သတင်း

ကျောက်ဖြူ ငလပွေ့ တာတမံကျိုးပေါက်မှု လူ ၃၀၀ ကျော် ရွှေ့ပြောင်းရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကုလားဘာတောင်ကျေးရွာအတွင်းရှိ ငလပွေ့ တာတမံ ကျိုးပေါက်မှုကြောင့် အနီးတွင် နေထိုင်ကြသည့် လူပေါင်း ၃၀၀ ကျော် ရွေ့ပြောင်းခဲ့ရကြောင်း သတင်း ရရှိသည်။

အဆိုပါ ငလပွေ့တာတမံမှာ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်နှင့် ဆက်စပ်တည်ရှိပြီး ယနေ့ သြဂုတ်လ ၁၃ ရက် နေ့လည် ၁၂ နာရီ အချိန်ခန့်က ဒီရေ မြင့် တက်မှုကြောင့် ပေ ၄၀ ခန့် ကျိုင်းပေါက်ကာ အနီးရှိ ကျုးကျော်တဲများ ဆောက်လုပ်နေထိုင်သည့် အိမ်ခြေ ၇၀ ကျော်မှ လူပေါင်း ၃၀၀ ကျော် ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင် က “ရေတွေ ပြည့်လာတော့ အဲဒီ နေရာက လူပေါင်း ၃၀၀ လောက် သိမ်တောင် ဘုန်းကြီး ကျောင်းကို ရွှေ့ပြောင်းခဲ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ငလပွေ့ တာတမံ ကျိုးပေါက်မှုအား ပြုပြင်နေစဉ်/ ကိုထွန်း/FB

ယင်း ငလပွေ့တာတမံသည် ယခင်က ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သော ငါးမွေးကန် တခုဖြစ်ပြီး လက်ရှိ အချိန်တွင် ဆည်မြောင်း ဦးစီးဌာန လက်အောင်တွင် ထိမ်းသိမ်းထားရှိကာ ဒေသခံ များက ငါးမွေးကန်ဟောင်း ဟု ခေါ်ဝေါ်ကြပြီး ပြီးခဲ့သည့် နှစ်ကလည်း တကြိမ် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကတော့ ယင်းသို့ တာတမံ ကျိုးပေါက်ရခြင်းမှာ သက်ဆိုင်ရာ ဌာနများ၏ ပြုပြင်ထိမ်းသိမ်းမှု နှောင့်နှေး ကြန့်ကြာသည့်အတွက် ဖြစ်ရသည်ဟု သုံးသတ်ပြောကြားသည်။

ငလပွေ့ တာတမံ ကျိုးပေါက်မှုအား ပြုပြင်နေစဉ်/ ကိုထွန်း/FB

ဦးဖိုးစံက “တာဘောင် ကျိုးပေါက်တယ်ဆိုလို့ ကျနော် ဒီနေ့ နေလည်ပိုင်းက သွားကြည့်ပါတယ်။ အဲဒီနေရာမှာဘဲ ငလေပွေ့ ကျေးရွာအုပ် ချုပ်ရေးမှူး ပြောပြတာက ဒီဆည်ဘောင်ဟာ ကြံ့ခိုင်မှု အားနည်းနေပြီ ဆိုတာကို ဆည်မြောင်း ဦးစီး ဌာနကို အကြောင်းကြားထားပြီးသားလို့ ပြောတယ်။

အကြောင်းကြားပေမဲ့ တယောက် မှ လာပြီးတော့ လှည့်ကြည့်တာတောင် မရှိဘူးလို့ ပြောတယ်။ အဲဒါကြောင့် ကျနော့် အမြင်ကတော့ ဌာဆိုင်ရာတွေရဲ့ ထိမ်းသိမ်းမှု နှောင့်နည်း ကြန့်ကြာမှုကြောင့် ဖြစ်ရ တယ် လို့ပဲ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ တာတမံ ကျိုးပေါက်မှုကြောင့် တပ်မတော်ရေ ၊ နယ်မြေခံ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ ၊ မီးသတ်ဦးစီးဌာနနှင့် ဒေသခံများ စုပေါင်းပြီး ဆည်ဖို့ နေကြ ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading