• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူ ၁၂ ဦးဖမ်းထားကြောင်း လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက် စိစစ်ပေးမည်ဟု RCSS ပြော

by ချစ်မင်းထွန်း
14 August 2018
in သတင်း
A A
စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသော RCSS/SSA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသော RCSS/SSA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

19.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျိုင်းခမ်းဒေသရှိ ကုမ္ပဏီ အလုပ်သမား ၁၂ ဦးကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဖမ်းဆီးထားကြောင်း လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက် အပေါ် စိစစ်ပေးမည်ဟု RCSS/SSA က ပြောသည်။

ကျိုင်းခမ်းဒေသရှိ EZY ကုမ္ပဏီ၊ Power Tun ကုမ္ပဏီ၊ Love and Like ကုမ္ပဏီ၊ Pan Thu ကုမ္ပဏီ များတွင် အလုပ် လုပ် နေကြသည့် အလုပ်သမား ၁၂ ဦးကို RCSS/SSA တပ်မဟာ ၇၅၉၊ တပ်ခွဲ ၁၉၈ က ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၂ ရက် တွင် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သြဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
9
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
37
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
237

ထို ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS ဘက်က ပြည်သူလူထုကို ဖမ်းဆီးရေး ပေါ်လစီ မရှိသကဲ့သို့ NCA လက်မှတ် ရေး ထိုးပြီး ကတည်းက အဖွဲ့အတွင်း ဥပဒေများကို တိုးမြှင့်၍ ထိန်းချုပ်ထားကြောင်း၊RCSS/SSA ၏စည်းမျဉ်းများ ကို လိုက်နာရန် အဖွဲ့အစည်းတွင် ညွန်ကြားထားကြောင်း ပြောသည်။

RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက “ကျနော်တို့ RCSS အနေနဲ့ ကျနော်တို့ ကောင်စီရဲ့ ဥပဒေ ကို လိုက်နာရမှာ ဖြစ်သလို၊ SSA ရဲ့ စည်းမျဉ်းကိုလည်း လိုက်နာရမယ်၊ ပြီးတော့ ကျနော်တို့ JMC-U ကနေ လက်မှတ် ထိုးထားတဲ့သူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေ ရှိသလို၊ ကျနော်တို့ NCA ကို လိုက်နာဖို့အတွက် ကျနော်တို့ ပန်ကြား ထားပြီး ဖြစ်ပါတယ်။ ဒီနယ်မြေတွေမှာ အမြင်မှားမှု တခုခု ဖြစ်ရင်လည်း ဖြစ်မှာပေါ့နော်။ ဒါပေမယ့် ကျနော်တို့လည်း အတတ်နိုင်ဆုံး စိစစ်ပေးပါ့မယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဝိုင်းပြီးတော့ စိစစ်ပေးပါ့မယ်”ဟု ဧရာဝတီကို ပြောပြသည်။

RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ထိုးထားသော ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။

NCA စာချုပ်၏ အပိုဒ် ၉ တွင် အရပ်သားများကို အကာအကွယ်ပေးခြင်း (ခ) ပြည်သူလူထုအား လူတဦး တယောက် ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရဟု ပြဌာန်း ထားသည်။

ထို့ပြင် (ဃ) ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မ တောင်းခံ ရယူ ခြင်း မပြုလုပ်ရ၊ (င) ပြည်သူလုထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီး ဖြစ်စေ၊ ဖမ်းဆီး အရေး ယူခြင်း၊ အပြစ်ပေး ခြင်း လုံးဝမပြုရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်၊ (တ) အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံ မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးရန်၊ (ထ) အရပ်သား ပြည်သူများ စိုးရိမ်ကြောင့်ကျမှု မရှိဘဲ အပစ်ရပ် နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန် စသဖြင့် ပြဌာန်း ထားသည်။

လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်တွင် RCSS/SSA မှ ကုမ္ပဏီလုပ်သား တချို့အား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယင်းတို့အနက် တချို့ကို ပြန်လွှတ်ပေးကာ ၆ ဦးအား ဆက်လက် ဖမ်းဆီးထားကြောင်း၊ ထိုကုမ္ပဏီများက RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ချိန်းဆို၍ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၆ ရက်၌ ငွေကျပ် သိန်း ၂၀၀ ကို သွားရောက် ပေးပို့ပြီး ရွေးယူရန် ကြိုးစားခဲ့သော်လည်း တောင်းခံသည့် ငွေမပြည့်ဟုဆိုကာ သွားရောက်ပေးပို့သူ ၇ ဦးအဖွဲ့မှ ဦးစိုင်းစံလှ တဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၆ ဦးကို ထပ်မံ ဖမ်းဆီးထားခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “ဒီလိုပါ အဲဒီ ပျောက်ဆုံးတဲ့ မိသားစု တွေ က ကျနော်တို့ဆီ တိုင်တာပေါ့၊ တိုင်တဲ့ အခါကျတော့ ကျနော်တို့က ရှမ်းပြည်နယ် အစိုးရကို အကြောင်းကြားစာ ပို့လိုက်တာပေါ့။ ရှမ်းပြည်နယ်အစိုးရက ကျနော်တို့ဆီ ပြန်ကြားတဲ့စာထဲမှာ ဖြစ်စဉ်တွေကို အကုန် အပြည့်အစုံ ရေးပေး တာ။ ဒီလိုဖြစ်တယ်၊ ဘယ်တုန်းက ဖမ်းတယ်၊ ဘယ်တုန်းက လွတ်တယ်၊ ဘယ်တုန်းက နောက်ကနေ ငွေလိုက်ပေး တယ်၊ အကုန်လုံး ပါတယ်”ဟု ပြောသည်။

ယခု ဖြစ်စဉ်ကို လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် သေချာ စုံစမ်းစစ်ရေးရန် လိုအပ်ကြောင်း၊ တခြား အဖွဲ့က ဖမ်းဆီး ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်၏ အစီအရင်ခံစာ အပေါ် သေချာ စိစစ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ တာဝန်ခံများကိုလည်း စုံစမ်းရန် တာဝန်ပေးထားပြီး ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံ ဆွေး နွေး ရန် လည်း စဉ်းစားမှု ရှိကြောင်း RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောဆိုသည်။

ဦးယုလွင်အောင်က “ကျနော်တို့က လုပ်စရာ မလိုတော့ဘူး၊ ကျနော်တို့ အနေနဲ့ ဘာမှ စုံစမ်းစစ်ဆေး မေးမြန်းစရာ မလို တော့ဘူး၊ ရှမ်းပြည်နယ်အစိုးရရဲ့ ပြန်ကြားချက်ကိုမှီပြီးမှ ကျနော်တို့က ထုတ်ပြန်ချက် ထုတ်တာပေါ့”ဟု ပြောသည်။

RCSS/SSA မှ ဖမ်းဆီးထားသူ ၁၂ ဦး မလွတ်လာသေး၍ ဒေသခံ လူငယ်များ ပြန်လည် လွှတ်ပေးရေးအတွက် ရှမ်း ပြည်နယ် အစိုးရအဖွဲ့က တောင်ကြီးမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြား၍ စုံစမ်း မေးမြန်းခဲ့သော် လည်း အဆင်မပြေကြောင်း၊ ထို့နောက် RCSS/SSA က ဖမ်းဆီထားသော လူငယ်များ ပြန်လွှတ်ပေးရန် ထုတ်ပြန်ရ ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက“ကျနော်တို့ အနေနဲ့ကတော့ ကော်မရှင်နဲ့ တွေ့ဆုံဖို့ ဒီလိုမျိုး ရည်မှန်းချက် ရှိတာပေါ့နော်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဆီက အစီရင်ခံစာ ထွက်လာတယ်ဆိုတော့ သူတို့က ဘယ်ကနေ ယူလာသလဲပေါ့၊ သတင်း အချက်အလက်တွေ။ ကျနော်တို့ အနေနဲ့ ဒီကိစ္စကို စဉ်းစားပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။ အခု ကျနော်တို့ ပြည်နယ် မှာ JMC တွေလည်း ရှိတယ်၊ ဒီအပေါ်မှာ အတတ်နိုင်ဆုံး သတင်း အချက်အလက်တွေလည်း ပြန်လည် စုဆောင်းသွား မယ်၊ ကျနော်တို့ရဲ့ တာဝန်ခံတွေကိုလည်း အားလုံး တာဝန်ပေးထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

RCSS/SSA မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံရန် စဉ်းစားမှု ရှိသည်ဟု ဆိုသော်လည်း မည်သည့် အချိန်တွင် တွေ့ဆုံသွားမလဲ ဆိုခြင်းကိုတော့ မပြောပေ။
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က “အခုထိတော့ ကျနော်တို့ဆီမှာ သူတို့ရဲ့ တရားဝင် အကြောင်း ကြားစာ မရသေးဘူးဗျ။ ကျနော့် သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။ ကော်မရှင်အဖွဲ့ဝင် အားလုံးကို တင်ပြပြီး ဆုံးဖြတ်ရမှာ ပေါ့၊ အားလုံးကနေ သဘောတူတယ်၊ တွေ့လို့ရတယ်ဆိုရင်တော့ ကျနော်တို့ တွေ့လို့ရမှာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယခု ဖြစ်စဉ်သည် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းစဉ် ကို ထိခိုက်စေနိုင်သည့်အပြင် အပြစ်မဲ့ တိုင်းရင်းသား ပြည်သူများ၏ အခြေခံ လူ့အခွင့်အရေးကို ထိခိုက်စေသည် ဟု သုံးသပ်ရရှိပါသဖြင့် ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးသင့်ကြောင်း တိုက်တွန်းထားသည်။

Your Thoughts …
Tags: RCSS/SSA
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

၂၀၁၆ ခုနှစ် ထိုင်း-မြန်မာနယ်စပ် ရှမ်းအမျိုးသားနေ့ စစ်ရေးပြပွဲတွင် တွေ့ရသော တပ်သားများ / ဧရာဝတီ

ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား

by စိုင်းမုန်းယိုင်
10 July 2021
31.5k

အာဏာသိမ်းမှုနောက်ပိုင်း ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားတပ်ချင်း တိုက်ပွဲတွေက အလွန်ပြင်းထန်လှပါတယ်။

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

ပြည်ထောင်စုနေ့အပေါ် တိုင်းရင်းသားခေါင်းဆောင်များရဲ့ အမြင်

by ဧရာဝတီ
11 February 2022
11.7k

တိုင်းရင်းသား နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်၊ နေပြည်တော်မှာကတော့ ပြည်ထောင်စုနေ့ ကျင်းပနေတာ။ အဲဒါကတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု မဟုတ်ဘူးလို့ဘဲ သုံးသပ်ထားပါတယ်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် / ဧရာဝတီ

မြန်မာစစ်တပ်က တာဝန်ခံရမည်ဟု ရှမ်းလက်နက်ကိုင်ခေါင်းဆောင်ပြော

by Larry Jagan
3 April 2021
42.3k

မြန်မာစစ်တပ်အနေဖြင့် ၎င်း၏ လူသားမျိုးနွယ် အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်ဟု ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်က သတိပေးလိုက်သည်။

၂၀၁၆ ခုနှစ်က ကျေးသီးမြို့နယ်တွင် တွေ့ရသည့် SSPP/ SSA တပ်ဖွဲ့ ဝင်များ / ဧရာဝတီ

ကျေးသီးမြို့နယ်တွင်း ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်နေ

by ဧရာဝတီ
30 June 2021
43k

ဇွန် ၁ ရက်မှ စ၍ လွယ်ဟန်းတောင်ကြောတဝိုက်တွင် RCSS နှင့် SSPP ကြား တိုက်ခိုက်နေကြပြီး ဇွန်လ အတွင်း ၅ ရက်ခန့် သာ တိုက်ခိုက်မှု ရပ်တန့်ခဲ့ကာ တလလုံးနီးပါး စစ်ရေး တင်းမာနေသည့်...

စစ်ခေါင်းဆောင်နှင့်တွေ့ဆုံရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် တာချီလိတ်မှနေပြည်တော်သို့ ထွက်ခွာ  / Ngao Leng Hun Mai

စစ်ခေါင်းဆောင်နှင့် တွေ့ရန် ဗိုလ်ချုပ်ကြီးယွက်ဆစ် နေပြည်တော်ရောက်ရှိ

by ဧရာဝတီ
19 May 2022
9.4k

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကြား၌ပင် သဘောထား ကွဲလွဲမှုများဖြစ်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU /KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်...

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်  / saitai

မိုင်းပျဉ်းမြို့နယ်တွင် တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်ပွား

by ချစ်မင်းထွန်း
6 January 2018
10.6k

အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်မှ ခမရ ၅၂၈ နှင့် ခလရ ၄၃ တို့ ပူးပေါင်း၍ နယ်မြေ ရှင်းလင်းရေး လှုပ်ရှားစဉ် RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Next Post
ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး  / Nay Chi Oo's Facebook

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

အသီးအရွက် များများစားတာဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

အသားမစားတော့ရင် ခန္ဓာကိုယ်ကို ဘယ်လို အကျိုးသက်ရောက်စေမလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate