• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်း ပြည်ထောင်စုအစိုးရ အစီအစဉ်ဟုဆို

by မြတ်ပြည့်ဖြိုး
15 August 2018
in သတင်း
A A
ပုဂံဘုရားများ / ဧရာဝတီ

ပုဂံဘုရားများ / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

ပုဂံ-ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်ခြင်းသည် ပြည်ထောင်စု ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ၏ အစီအစဉ် ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အနေဖြင့် သဘောထားမှတ်ချက်ပေးရုံ အဆင့်သာဖြစ်ကြောင်း တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။

တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို သဘောထား တောင်းတော့ ဒေသခံတွေ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့က အဓိကဆိုတော့၊ အဲဒီလို ဖြစ်မယ်ဆိုရင် ကန့်ကွက် ရန်မရှိဘူးလို့ပဲ အကြောင်းပြန် ပေးလိုက်တယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
75
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
283
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
41

၎င်းစီမံကိန်းသည် ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် ပြည်ထောင်စု ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန လက် အောက်ရှိ ပြည်တွင်းလေကြောင်း ညွှန်ကြားမှုဦးစီးဌာနတို့က ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရ အဖွဲ့မှ သိရသည်။

လက်ရှိတွင် ပုဂံညောင်ဦး လေဆိပ်သည် ခရီးသည် အများဆုံး ၁၀၀ ခန့် စီးနင်းလိုက်ပါနိုင်သည့် ပြည်တွင်း လေကြောင်းလိုင်းမှ လေယာဉ်များသာ ဆိုက်ရောက်လျက်ရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်အများအပြား စိတ်ဝင် တစား လာရောက်လေ့လာကြသည့် မြို့တမြို့ဖြစ်သည့် ပုဂံတွင် လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းသည် ခရီးသွားကဏ္ဍတိုးတက်ရန် အထောက်အကူ ဖြစ်စေသည့် ရည်ရွယ်ချက်လည်း ပါရှိကြောင်း ဝန်ကြီးဦးမြတ်သူက ပြောသည်။

သို့ရာတွင် ပုဂံညောင်ဦးလေဆိပ်သည် ရှေးဟောင်း ဘုရားများစွာ ရှိသော ပုဂံမြို့ဟောင်းနှင့် ၆ မိုင် ကျော် ကွာဝေးသဖြင့် လေဆိပ်အဆင့်မြှင့်တင်ပြီးပါက ခရီးသည်တင် လေယာဉ်ကြီးများ ဆင်းသက် လျှင် တုန်ခါမှု၊ ဆူညံသံများ ကြောင့် ပုဂံဒေသရှိ ဘုရားစေတီများအား ထိခိုက် နိုင်မည်ဟု ရှေးဟောင်း သုတေသန ပညာရှင်များ အပါအဝင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ယင်းစီမံကိန်းအပေါ် ထောက်ပြထားကြသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က “Airbus လို လေယာဉ်အကြီးကြီးတွေ ဆင်းမယ်ဆိုရင်တော့ တုန်ခါမှု ကြောင့် ရှေးဟောင်း နယ်မြေကို ထိခိုက် စေနိုင် တယ်။ ဒါပေမဲ့ ဘယ်လိုပုံစံမျိုး လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို အခုထိအသေးစိတ် မသိရသေးတော့ ဌာနအနေနဲ့ အကြံပြု တင်ပြတာမျိုးမရှိသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။

သမ္မတ ဦးသိန်းစိန် လက်ထက်က ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးအတွက် ပြင်ဆင်မှုနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှု့ခဲ့ရာ လေယာဉ်ကြီးများ ဆင်းသက်လျှင် တုန်ခါမှုကြောင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကို ထိခိုက်မှု ရှိမရှိ မေးမြန်းစုံစမ်းခဲ့သည်။

ယူနက်စကိုယဉ်ကျေးမှုဌာနမှ စီမံကိန်းအရာရှိဒေါ်ဥမ္မာမျိုးက “လေယာဉ်ကွင်းအဆင့်မြှင့်လိုက်လို့ ပုဂံ ဒေသ ထိခိုက်မှု ရှိနိုင်လား၊ မရှိဘူးလား ဆိုတာ သေချာဆာဗေး လုပ်ပြီး ထိခိုက်မှုရှိရင် လျှော့ချ နိုင်တဲ့ နည်းတွေကို ရှာဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးအတွက်ဆိုပေမဲ့ ဘက်စုံထောင့်စုံ ကနေစဉ်းစားသင့်ပါ တယ်။ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါမယ်။ ဒါပေမဲ့ လက်ရှိ ပုဂံညောင်ဦး လေဆိပ်က Maximum use ကိုရောက်နေပါပြီ။ ဒီထက်တော့ ထပ်မလုပ် သင့်ဘူး လို့ မြင်ပါတယ်။” ဟု ဧရာဝတီကိုပြောသည်။

ရှေးဟောင်း အမွေအနှစ်နှင့် ဖွံ့ဖြိုးရေးခေါင်းစဉ်နှစ်ခုအကြား စိန်ခေါ်မှုများရှိလာနိုင်သည့် ပုဂံညောင်ဦး လေဆိပ်ကို အဆင့်မြှင့်တင်ခြင်းထက် ပုဂံနှင့် ၂၃ မိုင်ခန့်ကွာဝေးသည့် ပခုက္ကူလေယာဉ်ကွင်းအား အဆင့်မြှင့်တင်ခြင်းက ပို၍ သင့်တော်မည်ဟု ၎င်းကအကြံပြုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံဒေသကို ယူနက်စကို (United Nations Educational, Scientific and Cultural Organization) ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရန် အဆို ပြုလွှာတင်စဉ်က ပုဂံ – ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်မည့် စီမံကိန်း အကြောင်း မပါဝင်ခဲ့သလို၊ ယင်းစီမံကိန်း နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက တစုံတရာ အကြောင်း ကြားခြင်းမျိုးလည်း ယနေ့ထိမရှိသေးကြောင်း ယူနက်စကိုမှ သိရသည်။

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အသင်း၏ အတွင်းရေးမှူး ဦးသူရအောင်ကလည်း “ဒေသဖွံ့ဖြိုး စေချင်လို့ လုပ်တာ မှန်ပေမဲ့ ရှေးဟောင်းဇုန်နဲ့ ဝေးတဲ့နေရာမှာ လုပ်သင့်တယ်။ ခုလို လေဆိပ်တိုးချဲ့ တာတွေ၊ လူလုပ်ကုန်းတွေ လုပ်နေ တာတွေက ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့တောင် မသေချာ တော့ဘူး။ ပုဂံမှာ အမွေအနှစ်တွေမရှိရင် ဘာစီးပွားရေးမှလည်း မဖြစ်တော့ဘူးလေ” ဟု ဧရာဝတီကို ပြောသည်။

ထို့အပြင် ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ရန် စာရင်း တင်သွင်း ထား ချိန်ဖြစ်ပြီး ၎င်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ယူနက်စကို၏ သတ်မှတ် စည်းမျဉ်း များအား လိုက်နာမည်ဆို သည့် ကတိကဝတ်ပြုပြီးဖြစ်ရာ ယခုစီမံကိန်းသည် မြန်မာနိုင်ငံ အနေဖြင့် ပေးထား သည့် ကတိကဝတ် အပေါ် ဖောက် ဖျက်ရာကျသည့် ပုံစံရှိကြောင်း ၎င်းက ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာရှိသည့် ပုဂံညောင်ဦးရှိ လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း ထက် ပုဂံနှင့် မနီးမဝေးရှိ ပခုက္ကူလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းသည် ပိုမိုသင့်လျော်လိမ့်မည်ဟု ပြီးခဲ့သည့် လပိုင်းက ယင်းကိစ္စနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်အများစုအပါအဝင် ယူနက်စကိုမှ ပြည်ပပညာရှင် များက အကြံပြုခဲ့ ကြကြောင်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန အသင်းမှ သိရသည်။

ပုဂံညောင်ဦး လေဆိပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဂျပန်အစိုးရက ဂျပန်ယန်း ၄.၈ ဘီလျံခန့် ထောက်ပံ့ မည်ဖြစ်ပြီး လေဆိပ်ပြေးလမ်းချဲ့ခြင်း၊ လေဆိပ် အဆောက်အဦ အဆင့်မြှင့်တင်ခြင်း၊ လေဆိပ်ရှိ အခြေခံ အဆောက်အဦများ မြှင့် တင်ခြင်းတို့ ပါဝင်ကြောင်း ပြည်ထောင်စု ပို့ဆောင်ဆက် သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းလေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိ တဦးက ပြီးခဲ့သည့် လဆန်းက မြန်မာတိုင်းမ်သတင်းစာသို့ ဖြေကြားထားသည်။

Your Thoughts …
Tags: ညောင်ဦး လေဆိပ်ပုဂံယူနက်စကို
မြတ်ပြည့်ဖြိုး

မြတ်ပြည့်ဖြိုး

ဧရာဝတီ

Similar Picks:

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

ပုဂံမှာ ဘာတွေ ဖြစ်နေလဲ

by ဧရာဝတီ
1 October 2024
5.1k

ပထဝီအနေအထားအရ အနောက်တောင် မုတ်သုန်လေနှင့် ပါလာသော မိုးကို ရခိုင်ရိုးမက ကာဆီးထားသဖြင့် မိုးရိပ်ကျ သည့် Rain Shadow Area ခြောက်သွေ့ရပ်ဝန်း ပုဂံဒေသသည် ယခင်က မိုးနည်းခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ကာလများ ကမူ မိုးသည်းထန်မှု...

လူထုသင်္ကြန် ပြန်လာမယ်

လူထုသင်္ကြန် ပြန်လာမယ်

by ဇေယျ (အညာ)
16 April 2024
4.3k

မြန်မာသင်္ကြန်ဆိုတာ အစိုးရသင်္ကြန် မဟုတ်ပါဘူး။ လူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ လူထုသင်္ကြန်ပါ။

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

by ဧရာဝတီ
27 November 2023
3.6k

လတ်တလော၌ တိုက်ပွဲများ ပြင်းထန်လာခြင်း၊ စစ်ရေးအရှိန် မြင့်လာခြင်းတို့ကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ပြောသည်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

စစ်ကိုင်းမြို့

စစ်ကိုင်းမြို့

by ဧရာဝတီ
20 April 2025
1.6k

မူလ အမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းလို့ ပြောင်းလဲ ခေါ်တွင် ခဲ့တယ် လို့လည်း…

Next Post
"Along With The Gods 2" မှာ ပါဝင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်များ

ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ စံချိန်တင်နေတဲ့ “Along With The Gods 2” ရုပ်ရှင်

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းမိခဲ့တဲ့ ကမ္ဘာကျော်များ

မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းမိခဲ့တဲ့ ကမ္ဘာကျော် Celebrity များ

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate