သတင်း

စောဘဦးကြီး၏ ကျောက်ရုပ်တုကို ကရင့်အာဇာနည်နေ့တွင် ဖွင့်လှစ်

Want create site? Find Free WordPress Themes and plugins.

ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ကျောက်ရုပ်တုကို သြဂုတ် ၁၂ ရက်နေ့ ကျရောက်ခဲ့သော ၆၈ နှစ်ပြည့် ကရင့် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ဆိုဒ်မူတိုင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

ကရင့်အာဇာနည်နေ့ ကျင်းပရေးကော်မတီဥက္ကဋ္ဌ စောမောင်ကြီးက “ကရင့်အာဇာနည်နေ့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကရင့်တိုင်းရင်းသားခေါင်းဆောင်တွေကို နောင်လာ နောက်သားတွေ အနေနဲ့ သိရရှိရအောင်လို့၊ အတုယူနိုင်အောင်လို့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို အဓိကထားပြီးတော့ ကျင်းပပြုလုပ်နေခြင်းဖြစ်တယ်” ဟု ဆိုသည်။

ကရင့်အာဇာနည်နေ့ အခမ်းအနားကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကာ အခမ်းအနားတွင် နိုင်ငံတော်အလံ၊ ကရင့်အမျိုးသားအလံများကို အလေးပြုပြီးနောက် ကျဆုံးလေပြီးသော ကရင့်အာဇာနည်ခေါင်းဆောင်းကြီး စောဘဦးကြီးနှင့် ကရင့်အာဇာနည်များအား ကရင်တိုင်းရင်းသားများက ပန်းခွေချ အလေးပြုခဲ့ကြသည်။

 

 

ရန်ကုန်အခြေစိုက် ဒီမိုကရေစီအင်စာစုမှ ခေါင်းဆောင်ဖြစ်သူ ကိုဌေးအောင်က “ကရင်၊ ကချင်၊ ကယားဆိုတာ အခေါ် အားဖြင့်တော့ ကွဲပြားနေတယ်၊ သို့သော် ကျနော်တို့ရင်ထဲမှာ ဒါတွေဟာ ကျနော်တို့ မိသားစုတွေလို့ ယူဆထားတယ်၊ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ သူတို့ ယုံကြည် ကိုးစား အားကိုတဲ့ခေါင်းဆောင်တွေရှိမယ်၊ အဲ့ဒီခေါင်းဆောင်တွေကို ကျနော်တို့ ဗမာတွေကလည်း အသိမှတ်ပြုပေးဖို့ လိုအပ်တယ်၊ ဒါမှလည်း ကျနော်တို့သွားချင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖက်ဒရယ်တို့ဆိုတာ ဖြစ်လာမယ်လေ၊ အပြန်အလှန် တစ်ယောက်နဲ့ တစ်ယောက် လေးစားခြင်းအားဖြင့်ပေါ့” ဟု ပြောသည်။

ဖာပွန်ကွန်ကရက်တွင် ကရင်ပြည်နယ်အရေး ဆွေးနွေးမှုအပြီး စောဘဦးကြီးအဖွဲ့သည် ဘန်ကောက်သို့ ခရီးဆက်ရန် ထွက်လာကြစဉ် ၁၉၅၀ နှစ်၊ သြဂုတ် ၁၂ ရက်နေ့က ထို့ကော်ကိုးရွာအနီး တပ်မတော်မှ စောင့်ဆိုင်းပစ်ခတ်ခဲ့၍ စောဘဦးကြီး၊ စောစန်းကေးနှင့် မစ္စတာဘေးလားတို့ ကျဆုံးခဲ့ကြသောနေ့ကို ကရင်တစ်မျိုးသားလုံး၏ ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading