သတင်း

အိမ်အကူပွဲစား ဒေါ်ညို၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးအား ခြိမ်းခြောက်ငွေတောင်းယူမှုဖြင့် တရားစွဲဆိုခံထားရသော အိမ်အကူပွဲစားဒေါ်ညို၏ အာမခံ လျှောက်ထားမှုကို သဃန်းကျွန်းမြို့နယ် တရားရုံးက သြဂုတ်လ ၁၅ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်ကြောင်း သိရသည်။

ယနေ့ ရမန်ယူခြင်း အပါအဝင် သုံးကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှုတွင် အာမခံလျှောက်ထားသူ၏ ခံဝန်လူများမခိုင်လုံခြင်း၊ ၎င်းသည် ရေနံချောင်းမြို့တွင် နေထိုင်သူဖြစ်နေခြင်း တို့ကြောင့် အာမခံမပေးရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ညိုအတွက် လိုက်ပါ ဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်တင်က “ဒီနေ့ကသူ့ (ဒေါ်ညို) အတွက် အာမခံလျှောက်ပေးတာ။ ပုဒ်မ ၃၈၉ အရ။ တရားရုံးရဲ့ ဆင်ခြင်တုံတရားက အာမခံခွင့်မပြုဘူးဆိုတော့ ရုံးရဲ့သဘောပေါ့ဗျာ။ ကျန်တဲ့အပိုင်းတော့ ဆက်လုပ်စရာရှိတာ လုပ်သွားရမှာပေါ့” ဟု ဆိုသည်။

ယနေ့ရုံးထုတ်တွင် ဒေါ်ညိုနှင့် ဒေါ်ခင်မာမြင့်ကို ရဲများက ထီးများဖြင့် ကွယ်၍ ခေါ်ထုတ်လာခဲ့သည်။ /ထက်ဝေ၊ ဧရာဝတီ

သရုပ်ဆောင် သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လီဆယ်တိုင်တန်းခဲ့သည့် အိမ်အကူဒေါ်ခင်မာမြင့် (ခ) ခင် မာညိုနှင့် အိမ်အကူပွဲစား ဒေါ်ညိုတို့ကို သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးဖြစ်သူဒေါ်ဇင်မာဦးက တရားလိုပြုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၉ ဖြင့် ပြန်လည် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ပုဒ်မ ၃၈၉ အရ မည်သူမဆိုခြောက်လှန့် တောင်းယူမှုကို ကျူးလွန်ရန် တဦးတယောက်အား သေဒဏ်၊ တသက်တကျွန်းဒဏ်၊ ၁၀ နှစ်ထိ ထောင်ဒဏ်တခုခု ထိုက်သော ပြစ်မှုမျိုးကျူးလွန်ကြောင်းနှင့် သို့တည်းမဟုတ် ကျူးလွန်ရန် အားထုတ်ကြောင်း စွပ်စွဲမည်ဟု ကြောက်အောင် ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် ထိုသူကိုဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ယနေ့ရုံးထုတ်တွင် ဒေါ်ညိုနှင့် ဒေါ်ခင်မာမြင့်ကို ရဲများက ထီးများဖြင့် ကွယ်၍ ခေါ်ထုတ်လာခဲ့သည်။ /ထက်ဝေ၊ ဧရာဝတီ

အိမ်အကူ ဒေါ်ခင်မာမြင့် (ခ) ခင်မာညိုနှင့် အိမ်အကူပွဲစားဒေါ်ညိုတို့၏ နောက်တပတ် ရုံးချိန်းကိုသြဂုတ်လ ၂၉ ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

ဖြစ်စဉ်မှာပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ညပိုင်းတွင် အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့် (၄၀)နှစ်က သရုပ်ဆောင် သီဟတင်စိုးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဟုဆိုကာ သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့သည်။

ရဲတပ်ဖွဲ့ကရဲလုပ်ငန်းစဉ်များ အတိုင်း စစ်ဆေးဆောင်ရွက်ခဲ့ရာ တရားလိုဒေါ်ခင်မာမြင့်သည် လီဆယ်တိုင်တန်းခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရန် အိမ်အကူပွဲစား ဒေါ်ညိုက သင်ကြားပေးသဖြင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း တိုင်းရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ယနေ့ရုံးထုတ်တွင် ဒေါ်ညိုနှင့် ဒေါ်ခင်မာမြင့်ကို ရဲများက ထီးများဖြင့် ကွယ်၍ ခေါ်ထုတ်လာခဲ့သည်။ /ထက်ဝေ၊ ဧရာဝတီ

အိမ်အကူဒေါ်ခင်မာမြင့်က သီဟတင်စိုးကို အဓမ္မပြုကျင့်သည်ဟုဆိုကာ လီဆယ်တိုင်တန်းထားမှုကို အမှုပိတ်သိမ်းနိုင်ရန် ရဲလုပ်ထုံး လုပ်နည်းနှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ ရဲတပ်ဖွဲ့ကလည်း စခန်းတွင် လီဆယ်တိုင်တန်းသည့် ဒေါ်ခင်မာမြင့်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ပုဒ်မ ၂၁၁ အရ မှန်သောသို့တည်းမဟုတ် ဥပဒေနှင့်ညီသော အကြောင်း ယုတ္တိမရှိဟု သိလျက်နှင့် မည်သူမဆို တဦးတယောက်သော သူကို နစ်နာစေရန်အကြံဖြင့် ထိုသူအပေါ်၌ ရာဇဝတ်မှုစွဲဆိုလျှင် သို့တည်းမဟုတ် စွဲဆိုစေလျှင် သို့ တည်းမဟုတ် ထိုသူအပေါ်တွင် ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲလျှင် ထိုသူကို ၂ နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ထိုသို့ ရာဇဝတ်မှု စွဲဆိုခြင်းသည် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၇ နှစ် သို့တည်းမဟုတ် ၇ နှစ် ထက် ပိုသော ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်သည်ဟု မမှန်စွပ်စွဲ၍ စွဲဆိုခြင်းဖြစ်လျှင် စွဲသူကို ၇ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းသိရသည်။

ဆက်စပ်ဖတ်ရှုရန် – ဒေါ်ခင်မာမြင့်နှင့်အတူ ကျရှုံးခြင်း

Did you find apk for android? You can find new Free Android Games and apps.
Loading