သတင်း

"သတ်ပစ်မယ်လို့ ပြောတာကို ညီမ ရှေ့နေကြားတယ်၊ ညီမကိုယ်တိုင် ကြားတယ်"

Want create site? Find Free WordPress Themes and plugins.

အဆိုတော် အစ္စဏီကို မုဒိမ်းမှု အပါအဝင် ဥပဒေ ပုဒ်မ ၃ ခုဖြင့်တရားစွဲဆိုထားတဲ့ မော်ဒယ် စူးရှထက်က အဆိုတော် ယုန်လေး၊ အဆိုတော် အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးနဲ့ အစ်ကိုဖြစ်သူ ကိုကျော်စွာတို့ကို အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။

“အာရုံနောက်လို့ ဘေးထွက်နေတာ ကိုယ့်အလုပ်နဲ့ ကိုယ်တောင် မအားဘူး။ အခုကျမှ တရားစွဲတယ်တဲ့။ ဘာကြောင့်လဲ၊ ဘာကိုလဲ။ ဒီအမှုမှာ ငါကမင်းတို့ကို စေတနာနဲ့ ဝင်ကူညီတာ။ အစ္စဏီကတော့ ဘယ်သိမလဲ။ အစ္စဏီဘက်ကလည်း အားရှိအောင် ဆွဲမထည့်ပါနဲ့။ စူးရှထက်ဘက်ကလည်း အမှုပိုရှုပ်ပြီး အချိန်ကြာချင်ရင် တခြား အကြောင်းအရာနဲ့စွဲပါ။ ငါ့ကို ဆွဲမထည့်ပါနဲ့။ တကယ်ဆိုရင် ခွင့်မလွတ်ဘူးနော်” လို့ ယုန်လေးက သူ့ Facebook ကနေတဆင့် စူးရှထက်ကို ပြောထားပါတယ်။

အမှုနဲ့ ပတ်သက်ပြီး အဆိုတော် ယုန်လေးက ကြားဝင်ညှိနှိုင်းပေးခဲ့တာတွေရှိခဲ့ပြီး လွန်ခဲ့တဲ့ ၂ လခန့်က ရုံးချိန်းကို သွားရောက်ကာ ကူညီခဲ့ဖူးပြီး စူးရှထက်နဲ့လည်း တရားရုံးမှာ တွေ့ဆုံခဲ့တာ တွေရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုင်ကြားတာနဲ့ ပတ်သက်ပြီး အဆိုတော် ယုန်လေး စာတင်ပြီး မကြာခင်မှာပဲ စူးရှထက်မှ သူမရဲ့ Facebook စာမျက်နှာကနေ Live လွှင့်ကာ တိုင်ထားရတဲ့ အကြောင်းကို အခုလို ပြောခဲ့ပါတယ်။

“ညီမက ကိုယုန်လေးကို တရားစွဲဆိုထားတယ်ဆိုတဲ့ Status တင်ထားတယ်။ ညီမက ဘယ်တရားရုံးမှာ တရားစွဲထားလဲဆိုတာ သိပါရစေ။ ပြီးတော့ ကိုအစ္စဏီအမှုကို ညီမ ရုံးချိန်းတက်တယ်။ အဲ့ဒီအချိန်မှာ ညှိလို့ရရင်ရ၊ မရရင် သတ်ပစ်မယ်ဆိုတာ တယောက် ကြားရုံတင် မဟုတ်ဘူး။ ၂ ယောက် ကြားရုံတင် မဟုတ်ဘူး။ တရားရုံးထဲက လူတွေ အကုန် ကြားတယ်”

“ညီမနေရာမှာ ကိုယုန်လေးရဲ့ ညီမဆိုရင်ရော ငြိမ်ခံနေမလား။ ပြီးတော့ အထဲမှာ အမှုစစ်ပြီး ထွက်လာတော့လည်း ဟဲ့ငါပြောတာ ကြားလားဆိုပြီး ထပ်ပြောတယ်။ သတ်ပစ်မယ်လို့ ပြောတာကို ညီမ ရှေ့နေကြားတယ်၊ ညီမကိုယ်တိုင် ကြားတယ်။ တရားရုံးက လူတွေ ကြားတယ်။ အသိသက်သေ လိုရင် ခေါ်လာခဲ့ဦးမယ်။ အဲဒီလို ခြိမ်းခြောက်တာကို တိုင်ပိုင်ခွင့် မရှိဘူးလား” လို့ စူးရှထက်က ပြန်လည် ပြောဆိုထားပါတယ်။

စူးရှထက်ရဲ့ တိုင်ကြားခြင်း ခံထားရသူ နောက်တဦးဖြစ်တဲ့ အစ္စဏီရဲ့ အစ်ကို ကိုကျော်စွာကလည်း “ဟုတ်တယ်။ ကျနော်ရယ်၊ ယုန်လေးရယ်၊ အစ္စဏီရဲ့ ရှေ့နေ ကိုကျော်ဇင်ဦးရယ်ကို ထပ်ပြီး တိုင်ကြားထားပါတယ်။ ဘာလို့တိုင်တာလဲဆိုတော့ တရားစွဲလို့မရလို့ပေါ့ဗျာ။ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့ ဘာမှဖြစ်လာစရာ မရှိဘူး”လို့ ပြောပါတယ်။

လက်ရှိ တရားရင်ဆိုင်နေရတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကတော့ သြဂုတ်လ ၁၃ ရက်နေ့မှာ ၁၂ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး အစ္စဏီဘက်မှ သက်သေအဖြစ် တင်သွင်းထားတဲ့ ဗီဒီယိုဖိုင်ကို တရားလိုဘက်မှ ပယ်ဖျက်ပေးရန် တိုင်းတရားရုံးသို့ တင်ထားတဲ့အတွက် အမှုဆက်လက် မစစ်ဆေးနိုင်သေးပါဘူး။

ဆက်စပ် သတင်းလင့်ခ်များ အဆိုတော်အစ္စဏီအမှု ဆက်လက်မစစ်ဆေးနိုင်ဘဲ ကြန့်ကြာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading