• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး၌ ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသမီးတဦး သေဆုံး

by ဒီလှိုင်းဝင်း
13 August 2018
in သတင်း
A A
ဆေးကုသမှု ခံယူနေသော ဒဏ်ရာရရှိသူ အမျိုးသား /  ဒီလှိုင်းဝင်း / ဧရာဝတီ

ဆေးကုသမှု ခံယူနေသော ဒဏ်ရာရရှိသူ အမျိုးသား / ဒီလှိုင်းဝင်း / ဧရာဝတီ

16.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ်၌ ယနေ့နေ့လယ်က ဖြစ်ပွားသော ပစ်ခတ်မှု ဖြစ်စဉ်တွင် အမျိုးသမီးတဦး သေဆုံး သွားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အပစ်ခံရသူ၂ ဦးအနက် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကာ အမျိုးသားမှာမူ မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
145
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
233
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
357

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းအောင် က“ဒဏ်ရာရတဲ့သူ သတိရတယ် ဆိုလို့ မေးစရာတွေကို လာမေးတာပါ။ ဘာ ကြောင့် ဖြစ်တယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဒဏ်ရာရတဲ့ သူကိုတော့ ဆေးကုသမှုတွေ ပြုလုပ်ပေးနေ ပါတယ်”ဟု ပြောသည်။

အပစ်ခံရသူ ၂ ဦးသည် တရုတ် လူမျိုးများဖြစ်ပြီး မြန်မာ မှတ်ပုံတင် ကိုင်ဆောင်ထားကြောင်း၊ သို့သော် ဒဏ်ရာရရှိသူ အမျိုးသားကို မေးမြန်း စစ်ဆေးရာတွင် မြန်မာစကား ကောင်းမွန်စွာ မပြောတတ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ် ၅၅လမ်း မနော်ဟရီလမ်း နှင့် မြတ်လေးလမ်းကြားတွင် ယနေ့ ၁၁ နာရီခန့် အချိန်က ဆိုင်ကယ် စီးလာသော အမျိုးသားတဦးနှင့် အမျိုးသမီးတဦးအား အခြား ဆိုင်ကယ်ပေါ်မှ အမျိုးသား ၂ ဦးက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး ခရိုင် ရဲ တပ်ဖွဲ့က ပြောသည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ တဦးမှာ ခြေလျင် ထွက်ပြေးလာပြီး အနီးရှိ ဆိုင်တဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်ကို လုရာ၌ မရရှိသဖြင့် ၅၅ လမ်းပေါ်ရှိ ဆိုင်ကယ်၊ ကားများကို သေနတ်ပြ တားဆီးရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်သော်လည်း ကျည်ထွက်ခြင်း မရှိသောကြောင့် အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးသူ အမျိုးသမီးမှာ ဟော်လောက်ဖိန် အမည်ရှိ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူ အမျိုးသား မှာ လိလျူခွမ်ဖြစ်ကာ ၎င်းတို့၌ သမီး ၃ ဦး ရှိသည်ဟု ဆိုသည်။

ဒဏ်ရာရရှိခဲ့သူ လိလျူခွမ်က“ကျနော် ဘာဖြစ်ခဲ့တယ် ဆိုတာ မသိပါဘူး။ သေနတ်နဲ့ ပစ်တဲ့သူနဲ့ ဘာကြောင့် ပစ်တာလဲ ဆိုတာလည်း မသိပါဘူး”ဟု ဆေးရုံ၌ ရဲစစ်ဆေး မေးမြန်းမှုကို စကားပြန်မှ တဆင့် ဖြေကြားသွားသည်။

သေနတ်ဖြင့် ပစ်ခံရသူများ၏ မိသားစုဝင် တဦးက “ကျနော့် အဒေါ်နဲ့ ဦးလေးပါ။ သူတို့ မနက် ၁၁ နာရီလောက်က ဈေး ဝယ် စရာ ရှိတယ်ဆိုပြီး ဆိုင်ကယ်နဲ့ ထွက်သွားကြတာ။ ခဏနေတော့ သေနတ်နဲ့ အပစ်ခံရလို့ ဆေးရုံ ရောက်နေတယ် ဆို ပြီး သိရတယ်။ သူတို့မှာ ဘာရန်ငြိုးရန်စမှ ရှိတယ်လို့ မကြားမိပါဘူး” ဟု ပြောသည်။

အောင်ပင်လယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက “ပစ်သွားတဲ့သူလို့ သံသယရှိသူကို စခန်းမှာ ထိန်းသိမ်း စစ်ဆေး နေပါတယ်။ စစ်ဆေးနေဆဲ ဖြစ်လို့ ကျန်တဲ့ အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူအား ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ရာ ယင်းအနီးအနား နေရာတွင် လည်း ပစ်ခတ်မှု ဖြစ်ပွားသော်လည်း ဒဏ်ရာရသူ မရှိကြောင်း၊ ၎င်းအား ဖမ်းမိချိန်၌ ပစ္စတို သေနတ် ၁ လက်၊ ကျည် ၁၂ တောင့်၊ ကျည်အိမ်များကို အပ်နှံခဲ့ရာ အောင်ပင်လယ် နယ်မြေရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့ က ပြောသည်။

Your Thoughts …
Tags: မန္တလေး ပစ်ခတ်မှု
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

၂၀၂၁ ဇွန် ၂၂ရက်  မန္တလေး PDF နှင့် တိုက်ပွဲတွင် ကျဆုံးသွားသည့် ဒုဗိုလ်မှူးကြီး အောင်မျိုးကျော် / ဧရာဝတီ

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

by ဧရာဝတီ
23 June 2021
152.2k

တောထဲတွင် မဟုတ်သည့် မြို့ပေါ်တိုက်ပွဲတခုအတွင်း လူနှင့်လက်နက်အင်အား သိပ်မရှိသည့် အဖွဲ့တခုမှ စစ်ကောင်စီဘက်မှ ဒု ဗိုလ်မှူးကြီး အဆင့်ရှိသူတဦးကို အသေပစ်သတ်နိုင်ခြင်းသည် စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်းတွင် စစ်ဘက် အရာရှိထဲတွင် အကြီးဆုံးအဆင့် သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

Next Post
သရုပ်ဆောင် ရဲမင်းပိုင် နဲ့  မြင့်မြတ်  / Ye Min Paing's  / Facebook

“မြင့်မြတ်အတွက် ဇာတ်လမ်းလေးတွေရှိတယ်ဆိုတဲ့” ရဲမင်းပိုင်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကမ်းခြေတွင် ဒီရေမြင့်တက်လာနေမှု / ဉာဏ်စိုးဝင်း / ဧရာဝတီ

မြစ်ရေကြီးမှုနှင့်အတူ ထူးကဲဒီရေအန္တရာယ် သတိထားရန် မိုးဇလပြော

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

19 hours ago
3.3k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate