက် ကျပြန်တော့ ဒီလိုသာ QC ကလုပ်နေမယ်ဆိုရင် သူတို့အတွက် အလုပ်လုပ်တိုင်း အဆင်မပြေ တော့ဘူး ။ လုပ်ငန်းကြန့်ကြာ မှုတွေ ဖြစ်တယ်ပေါ့။ အဲဒီလိုမျိုး ဖြစ်ကြတော့ ဆက်မဆောက်ဖို့ ရပ်ထားဖို့ ညွန်ကြားခဲ့ရတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တောင်ကုတ်မြို့ သုံးထပ်ဈေးကြီးကို ဆောက်လုပ်နေသော ကုမ္ပဏမှာ ရခိုင်အခြေစိုက် super sunshine ကုမ္ပဏီဖြစ်ပြီး အရည်အသွေး စစ်ဆေးသည့် (QC )ကုမ္ပဏီမှာ ရန်ကုန်အခြေစိုက် TMS ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ခံများက ဈေးဆောက်လုပ်မှုကို လိုလားသော်လည်း ၎င်းဈေး ကိစ္စသည် အလွန်ပြဿနာ များ သည့်အတွက် ဈေးဆောက်လုပ်မှု အပေါ် ပြည်သူများအကြားတွင် စိတ်ဝင်စားမှု ကျဆင်းလာကြောင်း တောင်ကုတ်မြို့ခံ ဦးဇေယျကျော်က ပြောသည်။

ဦးဇေယျကျော်က “ ဒီဈေးကြောင့် အစိုးရနဲ့လွှတ်တော် ညှိနိုင်းမှု အဆင်မပြေတဲ့အတွက် စည်ပင် ဝန်ကြီး ဦးမင်းအောင် ဝန်ကြီး ရာထူးမှ ရပ်နားခဲ့ရတယ်။ အခုတခါ သူတို့ ကုမ္ပဏီ ၂ ခုကလည်း အစိုးရနဲ့ လွှတ်တော်လိုပဲ ဘယ်သူကအပေါ်၊ ဘယ်သူက အောက် ဆိုသလို ပြဿနာ ဖြစ်ကြတော့ ဒီဈေးကိစ္စ တော်တော် ပြဿနာများတယ်။ လူထုကလည်း စိတ်ဝင်စားမှု တော်တော် နည်းသွားကြပြီ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ပြောချင်တာက ဒီဈေးမြန်မြန်ပြီးဖို့ နှစ်ဘက်လုံးက ကြိုးစားဖို့ တာဝန်ရှိတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကုတ်မြို့တွင်ဆောက်လုပ်နေသော သုံးထပ်ဈေးကြီးမှာ ပြီးခဲ့သော ဘဏ္ဍာနှစ်က ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံငွေများထဲမှ မြို့နယ်အလိုက် ခွဲတမ်းရရှိသည့် သန်းပေါင်း ၅၀၀ ကို ကနဦး မတည်ကာ ဆောက်လုပ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီမှ သန်းပေါင်း ၃၀၀ ထုတ်ယူထားပြီ ဖြစ်ကြောင်းလည်း စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကဆိုသည်။

ဝန်ကြီး ဦးဝင်းမြင့်က “ ကျနော်တို့ကတော့ နှစ်ဘက်လုံးကို ခေါ်ယူပြီးတော့ QC ဘက်ကလည်း International ကျကျ စစ်ချင်တယ်ဆိုပေမယ့် ဒီမှာက အလေ့အကျင့် မရှိသေးဘူးလေ။ အဲဒီလိုပဲ ဆောက်လုပ်တဲ့ ကုမ္ပဏီဘက်ကလည်း လိုက်နာသင့်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာအောင် ကတိကဝတ်တွေလုပ်ပြီး ညှိနိုင်းပေးရမလားဆိုတာ စဉ်းစားထားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသုံးထပ်ဈေးပြီးစီးမှုအတွက် သန်းပေါင်း ၁၅၀၀ ကုန်ကျရန် လျှာထားပြီး လက်ရှိ ဈေးဆောက် လုပ်နေမှု ပြီးစီးသည့်အခြေအနေမှာ အောက်ခြေဖောင်ဒေးရှင်းနှင့် တိုင်ထောင်ရန် သံချောင်းဆင်ထားသည့် အခြေအနေတွင်သာ ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကုတ်ဈေး အပါအဝင် စစ်တွေ ၊ ကျောက်တော် ၊ ရမ်းဗြဲ ၊ ဂွ စသည့်မြို့များတွင် သုံးထပ် ဈေး ၅ ဈေး ဆောက်လုပ်ရန် ယခင် စည်ပင်ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ဦးမင်းအောင်လက်ထက်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တင်ဒါခေါ်ယူပြီး ကုမ္ပဏီများကို ဆောက်လုပ်ခွင့် ချပေးခဲ့ခြင်း ဖြစ်သည်။

၎င်းဈေးဆောက်လုပ်ရန် အတွက် တင်ဒါရရှိခဲ့သည့် ကုမ္ပဏီများမှာ တောင်ကုတ် ဈေးအတွက် super sunshine ကုမ္ပဏီ ၊ ဂွ ဈေးအတွက် RT &T ၊ ရမ်းဗြဲ ဈေးအတွက် လင်းလက်ဝတီ ၊ စစ်တွေ ဈေးအ တွက် သာဂီဆွေ ၊ ကျောက်တော်ဈေးကြီးအတွက် ဝေသာလီစတား ကုမ္ပဏီ စသည့် ကုမ္ပဏီများက ဆောက်လုပ်ခွင့် တင်ဒါေ အာင်မြင်ခဲ့ သည်။

သို့သော်လည်း ဈေးဆောက်လုပ်ရန် တင်ဒါပေးခြင်းသည် ဥပဒေအရ လွှတ်တော်ကို အသိပေးခြင်း မရှိသည့်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်း စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို ပြည်နယ် လွှတ် တော်တွင် တာဝန်မှ ရပ်စဲရန် စွပ်စွဲပြစ်တင်ခဲ့ကြရာ နိုင်ငံတော်သမ္မတက ဝန်ကြီး ဦးမင်းအောင်အား တာဝန်မှ ရပ်စဲခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading