• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းမြောက်တွင် တိုက်ပွဲ ဖြစ်ပွား၍ ဒေသခံ ၄၀၀ ဝန်းကျင် တိမ်းရှောင်ရ

by ချစ်မင်းထွန်း
15 August 2018
in သတင်း
A A
SSPP နှင့် TNLA တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာတွင် အတူတွေ့ရစဉ်  / ကျော်ခ / ဧရာဝတီ

SSPP နှင့် TNLA တပ်ဖွဲ့ဝင်များကို ရှေ့တန်းတနေရာတွင် အတူတွေ့ရစဉ် / ကျော်ခ / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး RCSS/SSA နှင့် TNLA – SSPP ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေ၍ ဒေသခံ ၄၀၀ ဝန်းကျင် တိမ်းရှောင် ကြရကြောင်း သိရသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) ပူးပေါင်းတပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ နယ် ပန်လုံ ကျေးရွာအနီး သြဂုတ် ၁၃ ရက်မှစတင်၍ ယနေ့ နံနက်အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း တိုက်ပွဲရှောင်များ ကို အကူအညီ ပေးနေသော ပရဟိတ အဖွဲ့များက ပြောသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
9
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
549
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
81

တိုက်ပွဲကြောင့် ပန်လုံကျေးရွာမှ ဒေသခံ ၄၀၀ ဝန်းကျင် နမ္မတူမြို့နယ်နှင့် သီပေါမြို့နယ်အတွင်းသို့ တိမ်းရှောင် နေကြ ရပြီး နမ္မတူမြို့နယ် မန်စံကျေးရွာ အတွင်းတွင်လည်း စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။

သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက “အကူအညီတောင်းတော့ ကျနော်တို့ မနေ့က ညတွင်းချင်း မန်လီ ရွာ ကို ရွှေ့ပေးလိုက်တယ်။ ရွှေ့ပေးပြီးတော့ ဒီမနက်မှာလည်း သေနတ်သံတွေ ထပ်ကြားတဲ့ အတွက်ကြောင့် ပန်လုံ ရွာ မှာ ကျန်နေတဲ့ လူတွေကလည်း စိုးရိမ်တာနဲ့ ထပ်ထွက် လာတာပေါ့။ ကျနော်တို့ကို လှမ်းအကူအညီ တောင်းတော့ ကျနော်တို့လည်း သူတို့ကို သီပေါမြို့ ဘိုးတော်ကျောင်းတိုက်ကို ပို့ပေးလိုက်တာ။ သေနတ်ပစ်နေတာ ပန်လုံကျေးရွာ အနီးအနား ပတ်ဝန်းကျင်မှာပဲ”ဟု ပြောပြသည်။

လက်ရှိတွင် ပန်လုံကျေးရွာမှ ဒေသခံ ၄၀၀ ဝန်းကျင်အနက် ၃၀၀ ကျော်သည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် ခိုလှုံ နေ ပြီး ၆၃ ဦးမှာ သီပေါမြို့ ဘိုးတော်ကျောင်းတိုက်တွင် ခိုလှုံနေကြရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပရဟိတ အဖွဲ့များက ကူညီစောင့်ရှောက် ပေးထားကြောင်းလည်း ၎င်းက ပြောသည်။

ကျောက်မဲမြို့မှ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်း ကတော့ နမ္မတူမြို့နယ် မန်လီ ကျေးရွာတွင် တိုက်ပွဲရှောင် ၄၀၀၊ ပန်သပြေမှာ ၁၀၀၊ သီပေါမြို့နယ် ဘိုးတော်ကျောင်းတိုက်မှာ ၆၅ ဦး စသည်တို့ ခိုလှုံ နေကြ ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် တင်ထားသည်။

ကိုမျိုးက “အခု လောလောဆယ်ကတော့ သီပေါမြို့ပေါ်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ ဘိုးတော် ကျောင်း တိုက်မှာ ထားပေးတယ်၊ စားရေရိက္ခာကို သူတို့ လုပ်ပေးနေတာပေါ့။ နမ္မတူမြို့နယ်ထဲမှာ မနေ့ညက ရွှေ့ ပေး ထားတဲ့ စစ်ရှောင်တွေကိုကျတော့ ကျနော်တို့ ပရဟိတ အဖွဲ့တွေကနေ ဆောင်ရွက်ပေးနေပါတယ်”ဟု ပြောပြသည်။

ပန်လုံကျေးရွာတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် TNLA ဘက်မှ SSPP လည်း ပါဝင် တိုက်ခိုက်ပေးနေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း ဧရာဝတီသို့ ပြောသည်။

“ဟုတ်တယ်၊ အဓိက တမြန်မနေ့(သြဂုတ် ၁၃ ရက်)က ဖြစ်တာ။ ဒီနေ့တော့ သတင်းမရသေးဘူး။ SSPP ပါတယ်။ ကျနော်တို့ TNLA နဲ့ SSPP ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာပေါ့။ အဓိကတော့ RCSS က ဝင်လာလို့ ဖြစ်တာပေါ့။ အရင်က ဒီနေရာမှာ သူတို့မရှိဘူး၊ NCA ထိုးပြီးနောက်ပိုင်း ကျနော်တို့ဆီ ဝင်လာတယ်။ အဲဒါကြောင့်မလို့ တိုက်ပွဲစဖြစ်တာ”ဟု လည်း ၎င်းက ပြောဆိုသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး RCSS/SSA ထံ ဆက်သွယ် သော်လည်း ဖုန်း ပိတ်ထားသည့်အတွက် တစုံတရာ မသိရပေ။

သို့သော် RCSS ၏ တရားဝင် သတင်းဌာနဖြစ်သော Tai Freedom မှာတော့ RCSS လှုပ်ရှားတပ်အား TNLA ဦးဆောင် သည့် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ဆင်ရေး စစ်ကြောင်း ၃ ကြောင်းဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်ဟု သြဂုတ် ၁၄ ရက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း နမ္မတူမြို့နယ် ပန်ကွတ်ကျေးရွာနှင့် ပန်ဆော ကျေးရွာကြား RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသေးသည်။

ယခု ရာသီသည် ဒေသခံ တောင်သူများ တောင်ယာ စိုက်ပျိုးချိန် ဖြစ်သည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပါက တောင်သူများ စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်သည်ဟု ဒေသတွင်း လူမှုအဖွဲ့အစည်းများက ပြောသည်။

တိုက်ပွဲရှောင်များကို ကူညီပေးနေသူ ကိုမျိုးက“ကျနော်တို့ အနေနဲ့ကတော့ အေးအေးချမ်းချမ်းနဲ့ကိုယ့်ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ တောင်ယာကို လုပ်ကိုင် စားသောက်စေချင်တယ်။ တောင်ယာစိုက်ချိန် စိုက်ပျိုး ရာသီချိန် ဆိုတော့ သူတို့အလုပ်အကိုင်တွေလည်း အခက်အခဲတွေ ဖြစ်မယ်။ သီးနှံပေါ်ချိန် ကျရင်လည်း သီးနှံတွေ အခက်အခဲ တွေ ဖြစ်မယ်”ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဇူလိုင်လက RCSS နှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားမှု ၇ ကြိမ် ဖြစ်ပွား ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သြဂုတ် ၅ ရက်က ထုတ်ပြန်ထားသည်။

RCSS နှင့် TNLA ကြား တိုက်ပွဲသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကနေ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွား လာခဲ့ရာ ယနေ့အထိ မကြာခဏ ဖြစ်ပွားနေခြင်း ဖြစ်သည်။

TNLA နှင့် RCSS ကြား ဖြစ်ပွားသော တိုက်ပွဲတွင် SSPP ပါဝင်လာခြင်းကြောင့် ရှမ်းလက်နက်ကိုင် အဖွဲ့ချင်း တိုက်ပွဲ များ ဖြစ်ပွားလာသည့်အတွက် ၂၀၁၈ ခုနှစ် သြဂုတ် ၁၁ ရက်က တောင်ကြီးမြို့တွင် ရှမ်းပြည် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSJAC)၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် SSPP နှင့် RCSS ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေး သည်။

TNLA နှင့် SSPP သည် NCA မထိုးရသေးသည့် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ မြောက်ပိုင်း တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်သည်။

RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

Your Thoughts …
Tags: RCSS/SSA နှင့် TNLA – SSPP တိုက်ပွဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဦးကျော်နေဝင်းတို့ဘက်မှ အမှုကျေအေးရန် ကတိပျက်ကွက်ကြောင်း ထိုးကြိတ်ခံ ယာဉ်မောင်းပြော (ရုပ်/သံ)

ဦးကျော်နေဝင်းတို့ဘက်မှ အမှုကျေအေးရန် ကတိပျက်ကွက်ကြောင်း ထိုးကြိတ်ခံ ယာဉ်မောင်းပြော (ရုပ်/သံ)

"Canton Paradise" မှ ဟောင်ကောင်- တရုတ် အစားအစာများ  / ယုဖြူဟန် / ဧရာဝတီ

ဟောင်ကောင်စတိုင် အစားအသောက်များကို စားသုံးနိုင်မယ့် "Canton Paradise"

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate