• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသား ဟိုတယ် အစီအစဉ် ကန့်ကွက်မှုများရှိ

by ထွန်းထွန်း
15 August 2018
in သတင်း
A A
အင်းလေးကန် အတွင်း မြင်ကွင်း တခု  / ဧရာဝတီ

အင်းလေးကန် အတွင်း မြင်ကွင်း တခု / ဧရာဝတီ

30k
VIEWS
Share on FacebookShare on Twitter

သဘာဝ ဘေးမဲ့တော ဖြစ်သော အင်းလေးကန်စပ် ဧရိယာတွင် ဦးထွန်းနိုင်ရွှေ (Myanmar Naing Group Co,Ltd) က ဟိုတယ် တည်ဆောက်ရန် စီစဉ်မှုအပေါ် ဒေသခံများက ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။

ဦးထွန်းနိုင်ရွှေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ သားတဦး ဖြစ်ကြောင်း သိရပြီး ဟိုတယ် တည်ဆောက်ရန် အတွက် ညောင်ရွှေ မြို့နယ် မိုင်းသောက် ကျေးရွာအနီး မြေဧက ၉၀ အား သစ်တောဝန်ကြီး ဦးသိန်းအောင် လက်ထက် ၂၀၁၁ ခုနှစ် တွင် ဘေးမဲ့တော ဧရိယာထဲမှ ထုတ်နုတ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ကန့်ကွက်သူများက ပြောသည်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
6
သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ခဲ့တဲ့ ဥကရစ်ထစခန်းကျသွားပြီ (ရုပ်/သံ)

13 July 2025
186
ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

ဆရာမောင်သာချို ဈာပနမြင်ကွင်း (ရုပ်/သံ)

13 July 2025
111

ကန့်ကွက်ရာတွင် ပါဝင်သူ ကိုမြတ်မင်းစိုးက “ဟိုတယ် မဆောက်ယုံတင် မဟုတ်ဘူး၊ ဘေးမဲ့တော ဧရိယာအဖြစ် ပြန်လည် သတ်မှတ်ပေးဖို့ပါ တောင်းဆိုကြတာပါ၊ အရင်က ဆောက်ခဲ့တဲ့ ဟာတွေကိုတော့ ကျနော်တို့ဘာမှ မ တတ်နိုင်တော့ဘူး ပေါ့” ဟု ပြောသည်။

ဒေသခံများအနေဖြင့် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးမှုများနှင့် တိုင်စာများအား နိုင်ငံတော် သမ္မတရုံး၊ မြေစာရင်းဌာန နှင့် သက်ဆိုင်ရာ လွှတ်တော်ကော်မတီ များထံ ပေးပို့ခဲ့သည့်အပြင် သြဂုတ် ၁၃ ရက်နေ့ကလည်း မိုင်းသောက် ပထမ စာသင် တိုက် အောင်ရတနာ ဓမ္မာရုံတွင် အင်းလေးကန် ထိန်းသိမ်းရေး အတွက် လူထုဆွေးနွေးပွဲ တရပ်ကျင်းပခဲ့သည်။

ယင်း လူထုဆွေးနွေးပွဲကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် လူဦးရေ ၅၀၀ ကျော် တက်ရောက်ပြီး ကန့်ကွက် လက်မှတ်ရေးထိုးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဟိုတယ် တည်ဆောက်ရန် ပြင်ဆင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် စီမံကိန်းမြေအား ဘေးမဲ့ တော ဧရိယာ ပြန်လည် သတ်မှတ်ပေးရန်၊ အင်းလေးကန် ထိန်းသိမ်းရေး ဥပဒေ နှင့် အုပ်ချုပ်ရေးအဖွဲ့ ထားရှိရန် တို့ကို တောင်းဆိုခဲ့ကြသည်။

အဆိုပါ ဟိုတယ်စီမံကိန်းအား ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း တည်ဆောက်ရန် ကြိုးပမ်းခဲ့ဖူးပြီး ဒေသခံများ၏ ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုအချိန်တွင် စီမံကိန်းအတွင်း အဆောက်အအုံ တချို့ ဆောက်လုပ်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

ဟိုတယ် တည်ဆောက်ရန် တင်ပြလာသည့် မြေဧက ၉၀ သည် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ ကွင်းအမှတ် ၃၇ အတွင်း တည်ရှိပြီး ကန့်ကွက်လိုက သြဂုတ် ၁၅ ရက်နေ့အထိ ကန့်ကွက်နိုင်ကြောင်းကို ညောင်ရွှေ မြို့နယ် မြေစာရင်း ဦးစီးဌာနက ဇူလိုင် ၁၇ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဟိုတယ် စီမံကိန်းများအား တားဆီးနိုင်ရေးနှင့် အင်းလေးဒေသ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့ အတွက် ဒေသခံများက ကန့်ကွက်မှုများ လုပ်ဆောင်ရာတွင် လွှတ်တော်ပိုင်းမှလည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုးက ပြောသည်။

ပြည်သူ့လွှတ်တော် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးနေမျိုးက “ဒီနေရာကို ဘာလို့ ဘေးမဲ့ဧရိယာကနေ ပယ်ဖျက်ပေးလိုက်လဲ လွှတ်တော်မှာ မေးရမယ်၊ ကန်နဲ့တမိုင်ပတ်လည်မှာ ဟိုတယ် မဆောက် ဖို့ တားမြစ်ခဲ့ကြပေမယ့် တဖြည်းဖြည်း တိုးလာတာပဲ၊ အင်းလေးကန်ကြီး က မြေကြီးကန် မဟုတ်တော့ဘဲ အုတ်ကန်ကြီး ဖြစ်တော့မယ်” ဟု ပြောသည်။

ဟိုတယ် တည်ဆောက်မည့်နေရာသည် အင်းလေးကန် အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အင်းလေးကန်အတွင်း နှုန်း ပို့ချမှု များအား ကာကွယ်ပေးသည့်အပြင် တောရိုင်းတိရစ္ဆာန်များ ကျက်စားသည့်နေရာ ဖြစ်သည့် တည်ဆောက်ရေး လုပ်ငန်းများ မလုပ်သင့်ကြောင်း ဒေသခံများက ပြောသည်။

ဟိုတယ် တည်ဆောက်ရန်အတွက် ဧက ၉၀ အား သဘာဝနယ်မြေ အဖြစ်မှ ထုတ်နုတ် ပယ်ဖျက်ပြီးနောက် အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ဧရိယာအား ဧက ၁ သိန်း ၅ သောင်းကျော် (၁၅၈၃၉၅.၁၂ ဧက) အဖြစ် ပြင်ဆင် ဖွဲ့စည်း ကြောင်း သစ်တောရေးရာ ဝန်ကြီး ဌာန ၏ ၂၀၁၁ ခုနှစ် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာတွင် ဖော်ပြ ထားသည်။

ယင်းအမိန့်စာ ထုတ်သည့်ရက်စွဲသည် တပ်မတော်အစိုးရမှ ဦးသိန်းစိန် အစိုးရသို့ အာဏာလွှဲပြောင်းမည့် ရက်ပိုင်းအလိုတွင် ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သစ်တောဝန်ကြီး ဦးသိန်းအောင်မှာ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ၁၉၈၅ ခုနှစ်မှစတင်၍ သတ်မှတ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆောင်းခို ငှက်များနှင့် ဒေသတွင်း တောရိုင်းတိရစ္ဆာန် မျိုးစိတ်များ ကျင်လည်ကျက်စားရာ ဒေသတခုဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် အင်းလေးကန်အား အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဇီဝအဝန်း နယ်မြေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ၏ လူသား နှင့် ဇီဝ အဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက အတည်ပြု သတ်မှတ်ခဲ့သည်။

လက်ရှိ အင်းလေးကန် ပတ်ဝန်းကျင်တွင် ဟိုတယ်ဇုန် သတ်မှတ်ပေးထားပြီး ကန်ဘေး တမိုင်ပတ်လည်တွင် ဟိုတယ် တည်ဆောက်မှုများအား တားမြစ်ထားကြောင်းလည်း ဦးနေမျိုးက ရှင်းပြသည်။

နှုန်းပို့ချမှုများနှင့် ကျွန်းမျောများ ချဲ့ထွင်လုပ်ကိုင်မှုများ စသည့် အကြောင်းအချက်များကြောင့် အင်းလေးကန် ရေအနက် တိမ်ကောလာမှု ပြဿနာ၊ ရေ အရည်အသွေး ညံ့ဖျင်းမှု ပြဿနာများ ရင်ဆိုင်နေရပြီး အစိုးရအနေဖြင့် အင်းလေးကန် ထိန်းသိမ်းရေး စီမံကိန်းကို နော်ဝေနိုင်ငံနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ ကူညီမှုများဖြင့် ဆောင်ရွက် လျက်ရှိသည်။

ဘေးမဲ့တော သတ်မှတ်ထားသည့် အင်းလေးကန် ပတ်ဝန်းကျင်တွင် ဒေသခံများအား နေအိမ်၊ တဲ၊ ကျွန်းမျောများ လုပ်ကိုင်ရာတွင် ကန့်သတ်မှုများ ရှိနေသော်လည်း ယခုကဲ့သို့ ဟိုတယ် တည်ဆောက်ရန် ဘေးမဲ့တောမှ မြေနေရာ ထုတ်ပယ်ပေးမှု အပေါ် ဒေသခံများက မေးခွန်းထုတ်ခဲ့သည်။

Your Thoughts …
Tags: ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေသား ဟိုတယ် တည်ဆောက်မှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုတို့ ပြီးခဲ့သည့် သြဂုတ်လ ၆ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်  / နိုင်ငံတော် အတိုင်ပင်ခံရုံး

မြန်မာအပေါ် စီးပွားရေးသြဇာ၌ တရုတ်က ဂျပန်ထက်ရှေ့တန်းရောက်နေ

ဂျာနယ်တွေ တစောင်ပြီး တစောင် ပိတ်နေရသည်။ ကျန် သတင်းစာ ဂျာနယ်များလည်း အခြေအနေ မကောင်းလှ  / ဧရာဝတီ

မြန်မာ့ စတုတ္ထမဏ္ဍိုင် ကပ်ဆိုက်နေပြီ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
3.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.1k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate