• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒလစက်မှုဇုန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

by နန်းလွင်
15 August 2018
in သတင်း
A A
ဒလစက်မှုဇုန်နှင့်ပတ်သက် MOU အား သြဂုတ်လ ၁၁ ရက်နေ့က နှစ်ဘက်ရေးထိုးခဲ့ကြသည်။ / Yangon Region Government

ဒလစက်မှုဇုန်နှင့်ပတ်သက် MOU အား သြဂုတ်လ ၁၁ ရက်နေ့က နှစ်ဘက်ရေးထိုးခဲ့ကြသည်။ / Yangon Region Government

16.1k
VIEWS
Share on FacebookShare on Twitter

ဒလစက်မှုဇုန် စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာတစောင်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် တောင်ကိုရီးယားအခြေစိုက် မြန်မာကုမ္ပဏီ ဝူရီးတို့အကြား သြဂုတ်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးလိုက်သည်။

ထိုစီမံကိန်းကို ရန်ကုန်ရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်တခု၏ ရန်ကုန်မြစ် အနောက်ဖက်ကမ်းရှိ ရန်ကုန်-ဒလ တံတား စီမံကိန်း အနီးတွင် အကောင်အထည်ဖေါ်မည်၏ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အဆိုအရသိရသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
31
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
301

ဒလ စက်မှုဇုန်စီမံကိန်းနှင့် ကုန်ကျစရိတ်အသေးစိတ်များကို တိုင်းအစိုးရက ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ တံတားစီမံကိန်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရန်ကုန်တိုင်းစီပွားရေးကို အထောက်အကူပြုမည်ဟု တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

စက်မှုဇုန် စီမံကိန်းသည် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်သော ရန်ကုန်-ဒလ တံတားစီမံကိန်း၏ တစိတ် တပိုင်း ဖြစ်သည်။ တံတားစီမံကိန်းကို ယခုနှစ်စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

ရန်ကုန်-ဒလ တံတားစီမံကိန်း သဘောတူညီချက်ကို ယခင်သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ်က ပြုလုပ်ခဲ့ခြင်းပြီး တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈ သန်းအပြင် မြန်မာအစိုးရက လည်း အမေရိကန်ဒေါ်လာ ၃၀.၃ သန်းကျခံမည်ဟု သဘောတူထားသည်။ ထိုတံတားသည် ရန်ကုန်မြို့လည်မှ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်မှ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် အကောင် အထည် ဖေါ်ရန် တိုင်းဒေသကြီး အစိုးရက မကြာသေးမီက ကျင်းပခဲ့သော ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် အဆိုပြုခဲ့ သော်လည်း ထိုအဆိုပြုချက်တွင် အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိသောကြောင့် အတည်ပြုခြင်းမရှိခဲ့ပေ။

ဒလမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တဦး၏ အဆိုအရ ဒလမြို့နယ်သည် အထက်ပါစီမံကိန်းကို အကောင်အထည်ဖေါ်မည့် မြို့နယ် ၁၁ မြို့နယ်တွင် ပါဝင်သည်ဟု သိရသည်။

ဒလမြို့နယ်မှ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးထွန်းရင် က “လာမယ့် လွှတ်တော်အစည်း အဝေးကျရင်တော့ တိုင်းအစိုးရက ဒီနားလည်မှု စာချွန်လွှာနဲ့ အသေးစိတ်တွေကို တင်ပြမယ်ထင်တယ်” ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“လွှတ်တော်ရဲ့ အတည်ပြုချက်ယူဖို့လိုတယ်။ ကျနော်တို့သဘောမတူရင် သူတို့ ဒီစီမံကိန်းကို အကောင်အထည် ဖေါ်လို့မရဘူး” ဟုလည်း သူက ဆက်ပြောသည်။

စီမံကိန်း အကောင်အထည်ဖေါ်မည့် နေရာသည် လူနေရပ်ကွက်နှင့် စပါးခင်းများအပါအဝင် မြေပိုင်ဆိုင်မှု အမျိုးမျိုး ရှိနေသောကြောင့် မြေပိုင်ရှင်များကို အထက်ပါ ကုမ္ပဏီက မည်သို့လျှော်ကြေးပေးမည်ကို လွှတ်တော်က စစ်ဆေးရမည် ဖြစ်သည်။ စီမံကိန်း၏ အလားအလာရှိသော အကျိုးအမြတ်နှင့် စိန်ခေါ်မှုများကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက်မှသာ စီမံကိန်းကို လွှတ်တော်က အတည်ပြုနိုင်မည်ဖြစ်သည်ဟု ဦးထွန်းရင်ကပြောသည်။

တံတားစီမံကိန်း မပြီးမီ စက်မှုဇုန် စီမံကိန်းကို စတင်မည်ဟု ခန့်မှန်းထားပြီး မြေဧက ၁၅၀၀ ခန့်လိုမည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ခန့်မှန်းသည်။

ဦးထွန်းရင် က “ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်ရင် ကျနော်တို့က ဒီစီမံကိန်းကို ကန့်ကွက်မှာ မဟုတ်ဘူး” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ တရားဝင် ဖေ့ဘွတ်စာမျက်နှာတွင် ဖေါ်ပြချက်အရ ပြည်ထောင်စု ဝန်ကြီးဦးသန်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရ အရာရှိများ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်သည် ရန်ကုန်တိုင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ်များ အနက်တခုဖြစ်ပြီး လတ်တလောတွင် ရေကြောင်းခရီးနဲ့ဖြတ်သန်းသွားလာနိုင်သည်။

မလှမ်းမကမ်းတွင်ရှိသော ရန်ကုန်မြို့လည်နဲ့မတူဘဲ ဒလတွင် သစ်သားငါးဖမ်းလှေများ၊ အိမ်ငယ်များနှင့် ကျူးကျော်တဲများသာ ပြည့်နေသည်။ နွေရာသီတွင် ရေရှားလေ့ရှိပြီး လူအများအပြားမှာ သန့်ရှင်းသောရေ သုံးစွဲနိုင်ခြင်းမရှိကြပေ။

ဒေသခံများသည် ရန်ကုန်မြို့ထဲသို့ လာရန် သဗ္ပာန်ငယ်များ အသုံးပြုရသောကြောင့် မိုးတွင်းတွင် သွားလာရေးခက်ခဲပြီး နှစ်စဉ် ရေယာဉ် မတော်တဆမှုများကြောင့် လူသေဆုံးမှုများရှိသည်။ ထိုသို့မတော်မဆမှုများကို ရှောင်ရှားနိုင်ရန် တံတားစီမံကိန်း အမြန်အကောင် အထည်ဖေါ်ရေး အတွက် ရန်ကုန်တိုင်းရှိ ဒလ၊ ကော့မှူး ၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းမှ ပြည်သူ ၁၀၀၀ ခန့်တို့သည် လွန်ခဲ့သောဇွန်လက ဆန္ဒထုတ်ဖေါ်ခဲ့သည်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော MoU for Dala Industrial Development Project Signed အား ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ဒလစက်မှုဇုန်
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
SSPP နှင့် TNLA တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာတွင် အတူတွေ့ရစဉ်  / ကျော်ခ / ဧရာဝတီ

ရှမ်းမြောက်တွင် တိုက်ပွဲ ဖြစ်ပွား၍ ဒေသခံ ၄၀၀ ဝန်းကျင် တိမ်းရှောင်ရ

ဦးကျော်နေဝင်းတို့ဘက်မှ အမှုကျေအေးရန် ကတိပျက်ကွက်ကြောင်း ထိုးကြိတ်ခံ ယာဉ်မောင်းပြော (ရုပ်/သံ)

ဦးကျော်နေဝင်းတို့ဘက်မှ အမှုကျေအေးရန် ကတိပျက်ကွက်ကြောင်း ထိုးကြိတ်ခံ ယာဉ်မောင်းပြော (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate