• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ

by ချစ်မင်းထွန်း
13 August 2018
in သတင်း
A A
KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် / မျိုးမင်းစိုး / ဧရာဝတီ

KNU ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် / မျိုးမင်းစိုး / ဧရာဝတီ

14.6k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်တွင် ကရင့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရာ ကရင်အမျိုးသား အစည်း အရုံး(KNU)မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲ ခံရကြောင်း သတင်းရရှိသည်။

တရားစွဲခံရသူများမှာ KNU မှ ပဒို မန်းငြိမ်းမောင်၊ ကရင်ပြည်သူ့ ပါတီမှ စောကျော်ကြီး နှင့် ဒေသခံ ၄ ဦး ဖြစ်သည်ဟု ဆို သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
127
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
165
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
525

၆၈ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် သြဂုတ် ၁၂ ရက်က ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ကရင်အမျိုးသား အာဇာနည်နေ့ ဆိုသော ဆိုင်းဘုတ်များ မဖြုတ်ပေးသည့် အတွက် အထက်ပါ ပုဂ္ဂိုလ်များကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်မှုများသည် လက်ရှိ အစိုးရက တည်ဆောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ရင်ကြား စေ့ရေး အပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာသလို ကရင် တမျိုးသားလုံးကို စော်ကားခြင်း ဖြစ်သည်ဟု တရားစွဲခံရသူ ပဒို မန်းငြိမ်းမောင် က ဧရာဝတီသို့ ပြောသည်။

၎င်းက “သူတို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောနေတယ်လေ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ ရင်ကြား စေ့ ရေး တို့၊ ယုံကြည်မှု တည်ဆောက်ရေး တဖွဖွပြောနေတယ်၊ အခု အဲဒါ ယုံကြည်မှု တည်ဆောက်တာပဲလေ၊ အဲဒါ ယုံကြည် မှု တည်ဆောက်တာပေါ့၊ အဲဒါ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်တာပေါ့၊ ကျနော်တို့ ကရင့် အာဇာနည်နေ့ကို ဒီလို ပိတ်ပင် တားဆီးတာ ကရင် တမျိုးသားလုံးကို စော်ကားတာ ဖြစ်တယ်လေဗျာ”ဟု ပြောဆိုသည်။

ထို့ပြင် ပဒိုမန်းငြိမ်းမောင်က “ကရင် တမျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို နင်းချေတာ ဖြစ်တယ်လေဗျာ၊ ဒါလူမျိုး တမျိုးရဲ့ နေ့ထူး နေ့မြတ်၊ အသိအမှတ် ပြုထားတဲ့ နေ့ထူး နေ့မြတ်ကို ဂုဏ်သက္ခာရှိတဲ့ဟာကို ဘာမှ နားမလည်ဘူး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဘာမှ နားမလည်ဘူး ဆိုတာကို ဒါဖော်ပြတာပဲလေ။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးက ဘယ်လို ငြိမ်းချမ်းရေးမျိုးလဲ ဆိုတာ မေးခွန်းထုတ်ရတော့မယ်၊ ဒါပါပဲ ကျနော်တို့တော့ ဒီဟာကို နားမလည်ဘူး၊ သူတို့ ငြိမ်းချမ်းရေး အဓိပ္ပာယ်က ဘယ်လိုအဓိပ္ပာယ်လဲ”ဟုလည်း ပြောသည်။

ဟင်္သာတမြို့နယ် ရဲစခန်းတွင် ပဒိုမန်းငြိမ်းမောင် အပါအဝင် ကရင်ပြည်သူ့ပါတီမှ စောကျော်ကြီး အပြင် စောအောင်ဘိုးစိုး၊ စောသန်းထွန်း၊ စောသန်းချိုသန်း၊ စောခူစီခူးတို့ကို ပုဒ်မ ၂၆ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

သြဂုတ် ၁၂ ရက်က ကျရောက်သော ကရင် အာဇာနည်နေ့ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ပန်းတနော် မြို့နယ်၊ ပုသိမ်(ဘဲကင်း)၊ ဟင်္သာတမြို့နယ်  စသည့် ဒေသများတွင် ကျင်းပခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက ပိတ်ပင် တားဆီးမှုများ ခံခဲ့ရသော်လည်း ဟင်္သာတမြို့နယ်တွင် ဆက်လက် ကျင်းပသွားသည်။

ထိုသို့ ပိတ်ပင် တားဆီးခြင်းက ကရင်တမျိုးသားလုံးကို စော်ကားခြင်း ဖြစ်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ မှားယွင်း ကြောင်း ဝန်ချ တောင်းပန်ရမည် ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

“ဒီအတွက် မှားတယ်ဆိုတာကို ဝန်ချ တောင်းပန်ရင် ကျနော်တို့ ကျေအေးမယ်၊ ကရင်တမျိုးသားလုံးကို စော်ကားမိတယ် ဆိုတာ ဒါနားမလည်မိလို့ အမိုက်အမဲတွေ မလို့ ခွင့်လွှတ် သီးခံပါဆိုပြီး ကျနော်တို့ကို တောင်းပန်ပါ။ ကရင်တမျိုးသားလုံး ကို တောင်းပန်ပါ၊ ကျနော်တို့ကို တောင်းပန်စရာ မလိုဘူး”ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ပဒိုမန်းငြိမ်းမောင်က “တောင်းပန်ရင် ကျနော်တို့ ကျေအေးမယ်၊ ကရင် တမျိုးသားလုံးကိုလည်း ကျနော် ပြော ချင် တယ်၊ ဒါ ကျနော်တို့ ကရင်တမျိုးသားလုံးကို စော်ကားတာ ဖြစ်တယ်၊ ခင်ဗျားတို့ ဒီအတိုင်း ငြိမ်ပြီးတော့ ခံနေကျ မလား၊ ခေါင်းငုံ့ပြီး ခံမလား၊ ကရင်တမျိုးသားလုံးက တသက်လုံး ဒီလိုဘဲ ခေါင်းငုံ့ ပြီးခံလာရတာ အခုချိန်က ဒီလို သူများက အနိုင်ကျင့်လို့ရတဲ့ခေတ် မဟုတ်တော့ဘူးဆိုတာ ကရင် တမျိုးသားလုံးကို ကျနော်ပြောချင်တယ်”ဟု ဆိုသည်။

ကရင့် အာဇာနည်နေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ် အသီးသီးမှာ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှာ တားဆီး ပိတ်ပင်မှုများ ခံခဲ့ရကြောင်း ကရင် တိုင်းရင်းသားများက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျင်းပသည့် အခမ်းအနား ပိတ်ပင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် လွှတ်တော် ကိုယ်စားလှယ်တချို့ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှု ကြောင့် ကျင်းပခွင့် ရရှိခဲ့သည်။

ပိတ်ပင်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီး များကို ဖုန်းဆက် မေးမြန်းသော်လည်း ဖြေကြားမှု မရှိသည့်အတွက် တစုံတရာ မသိရပေ။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပသည့် ကရင့်အာဇာနည်နေ့ကို မည်သည့် အကြောင်းပြချက် ဖြင့် တားဆီး ဟန့်တားသည်ကို မသိရကြောင်း၊ အခမ်းအနားများကို ပိတ်ပင် ဟန့်တားမှုများ ပြုလုပ်နေသူများက မည်သူ၏ စေခိုင်းမှုဖြင့် ဆောင်ရွက်နေသလဲ ဆိုခြင်းမှာ မရှင်းလင်းဘဲ ဖြစ်နေကြောင်း KNU ဒု ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြော သည်။

“ကျနော်တို့ သတင်း အစုံအလင်တော့ မသိရဘူးပေါ့နော်။ သက်ဆိုင်ရာမှာ ပါဝင်နေတဲ့ လူတွေက ကျနော်တို့ဆီ ဘာမှ တင်ပြ တာ မရှိဘူး။ ဘာဖြစ်လို့ သူတို့ကို ဟန့်တားလဲ ဆိုတာ ကျနော်တို့ မသိရဘူးလေ။ ကျနော်တို့ ပြန်သုံးသပ်တယ်။ ဒီကိစ္စက အစိုးရ ရဲ့ ပေါ်လစီလား၊ သို့မဟုတ် လို့ရှိရင်လည်း တိုင်းဒေသကြီး အစိုးရရဲ့ ပေါ်လစီလား၊ ဒါမှမဟုတ်ရင်လည်း ပြည်ထဲရေး က ပေါ်လစီလား၊ သို့မဟုတ်လည်း မြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးမှူး တွေလား၊ နယ်လုံတွေကပဲ တာဝန်ယူပြီး လုပ်သွား သလား ဆိုတာ မရှင်းဘူးဗျာနော်။ အစိုးရ သဘောထား ဆိုလို့ရှိရင်တော့ တိုင်းနဲ့ပြည်နယ် အကုန်လုံးက တုံ့ပြန်မှု အတူတကွ ရှိမှာပဲ၊ အခုက သီးခြားစီ ဖြစ်နေတော့ ကျနော်တို့က ဘယ်လို ကောက်ချက် ချရမလဲ မသိသေးဘူး”ဟု ၎င်းက ပြောသည်။

သံလွင် ပြည်သူ့မူဝါဒရေးရာ လေ့လာရေး ဌာနမှ ဒါရိုက်တာ ကရင်တိုင်းရင်းသားဖြစ်သူ စောကပီ ကတော့ လက်ရှိ ငြိမ်းချမ်း ရေး တည်ဆောက်ရာတွင် နားလည်မှုတည်ဆောက်ရန် ခက်ခဲနေသည့်အချိန်မှာ ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပ ခြင်းအပေါ် လိုက်လံ ပိတ်ပင်နေခြင်းကြောင့် ယုံကြည်မှု တည်ဆောက်ခြင်းက ပိုဆိုးသွားစေနိုင်ကြောင်း ပြောဆိုသည်။

စောကပီက “ဥပမာ ထွေအုပ်၊ ရဲ၊ အင်းစိန်မှာဆို လဝက က ပါလာတယ်။ တရားဝင် ကန့်ကွက်ကြောင်း စာထုတ်ပေးပါ တောင်းတော့ မရဘူး။ ကန့်ကွက်တာ ကတော့ အုပ်ချုပ်ရေးပိုင်း အထူးသဖြင့် ပြည်ထဲရေး လက်အောက်ခံ အစိတ်အပိုင်း တွေပေါ့။ ဒီလိုတွေ ဆက်ဖြစ်နေရင် တပ်မတော်ကပဲဖြစ်ဖြစ်၊ အစိုးရရဲ့ တချို့သော အစိတ်အပိုင်းတွေက ငြိမ်းချမ်းရေး နဲ့ တိုင်းရင်းသား တန်းတူရေးကို မလိုချင်ဘူး လက်မခံဘူး ဆိုတာကို ပြသနေတယ်”ဟု ပြောသည်။

ကရင့်အာဇာနည်နေ့ အခမ်းအနားများကို တားဆီး ပိတ်ပင်ခြင်းက လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှု အပေါ် ယုံကြည်မှု အားနည်းစေနိုင်ကြောင်း KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း ပြောဆိုသည်။

၎င်းက“နားလည်မှု ရှိဖို့လည်း ကြိုးစားဆောင်ရွက်ရမယ်၊ ဒီလို နားလည်မှု ရှိဖို့ဆိုတာက တဖက်က အသိအမှတ် ပြုမှု၊ လေးစား မှုတွေကိုတော့ ကျနော်တို့ တဖက်ကလည်း အပြန်အလှန် အသိအမှတ်ပြုဖို့ လိုအပ်တာပေါ့ နော်။ အတိအကျ ဘယ်အတိုင်းအတာ ထိတော့ ရှိလည်း မသိဘူး။ သို့သော်လည်းပဲ အဲဒါက ယုံကြည် မှုကို အားနည်း စေတယ်။ ငြိမ်းချမ်း ရေး တည်ဆောက်မှုကိုလည်း ထိပါးစေနိုင်တဲ့ အနေအထားတော့ ရှိတာ”ဟု ပြောသည်။

ကရင့်အာဇာနည်နေ့ကို ၁၉၅၆ ခုနှစ်က စတင်၍ တောက်လျှောက် ကျင်းပလာခဲ့ခြင်းဖြစ်ရာ KNU အဖွဲ့အစည်း တခုတည်း က သတ်မှတ် ဂုဏ်ပြုသည့် နေ့ရက်မဟုတ်ဘဲ ကရင်တမျိုးသားလုံးက အသိအမှတ်ပြုပြီးတော့ ဂုဏ်ပြုသည့် နေ့ရက်ဖြစ် သည် ကို ပြည်သူများကလည်း သတိမူရန် လိုအပ်ကြောင်း KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူး ဝင်းက ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး KNU က အခမ်းအနား ကျင်းပသော တာဝန်ရှိသူများဆီက မည်သည့် အတွက်ကြောင့် ဟန့်တားသနည်း ဆိုခြင်းကို တင်ပြမှု မရှိခြင်းကြောင့် ဖြစ်တည်နေတဲ့ အပေါ်မှာပဲ သုံးသပ်၍ မည်သို့ တုံ့ပြန်ရမလဲနှင့် နောက် နောင် မည်သို့ အဆင်ပြေ ချောမွေ့ စွာ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။

၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောဘဦးကြီး ထို့ကော်ကိုး ကျေးရွာ တွင် ကျဆုံးသွားခဲ့ခြင်းကို ကရင်တမျိုးသားလုံးက ကရင့် အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ ကရင့် အာဇာနည်နေ့ကို ကျင်းပ လာခဲ့ရာ ၂၀၁၈ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ၆၈ နှစ်ပြည့် ပြီ ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: ကရင့် အာဇာနည်နေ့
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ငလပွေ့ တာတမံ ကျိုးပေါက်မှုအား ပြုပြင်နေစဉ်  / ကိုထွန်း / FB

ကျောက်ဖြူ ငလပွေ့ တာတမံကျိုးပေါက်မှု လူ ၃၀၀ ကျော် ရွှေ့ပြောင်းရ

မန္တလေးတိုင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန  /  ဒီလှိုင်းဝင်း / ဧရာဝတီ

ဖောက်စွပ်ကားများ သိမ်းဆည်းခြင်း ဖြေလျှော့ပေးရန် တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate