သတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ် ရခိုင်နှင့် လေကြောင်းကိစ္စများ ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ် ဝီနိုင်းသည် မနက်ဖြန် လာရောက်မည့် နေပြည်တော်ခရီးစဉ် တွင် ရခိုင်ပြည်နယ်ရှိ ပုဇွန် လုပ်ငန်းများ ဖွံ့ဖြိုးရေး စီမံကိန်း နားလည်မှု စာချွန်လွှာနှင့် ထိုင်း- မြန်မာ လေကြောင်း ပို့ဆောင်ရေး သဘောတူ စာချုပ်တို့ကို လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း Bangkok Post သတင်းကဆိုသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ထိုင်း-မြန်မာ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၏ နဝမအကြိမ် အစည်းအဝေး (JC-9) သို့ တက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ယခု JC-9 တွင် ထိုင်းဘက်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

နားလည်မှုစာချွန်လွှာ(MoU)ကို မြန်မာနိုင်ငံ၊ စစ်တွေမြို့ရှိ ပုဇွန်မွေးမြူရေး သုတေသနဌာန ပြန်လည် တည် ဆောက်ရေး အတွက် ထိုင်းနိုင်ငံမှ ငွေကြေးထည့်ဝင်မှုအနေဖြင့် လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဝန်ကြီးဒွန်သည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်တွေ့ဆုံပြီး လုံခြုံရေး၊ နယ်စပ်ရေးရာနှင့် အလုပ်သမားရေးပူးပေါင်းဆောင်ရေး၊ လူကုန်ကူးမှုတားဆီးရေး၊ ငွေကြေးခဝါချမှုနှင့် မူးယစ် မှောင်ခိုတို့အပါအဝင် အရေးကြီးသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များ စသည့်ဖြင့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုပြီးသောကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုှု်င်းရန် ရှိသည်။

ဝန်ကြီးနှစ်ဦးသည် ရခိုင်ပြည်နယ်ရှိ အခြေအနေများကိုလည်း ဆွေးနွေးကြမည့်အပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့် ပတ်သက်၍ လည်း အမြင်ချင်းဖလှယ်ကြမည်ဖြစ်သည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုဘက်တွင် ဝန်ကြီးနှစ်ဦးတို့သည် ကုန်သွယ်မှုအတားအဆီးများ ဖော်ထုတ် ဖယ်ရှားပစ်ရန်၊ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။

ယမန်နှစ်က သမ္မတဦးဝင်းမြင့်၏ ထိုင်းခရီးစဉ်အတွင်း သဘောတူခဲ့သည့် လက်ရှိနှစ်နိုင်ငံ ကုန်သွယ် ရေးကဏ္ဍ နှစ်ဆမြှင့် တင်ရေးအစီအစဉ်များနှင့်ပတ်သက်၍ ၎င်းတို့၏သဘောထားများကို ထပ်လောင်းအတည်ပြုရန် နှစ်ဘက်လုံးက မျှော်လင့်ထားသည်။

အစည်းအဝေးပြီးလျှင် ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ချီးမြှင့်ရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြား မိတ်ဖက်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရန် အစိုးရများက ထိပ်သီးအဆင့်နှင့် ဝန်ကြီးအဆင့် အပြန် အလှန် ချစ်ကြည်ရေးခရီးလည်ပတ်ခြင်းဖြင့် ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရေးတို့ကို ထပ်လောင်းအတည်ပြုကြမည်ဖြစ်သည်။

မြန်မာအစိုးရဘက်မှလည်း ထိုင်းဗိုလ်ချုပ်ကြီးပရာယွဒ်ကို မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခြင်း ထားကြောင်း သိရသည်။

ထိုင်း-မြန်မာပူးပေါင်းဆောင်ရွက်ကော်မရှင်၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်ဆောင်ရွက်၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

နောက်ထပ်အစည်းအဝေးကိုလည်း ထိုင်းနိုင်ငံတွင် လာမည့်နှစ်ကျင်းပရန် စီစဉ်ထားသည်။ ထိုင်းနိုင်ငံ သည် လက်ရှိမြန်မာအစိုးရနှင့်အတူ ယင်းကဲ့သို့အစည်းအဝေးမျိုးကို ပထမဆုံးကျင်းပသည့်နိုင်ငံဖြစ် သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading